အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မှုး +မှူး)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-နှုတ်ထွက် +နုတ်ထွက်, -ရုတ်သိမ်း +ရုပ်သိမ်း)
စာကြောင်း ၄၀ -
ထိုင်နယ်စပ်တွင် ပိုပေါ့သည် အဖွဲ့အစည်းသုံးခု ပေါင်း၍ ဒီမိုကရက်တစ် ကမ်ပူးချား ညွန့်ပေါင်းအစိုးရ (CGDK) ဟု ဖွဲ့သည်။ အမျိူးသား ဒီမိုကရက်တစ် ကမ်ပူးချားတပ် ကိုလည်း ဖွဲ့စည်းပြန်သည်။ ထိုနောက်မှ အုပ်ချုပ်ရန်အတွက် ကမ်ပူးချားကွန်မြူနစ်ပါတီကိုလည်း ထူထောင်ပြန်သည်။
 
ဖနွမ်မာလီဒေသတွင် အခြေစိုက်ပြီး လှုပ်ရှားနေကြစဉ် ၁၉၈၅ခုနှစ် ဒီဇင်ဘာအရောက်တွင် ဗီယက်နမ်တပ်များ၏ ထိုးစစ်ကိုရင်ဆိုင်ရကာ မရှုမလှရှုံးနှိမ့်ခဲ့ကြသည်။ ထိုနောက် ပိုပေါ့လည်း ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရင်း ခြောက်နှစ်မျှ သတင်းများပျောက်ဆုံးနေသည်။ ကွန်မြူနစ်ပါတီမှ နှုတ်ထွက်၍နုတ်ထွက်၍ လက်ရုံးဖြစ်သူ ဆွန်ဆန် အား အာဏာများ တဖြည်းဖြည်းခြင်း လွဲပြောင်းပေးခဲ့သော်လည်း ထိုင်းအထူးတပ်ဖွဲ့ အမှတ်(၈၃၈)မှ တာဝန်ယူစောင့်ရှောက်ပေး ထားသည်ဟုဆိုကြသည်။ ခမာနိုင်ငံရေးသမားများက သူ့အား တစ်ချိန်တစ်ခါက ကျူးလွန်ခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့်ပက်သက်၍ ဝန်ခံပြီးလက်နက်ချလျှင် ခွင့်လွှတ်ပေးမည်ဟု ဆိုသော်လည်း ငြင်းဆန်ခဲ့သည်။ ဆွန်ဆန်မှာ မိသားစုဝင် ၁၁ ယောက်လုံး ပစ်သတ်ခံထားရသူဟုဆိုကြသည်။ ပိုပေါ့ကလည်း ထိုအမိန့်ကို သူမပေးခဲ့ဟု ငြင်းဆန်သည်။
 
၁၉၈၆တွင် ဗီယက်နမ်တပ်များ ကမ္ဘောဒီးယားမှ ရုတ်သိမ်းသွားသည့်အချိန်တွင်ရုပ်သိမ်းသွားသည့်အချိန်တွင် ပိုပေါ့သည် ထိုင်းနှင့် နယ်စပ်ကမ္ဘောဒီးယားဖက်ရှိသူ၏ တပ်စခန်းတို့တွင် တလှည့်စီနေထိုင်သည်။ လက်နက်ချရေး၊ ငြိမ်းချမ်းရေးတို့ကို လက်မခံဘဲ လက်ရှိအစိုးရကို ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်ရန်၊ တော်လှန်ရန် ကြိုးစားနေခဲ့သေးသည်။ သို့သော်၁၉၉၅တွင် ပိုပေါ့လေဖြတ်ပြီး ခန္ဓာကိုယ်ဘယ်ဘက်ခြမ်း လှုပ်ရှားမရဖြစ်သွားပြီးနောက် ၁၉၉၆တွင် ခမာနီတပ်များ တဖြည်းဖြည်း အားနည်ချိနဲ့လာသည်။ ခေါင်းဆောင်အများစုမှာလည်း မဖြစ်နိုင်တော့သည့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်ကာ ဘက်ပြောင်းကြသည်။ အစိုးရအနေဖြင့်လည်း ခမာနီတစ်ဖွဲ့လုံးနှင့် ညှိနှိုင်းမရသဖြင့် တစ်ယောက်ချင်းကို ဖဲ့ထုတ်သည့် ဗျူဟာဖြင့် အနိုင်ယူခြင်းဖြစ်သည်။
 
ပိုပေါ့၏လက်ရုံး ဆွန်ဆန်ကို ၁၉၉၇တွင် သူ့ရာထူးအား အပြည့်အဝဆက်ခံရန် တာဝန်ပေးလိုက်ရသည်။ ထိုနောက် မြောက်ပိုင်းရှိ သူ့အမာခံဒေသတို့ ထွက်ပြေးခဲ့သော်လည်း ခမာနီတပ်မှ အရာရှိတစ်ဦးဖြစ်သူ တာမော့ခ်က သူ့ကို အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားလိုက်သည်။ လေဖြတ်သည့် ဒဏ်ကြောင့်လည်း တစ်ကိုယ်တည်းလွတ်လပ်စွာ သွားလာနိုင်ခြင်းမရှိတော့ပေ။ ဘေးမှ အခြားသူများ တွဲခေါ်မှသာလျှင် သွားလာနိုင်တော့သည့် အခြေအနေသို့လည်း ရောက်နေပြီဖြစ်သည်။