ပုပ္ပါးတောင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ုု +ု)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၆ -
ဤယုံကြည်ချက်သည် မြန်မာတို့ တတ္ထဒေသ၌ အရိမဒ္ဒနပူရ (ရန်မျိုးနှိမ်မြို့) မင်းနေပြည်တော်ကြီးကို တည်ထောင် နိုင်သောကာလထိ ဆင်းသက်ပါရှိလာခဲ့ဟန် ရှိပါသည်။ ရာဇဝင်ဆရာတို့အဆိုအရ ပုဂံမင်းတို့ ပုပ္ပားတောင်ကို တလေးတစားပြုနေကြသည်မှာ ပုပ္ပားတောင်၏ အစဉ်အလာ ကြီးခဲ့မှုကြောင့်သာ ဖြစ်ခဲ့ပါသည်။ နတ်တောင်ဟူ၍ အထင်အရှားဖြစ်ရန် နတ်တပါးကို နေရာချထားပေးမှဖြစ်မည်ဟု သဘောပေါက်လာသောအခါ မဟာဂီရိ (တောင်ကြီး) ဟူသော ပါဠိဝေါဟာရဖြင့် ခေါ်ဆိုခဲ့သော ထီးထီးမားမား တခုတည်းသာရှိသည့် (ပုပ္ပား) တောင်ကြီးကို နတ်နေအဖြစ် ပြောင်းလိုက်ခြင်းဖြင့် လွယ်ကူစွာ ပြီးမြောက်သွားခဲ့လေတော့သည်။ သို့သော် တကောင်းမှ ပန်းပဲမောင်တင့်တယ် ကိုကား ပုဂံသို့ ရောက်ရှိလာအောင်ဇာတ်လမ်းဖော်ရဦးမည် ဖြစ်သတည်း။
 
== ရာဇဝင် ဒဏ္ဍာရီထဲက ပုပ္ပားပုပ္ပါး ==
မြို့ပြနိုင်ငံများ စတင်ထွန်းကားစပြုချိန် [[ပျူခေတ်]]က ပုပ္ပားတောင်သည် မည်သို့သော အခြေအနေတွင်ရှိကြောင်း ပြောရန်ခက်ပါသည်။ အကြောင်းမှာ ထိုပေါ်ထွန်းလာခဲ့သော ရှေးဟောင်းမြို့ပြ နိုင်ငံများသည် ပုပ္ပားတောင်နှင့် အတန်ငယ် အလှမ်းဝေးကွာသောကြောင့် ထိုအချိန်ကသမိုင်းတွင် ပုပ္ပားတောင်သည် တိမ်မြုပ်လျက် ရှိနေသကဲ့သို့ ဖြစ်ပါသည်။ ထို့ကြောင့် ပျူခေတ်တွင် ယင်းအကြောင်းကို ခန့်မှန်းပြောဆိုရန် ခက်ခဲပါသည်။ သို့သော် ပုဂံခေတ် တွင်မူ အလွန်အရေးပါလာခဲ့ကြောင်း မြန်မာရာဇဝင်ကျမ်းများတွင် အထင်အရှား တွေ့ရှိနေရပေသည်။ ရှေးဟောင်း မြန်မာရာဇဝင်ကျမ်းများ အဆိုအမိန့်အရ ပုပ္ပားနှင့် ပတ်သက်၍ ပုဂံခေတ်တွင် ထင်ရှားသော အချက်သုံးရပ်ကို သတိထားမိပေသည်။ ယင်းတို့မှာ
(၁) ပျူမင်းထီးလက်ထက်မှစ၍ ပုဂံမင်းများ နှစ်စဉ်ပုပ္ပားတောင်တက်ပွဲ ကျင်းပခဲ့ခြင်း၊