မန်ရှူးကျမ်း: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သြ +ဩ)
စာကြောင်း ၂၁ -
ဘုရင်မင်း၏ နန်းတော်ရှေ့တွင် ရုပ်ပွါးတော်တစ်ဆူ ရှိ၏။ လဟာပြင်တွင်တင်ပျဉ်ခွေ ထိုင်တော်မူသည်။ ဉာဏ်တော် ပေပေါင်း တစ်ရာကျော်ရှိ၏။ ဆီနှင်းခဲနှင့် ဆီးနှင်းကဲ့သို့ ဖြူဆွတ်နေသည်။
 
သူတို့ဓလေ့အရ ဟိရိသြတပ္ပဟိရိဩတပ္ပ တရားကို အလေးထား၏။ စိတ်နေသဘောထားကောင်းမွန်၍ စကားနည်းသူ ဖြစ်သည်။ ဗုဒ္ဓဘာသာ တရားတော်ကို အလေးအမြတ် ခံယူကြ၏။ မြို့တွင်း၌ သတ်ဖြတ်မှု မရှိချေ။ ဗေဒင်နက္ခတ်ပညာလိုက်စားသူ များစွာ ရှိသည်။
 
တရားရင်ဆိုင်လာသော် ဘုရင်မင်းက နှစ်ဦးနှစ်ဘက်အား ရုပ်ပွါးတော်ရှေ့မှောက်၌ အမွှေးအကြိုင်ကို ရှိစေပြီး၊ အမှားအမှန်ကို စဉ်းစားဆင်ခြင်စေ၏။ ထို့နောက် နှစ်ဦးနှစ်ဘက် နောက်ဆုတ်သွားတော့သည်။
စာကြောင်း ၄၆ -
 
====နန်စောမင်း ကော်လော်ဖဲင့် ပျူတို့အားတိုက်ခိုက်ခဲ့ခြင်း====
“ကော်လော်ဖဲင့်က ထိုနိုင်ငံသို့ ခရီးပေါက်အောင် ဆောင်ရွက်ခဲ့သည်” ဟူသောစကားရပ်သည် ခရစ်နှစ် ၇၆၂ ခုနှစ် ဆောင်းဥတုကာလနှင့် ၇၆၃ ခုနှစ် နွေဦးကာလအတွင်း နန်စောမင်းကိုယ်တိုင် စစ်တပ်ဖွဲ့ကို ဦးဆောင်လျက် အနောက်တစ်ခွင်သို့ စစ်ခင်းခဲ့ခြင်းကို ဆိုလို၏။ ကော်လော်ဖဲင့်၏ စစ်ဆင်မှုကြောင့် ဧရာဝတီမြစ်ညာတစ်လျှောက် နန်စောပိုင်နက် ဖြစ်လာတော့သည်။ နန်စော၏ သြဇာအာဏာသည်ဩဇာအာဏာသည် ပျူတို့ဒေသသို့ ထိုးဖောက်ဝင်ရောက်လာသဖြင့် ပျူနိုင်ငံသည် နန်စော၏ လက်အောက်ခံနယ် ဖြစ်လာပါတော့သည်။
 
နန်စောတပ်ဖွဲ့သည် ခရစ်နှစ် ၈၃၂ ခုနှစ်တွင် သရေခေတ္တရာသို့ ချင်းနင်းဝင်ရောက် လုယက်ဖျက်ဆီးခဲ့ကြောင်း မန်ရှုကျမ်းမှာ ဖော်ပြထားသည်။ ဤအချက်ကို ပုဂ္ဂလိကမှတ်တမ်းမှတ်ရာမှ ဖန်ချော ရယူခြင်း ဖြစ်တန်ရာသည်။ နန်စောတပ်ဖွဲ့သည် ပျူသုံးထောင်ကို ဖမ်းပြီး ယူနန်နယ် အရှေ့ပိုင်းရှိ ကျယ့်တုန်း ယခု ယူနန်နယ်မြို့တော် ခွန်းမင်(င်) မှာ နေရာချထားသည်။ ထန်မင်းဆက် သမိုင်းဟောင်း နှင့် ထန်မင်းဆက်အုပ်ချုပ်ပုံ စာတမ်းမှာ ခရစ်နှစ် ၈၃၂ ခုနှစ် အရေးအခင်းအကြောင်းကို မပါရှိချေ။ ထန်မင်းဆက် သမိုင်းသစ် မှာ အကျဉ်းအားဖြင့် ဖော်ပြထားသော်လည်း မန်ရှုကျမ်းမှတစ်ဆင့် ကူးယူထားခြင်း ဖြစ်ပေလိမ့်မည်။ ထိုစဉ်ထိုအခါက နန်စောမင်းသည် ချွမ့်ဖဲင့်ယို ဖြစ်သည်။