ခြေဆယ်ချောင်းသတ္တဝါ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ချက်ခြင်း +ချက်ချင်း)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါး +ဓား)
စာကြောင်း ၂၂ -
အချို့သော ကဏန်းမျိုးတို့သည် မျိုးခြား သတ္တဝါတစ်ဦးနှင့် အတူတကွ နေထိုင်လေ့ရှိသည်။ လူသိအများဆုံးအမျိုးမှာ ယောက်သွားခုံး၏ အခွံကြားထဲ၌ ဝင်ရောက်နေထိုင်ခြင်းဖြင့် ရန်သူ့ဘေးမှ အကာအကွယ် ရယူသည်၊ ခုံးကောင်ကို အန္တရာယ်ဖြစ်စေမည့် သတ္တဝါများကိုတဖန် အဆိုပါ ကဏန်းက ကာကွယ် ပေးသည်။ အချို့ကဏန်းမျိုးမှာ သန္တာကောင်အုပ်စုတွင် ဝင်ရောက်နေထိုင်၏။ ပင့်ကူကဏန်းကြီးမျိုးကမူ မိမိတို့၏ ကိုယ်ပေါ်တွင် ရေညှိ ရေမြှုပ် စသည်တို့ပေါက်ရောက်နေရန် တမင်ကြံဆောင် ပြုလုပ်ပြီးလျှင် မိမိနဂိုရုပ် မပေါ်အောင် ရုပ်ဖျက်ထားတတ်ကြသည်။ ဝင်ကစွပ်ကောင် (ဖင်နီဖင်စွပ်) ခေါ် ကဏန်းမျိုးတမျိုးမှာ ငယ်ရွယ်စဉ်က အခြားကဏန်းများ နည်းတူ ကြီးပြင်းလာသော်လည်း နောင်သော် ခရုခွံလွတ်များကို တစ်ခုပြီးတစ်ခု စမ်းသပ်ပြီးနောက် မိမိကိုယ်နှင့် အံကိုက်သည့် အခွံကို တွေ့သောအခါ ကိုယ်နောက်ပိုင်းကို ထိုးသွင်း၍နေထိုင်လေ့ရှိသည်။ ထိုသို့ ကိုယ်တစ်ပိုင်းကို အခွံထဲသို့ ထိုးသွင်းနေထိုင်သည့်အလျောက် ကြာသော် ကဏန်း၏ ဝမ်းပိုက်မှာ ပျော့ပျောင်းနူးညံ့လာကာ အခွံနှင့် အလိုက်သင့် ဝက်အူရစ်ပုံ ဖြစ်သွားလေသည်။
 
ကုန်းပေါ်တွင် လှည့်လည်ကျက်စားလေ့ရှိသော ကုန်းကဏန်းမျိုးကို ပူအိုက်သော ဒေသတွင် တွေ့ရတတ်သည်။ ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းကျွန်းများတွင် ထူးဆန်းသော ကဏန်း တစ်မျိုးရှိသည်။ ယင်းမှာ ဓါးပြဓားပြ ကဏန်း သို့မဟုတ် အုန်းကဏန်းဟု ခေါ်သော ကဏန်းမျိုးဖြစ်၏။ အုန်းကဏန်း တို့သည် အုန်းသီးကို စားသောက် ၍ အုန်းပင်အတက်လည်း အလွန် ကျမ်းကျင်သည်။ အနောက်အိန္ဒိယကျွန်းစုတွင် ပင်လယ်မှ ၃ မိုင်ခန့် ဝေးသောအရပ်၌ နေထိုင်သည့် ကဏန်းတစ်မျိုးမှာ နှစ်စဉ်နှစ်တိုင်း နွေကူးဥတု ရောက်လာသောအခါ ဥအုရန်အတွက် အုပ်စုဖွဲ့၍ ပင်လယ်သို့ ထွက်လေ့ရှိကြသည်။ ထိုအချိန်တွင် အထီးများက ရှေ့ဆောင်လာသော ကဏန်းအုပ်ကြီးမှာ တစ်ခါတစ်ရံ ပေ ၁၂ဝ မျှ ကျယ်၍ အလျားတမိုင်ခန့် ရှည်လျားသည်ဆို၏။ ယင်းတို့ ချီတက်ရာလမ်းတွင် လျိုမြောင်ချောက် ကမ်းပါး အိမ်ယာစသော အဆီးအတားများ ရှိစေကာမူ ဂရုမစိုက်ဘဲ လိုရာခရီး အရောက် ဖြစ်မြောက်အောင် သွားတတ်သည်ဟု သိရ၏။
 
ပုဇွန်၊ ကဏန်းစသည်တို့မှာ 'ကရပ်စတေးစီး'ခေါ် မျိုးပေါင်းတွင် ပါဝင်သည်။ မျိုးခွဲပေါင်း ၅၀,၀၀၀ ခန့်ရှိသည်။ ထိုမျိုးပေါင်းတွင် အခွံမာ ဖုံးကာ အဆစ်ပါသော ခြေလက်များပါရှိသည့် ကျောရိုးမဲ့သတ္တဝါများ ပါဝင်ပြီးလျှင် ယင်းတို့သည် များသော အားဖြင့် ရေသတ္တဝါများဖြစ်၍ ပါးဟက်များဖြင့် အသက်ရှူကြသည်။