မျောက်ဝံ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-စီစစ် +စိစစ်)
စာကြောင်း ၂၁ -
ယူဆသည့်အတိုင်းလည်း ''မတ်မတ်မျောက်ဝံ - လူ'' ဟု အမည်ပေးတော့၏။ သို့သော်လည်းခေါင်းခွံကိုပြန်၍ ဆက်စပ်ကြည့်ခြင်းအားဖြင့် ယင်းအတွင်း၌ရှိသော ဦးနှောက်သည် မျောက်ဝံမျိုးတို့အတွက် အလွန် ကြီးနေကြောင်းကိုတွေ့ရလေသည်။
 
ထို့ကြောင့် ထိုကျောက်ဖြစ်ရုပ်ကြွင်းသည် ရှေးအကျဆုံးဖြစ်သည့် စပ်ကြားသတ္တဝါ၏ ရုပ်ကြွင်းမဟုတ်ဘဲ ရှေးအကျဆုံးလူ၏ရုပ်ကြွင်းသာလျှင် ဖြစ်သည်ဟု သိပ္ပံပညာရှင်တို့က စီစစ်ဝေဖန်လျက်စိစစ်ဝေဖန်လျက် အတည်ပြုယူဆကြလေသည်။
 
မျောက်ဝံမျိုးသည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကိုသာ အမြောက်အမြား စားသောက်ကြသည်။ မျောက်ဝံမျိုးတွင်ဂေါ်ရီးလားမျောက်ဝံသည် လူလောက်နီးပါး ကြီး၍ ပို၍ လေးသည်။ ကိုယ်အလေးချိန် ပေါင် ၄ဝဝ မှ ၄၅ဝ ခန့် အထိ ကြီးမားသောဂေါ်ရီးလားများ ရှိခဲ့ဘူးသည်။ မျောက်ဝံမျိုးသည် လေးဖက်သွားရာ၌လည်းကောင်း၊ သစ်ပင်တက်ရာ၌လည်းကောင်း အလွန်ကျင်လျင်ပြီးလျှင် လူကဲ့သို့ မတ်တတ်ရပ်၍ လမ်းလျှောက်နိုင်ကြ၏။ မျောက်မှာကဲ့သို့ အမြီးမရှိ၊ ပါးစပ်အိတ်မရှိချေ။