အင်းစိန်မြို့နယ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂ -
 
'''အင်းစိန်မြို့နယ်''' သည် [[ရန်ကုန်]]မြို့၏ အနောက်မြောက်အရပ်တွင် တည်ရှိပြီး [[ကိုလိုနီခေတ်|အင်္ဂလိပ် အစိုးရ]]တည်ဆောက်ခဲ့သော မြန်မာနိုင်ငံ၏ နာမည်ကျော်''[[အင်းစိန်ထောင်]]''တည်ရှိသည်။ [[ဗိုလ်ချုပ်ကြီး ခင်ညွန့်]]တည်ထားခဲ့သော မြန်မာနိုင်ငံ၏ ဉာဏ်တော် အကြီးဆုံး စကျင်ကျောက် ဆင်းတုတော် ''ကျောက်တော်ကြီးဘုရား'' (''လောကချမ်းသာ အဘယ လာဘမုနိ'')တည်ရှိသည်။ မြန်မာအစိုးရကို ဆန့်ကျင်သော ကရင်တော်လှန်ရေး စတင်ချိန်က ၁၉၄၉ ခု ဇန္နဝါရီလ ၃၁ ရက်နေ့တွင် ကေအန်ဒီအို အဖွဲ့၏ သိမ်းယူမှုခံခဲ့ရဖူးသည်။ ထို့အပြင် အင်းစိန်ဟူသောစကားသည် မွန်ဘာသာမှ ဆင်းသက်လာပြီး ဆင်ရေချိုးရာအင်းဟုခေါ်ဆိုကြောင်းသိရသည်။
 
အင်းစိန်မြို့နယ် အတွင်းတွင် နေရာဒေသများကို ကုန်းအနေဖြင့် ခေါ်ဆိုလေ့ ရှိကြသည်။ ထင်ရှားသော ကုန်းကြီး ၉ ခုမှာ ဒညင်းကုန်း၊ ဘိုကုန်း၊ တောင်သူကုန်း၊ ရှမ်းကုန်း၊ ဈေးကုန်း၊ ဇီးအုံ့ကုန်း၊ နံ့သာကုန်း၊စော်ဘွားကြီးကုန်း နှင့် ကြို့ကုန်းတို့ ဖြစ်သည်။ ကုန်းအမည်ဖြင့် ထည့်သွင်း ခေါ်ဆိုမထားသော ရွာမအရှေ့၊ ရွာမအနောက်၊ အောင်ဆန်းနှင့် ဖော့ကန်စသည့် ရပ်ကွက် အမည်များလည်း ရှိသည်။
 
အခြေခံပညာ အထက်တန်းကျောင်း ၅ ကျောင်း ရှိသည်။ အောင်ဆန်း စက်မှု လက်မှု အထက်တန်းကျောင်းနှင့် အင်းစိန် ဂျီတီအိုင်တို့လည်း အင်းစိန် မြို့နယ်တွင် တည်ရှိကြသည်။
 
{{ရန်ကုန်မြို့နယ်များ}}