သိုဟန်ဘွား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါး +ဓား)
စာကြောင်း ၁၉ -
အေဒီ-၁၅၄၁ ခုနှစ်တွင် တပင်ရွှေထီး ကြည်းတပ်ရေတပ် အလုံးအရင်းဖြင့် ပြည်ကို ချီတက်တိုက်ခိုက်တော် မူပြန်သည်။ ပြည်ကို ဝိုင်းရံတိုက်ခိုက်စဉ် အင်းဝဘုရင် သိုဟန်ဘွား၊ အုန်းဘောင်ခွန်မှိုင်း၊ မိုးမိတ်သိုချည်ဘွား၊ မိုးညှင်းစလုံငယ်တို့သည် ပြည်ဘုရင်ကိုကူညီရန်အတွက် ပြည်သို့ဆင်းလာစဉ် ကျော်ထင်နော်ရထာတို့က လမ်းတွင်ဆီးကြိုတိုက်ခိုက်သဖြင့် ရှမ်းစော်ဘွားတပ်များ ပျက်၍ အင်းဝသို့ ဆုတ်ခွာကြရလေသည်။ ရှမ်းမင်း သိုဟန်ဘွားနှင့် အပေါင်းအပါစော်ဘွားများသည် တောင်ငူကို ချီတက်လုပ်ကြံရန် ကြံစည်ကြသေးသည်။ သို့ရာတွင်မအောင်မြင်ဘဲ မင်းတရားရွှေထီးသာ ပြည်ကိုသိမ်းနိုင်ခဲ့သည်။
 
သိုဟန်ဘွားသည် ရတနာသုံးပါးကို မရိုမသေရုံမက စေတီပုထိုးများကိုလည်း ဘုရားမဟုတ် မြန်မာတို့ ဥစ္စာရွှေငွေထားရာ ဌာနများဖြစ်သည်ဟုဆိုကာ ဖောက်၍ ယူလေသည်။ အရိယာ သံဃာတော်များအားလည်း သားမယားမရှိဘဲလျက် တပည့်တပန်းထား၍ ပုန်ကန် သောင်းကျန်းရန် အခြွေအရံ မွေးသည်ဟုဆိုကာ ၉ဝ၁(အေဒီ ၁၅၄၂) ခုနှစ်တွင် တောင်ဘီလူးလယ်ပြင်၌ မဏ္ဍပ် အဆောင်အယောင် ဆောက်လုပ်စေပြီးလျှင် ကျွဲနွားဝက်ကြက်သတ်စေ၍ ဆွမ်းလုပ်ကျွေးမည်အဟန်နှင့် စစ်ကိုင်း၊ ပင်းယ၊ အင်းဝနှင့် အနီးဝန်းကျင်မှ သံဃာတော်တို့အား ပင့်ပြီးနောက် မဏ္ဍပ်တို့ကို ဆင်မြင်းဗိုလ်ပါ ဝန်းရံ၍ သတ်လေသည်။ ၃၆ဝ ကျော်သေလေသောဟူ၏။ ယင်းတို့အနက်ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ၊ ကျမ်းဂန်ကျနတော်မူသော အရိယာသံဃာတော် သုံးကျိပ်ကျော်ပါလေသည်။ သိုဟန်ဘွားလည်း သံဃာတော်တို့အား သတ်ပြီးလျှင် ကျောင်းကန်ဘုရားတို့၌ရှိသော စာပေကျမ်းဂန်တို့ကိုယူ၍ မီးတိုက်၏။ သာသနာတော်ကို ယင်းသို့ဖျက်ဆီးရုံမျှမက လူတို့အားလည်း ညှဉ်းပန်းလွန်းလှသည်။ မြန်မာမှူးမတ်များအားလည်း ရှမ်းမှူးမတ်များက စော်ကားဖန်များလှသဖြင့် မြန်မာတို့သည် သည်းမခံနိုင်ဖြစ်ကာ မင်းကြီးရန်နောင်နှင့် တိုင်ပင်၍ အညီအညွတ်ပြုကြသည်။ သက္ကရာဇ် ၉ဝ၄ ခုနှစ် ကဆုန်လတွင် ရှမ်းမင်း သိုဟန်ဘွားအား ယာယီပြုသင့်သည်ဟု ပညာရှိတို့လျှောက်၍ မနော်ရမ္မာဥယျာဉ်၌ ယာယီနန်း ဆောက်ကာ မြန်မာတို့ ကိုယ့်နေရာကိုယ် အမှတ်အသားပြု၍ စွဲသည့်ဓါးကိုစွဲသည့်ဓားကို မြုပ်ထားကြသည်။ ရှမ်းတို့အား မူယာယီနန်းထွက်ကြိုက် လက်နက်မပါ အယဉ်အကျေးလိုက်၍ နေရသည်ဆိုကာ လက်နက်မပါဘဲ ခစားစေသည်။ ယာယီတဲနန်းသို့ သိုဟန်ဘွားထွက်၍ စံစဉ် ရွှေနန်းကြော့ရှင်၏ ဓားအစွမ်းကို ရောက်အောင် မင်းကြီးရန်နောင်က စကားသွယ်၍ ပြောကာ ထိုဓားကိုပြဟန်နှင့် သိုဟန်ဘွားအား ခုတ်လိုက်ရာ သိုဟန်ဘွားကျသည့်နေရာတွင် ကျသည့်အပြင် မှီထားသောဝါးပိုးတိုင်နှင့် ကြမ်းငါးချောင်း ပြတ်သောဟူ၏။ မြန်မာအမတ်တို့သည်လည်း ရှမ်းအမတ်တို့အား ခုတ်ကြရာ အများအပြား သေကြကုန်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>
 
သိုဟန်ဘွားအား လုပ်ကြံပြီးနောက် မင်းကြီးရန်နောင်အား အင်းဝနန်းကို စိုးစံရန် ဝိုင်းဝန်းလျှောက်ထားသော်လည်း လက်မခံပေ။ [[အုန်းဘောင်ခုံမှိုင်း|အုန်းဘောင်စော်ဘွား ခုံမှိုင်း]]အား အင်းဝထီးနန်းကို သိမ်းပိုက်ရန် ပင့်ဖိတ်စေပြီး တစ်နှစ်အကြာတွင် ဒုလ္ဘမဲပေါက်သဖြင့် ရဟန်းဝတ်ဖြင့် တောထွက်သွားခဲ့သည်။