ဆယ်လီနာ ဂိုမက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ုု +ု, -ဥက္ကဌ +ဥက္ကဋ္ဌ, -၄င်း +၎င်း)
စာကြောင်း ၄၁ -
၂၀၀၉ ခုနှစ်၊ ဇွန်လတွင် ထုတ်လွှင့်သော ''မင်းသမီးကာကွယ်ရေးအစီအစဉ်'' (Princess Protecting Program) ဇာတ်ကားတွင် ဒမ်မီ လိုဗာတို နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့ရာ ပရိသတ် (၈.၃) သန်းကျော် ကြည့်ရှုကြသည်။ အဆိုပါရုပ်ရှင်အတွက် ဆယ်လီနာနှင့် ဒမ်မီတို့ ''တစ်သားတည်းအတူတူ'' (One and the Same) အမည်ရသီချင်းကို အသံသွင်းခဲ့သေးသည်။ အဆိုပါကာလတွင်ပင် ''အာသာနှင့် မဲလတာဇာ့၏ကလဲ့စား'' (Arthur and the Revenge of Maltazard) ကာတွန်းကားတွင် အသံဖြင့် သရုပ်ဆောင်သည်။
 
ဩဂုတ်လတွင် ဆယ်လီနာပါဝင်သည့် ''ဝီဗလီမှ မှော်ပညာရှင်များ'' (Wizards of Waverly Place: The Movie) ဇာတ်ကား ထွက်လာသည်။ ယခင်ဇာတ်လမ်းတွဲကို ကျောရိုးယူ ရိုက်ကူးထားရာ ပရိသတ် (၁၁.၄) သန်းကျော် စောင့်ကြည့်အားပေးခံရသည်။ ''အထက်တန်း တေးရုပ်ရှင် ၂'' (High School Musical 2) နောက်ပိုင်း ဒစ္စနေ၏ ဒုတိယလူကြည့်အများဆုံးရုပ်ရှင် ဖြစ်သွားသည်။ ၄င်းဇာတ်ကားမှာ၎င်းဇာတ်ကားမှာ (၆၂) ကြိမ်မြောက် [[အမ်မီ ဆုပေးပွဲ]] (Emmy Awards) တွင်လည်း '''ကလေးကြိုက်ဇာတ်ကားဆု''' ရသည်။
 
၂၀၀၈ ခုနှစ်တွင် ဟောလိဝုဒ်တေးသံသွင်း (Hollywood Records) နှင့် စာချုပ်ချုပ်ရာ ၂၀၀၉ ခုနှစ်၊ ဩဂုတ်လတွင် '''ဆယ်လီနာ ဂိုမက်နှင့် မြင်ကွင်း''' (Selena Gomez & The Scene) အမည်ရှိ ဂီတဝိုင်းနှင့် ပွဲဦးထွက် သီချင်းခွေ ''နမ်းပြီးပြော'' (Kiss & Tell) ထွက်လာသည်။ အဆိုပါခွေမှာ ဘီလဘုတ် (Billboards) တွင် နံပါတ် (၉) ချိတ်ခဲ့ပြီး ပထမပတ်၌ပင် (၆) သောင်းကျော် ရောင်းချရသည်။ ပထမဆုံးထွက်ရှိသည့် ''ပြုတ်ကျခြင်း'' (Falling Down) သီချင်းမှာ အောင်မြင်မှုနည်းသော်လည်း ဒုတိယမြောက်ဖြစ်သော ''သဘာဝအတိုင်း'' (Naturally) မှာမူ ဒစ္စနေ၏ ရောင်းအားမြှင့်လုပ်ဆောင်ချက်များကြောင့် လူသိများသွားသည်။
စာကြောင်း ၅၅ -
အဲ့ဒီနှစ်ထဲမှာတင် Selena Gomez & the Scene ဟာ သူတို့အဖွဲ့ရဲ့ တတိယမြောက် နောက်ဆုံး အယ်လဘမ်ကို ထုတ်ဝေခဲ့ပါတယ် ။
 
၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၄ ရက်မှာတော့ Selena နဲ့ Adrenalina brand တို့ သဘောတူညီချက် စာချုပ်တစ်ခုကို လက်မှတ်ထိုးလိုက်ကြကြောင်း ကြေငြာချက်တစ်ခု ထွက်လာပါတယ် ။ Adrenalina ဆိုတာက Adventure-themed lifestyle အမှတ်တံဆိပ်(brand) တစ်ခုဖြစ်ပြီး Selena ရဲ့ ကိုယ်ပိုင် ရနံ့ရေမွှေးကို ထုတ်လုပ် ဖြန့်ချိဖို့ အတွက် ပူးပေါင်းလိုက်ကြတာပါ ။ Adrenalina ရဲ့ ဥက္ကဌဥက္ကဋ္ဌ လဲ ဖြစ်သလို C.E.O လဲဖြစ်တဲ့ Ilia Lekach က ' Ms. Gomez နဲ့ အတူ အလုပ်တွဲလုပ်ရတဲ့ အပေါ် ကျွန်တော်တို့ အလွန် စိတ်ဝင်စားမှုရှိပါတယ် ။ ရေမွှေးရနံ့နဲ့ ပက်သတ်တဲ့ အချက်အလက်တွေကိုလဲ ဖြန့်ချိမဲ့ရက်နဲ့ နီးကပ်လာတာနဲ့ အမျှ ထုတ်ပြောတော့မှာ ဖြစ်ပါတယ် ' လို့ ပြောခဲ့ပါတယ် ။
 
 
စာကြောင်း ၁၁၆ -
 
Sel က ဟာသရုပ်ရှင် ' Neighbors 2: Sorority Rasing ' မှာလဲ ဇာတ်ပို့ နေရာက ပါဝင်ခဲ့ပါတယ် ။
ဒီဇာတ်ကားမှာတော့ Sel က Phi Lambda က တက္ကသိုလ်ကျောင်းသူများရဲ့ လူမှုရေး အဖွဲ့ ဥက္ကဌဥက္ကဋ္ဌ အဖြစ် သရုပ်ဆောင်ထားတာပါ ။
 
ဒီအတောအတွင်းမှာ သူမနဲ့ Charlie Puth ရဲ့ သီချင်း ' we don't talk anymore' ကလဲ Chart အချို့ရဲ့ Top Ten List ကို ဝင်ရောက်စ ပြုနေပြီ ဖြစ်နေပါတယ် ။
စာကြောင်း ၁၈၂ -
Sel က Hotel Transylvania 3 ရုပ်ရှင်ရဲ့ Mavis ကာရိုက်အတွက် အသံသွင်းမှုတွေလဲ ထပ်မံပြုလုပ်ခဲ့ပါတယ် ။ ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်ရဲ့ ဇူလိုင်လမှာ ထွက်ရှိခဲ့တာပါ ။
 
ဇူလိုင်လ ၁၃ ရက်နေ့ ၂၀၁၈ မှာတော့ လော့စ်အိန်ဂျလိစ် က အစိုးရရှေ့နေများက နယူးဂျာစီ အမျိုုးသမီးတစ်ဦးကိုအမျိုးသမီးတစ်ဦးကို ထိန်းသိမ်း အရေးယူလိုက်ကြောင်း ကြေငြာပါတယ် ။
ဒီအမျိုးသမီးက Selena ပိုင်ဆိုင်တဲ့ Email acc တွေကို Hack ပြီး Sel ရဲ့ Instagram acc မှာလဲ ပုံတွေ ဝင်တင်ခဲ့တာကြောင့်ဖြစ်ပါတယ် ။