မက်ဆီမီလျံ ရောဘတ်စပျဲ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥ် +ဉ်)
စာကြောင်း ၂ -
 
 
သူ့ကို ပြင်သစ် နိုင်ငံ အာရားမြို့၌ ၁၇၅၈ ခုနှစ် မေလ ၆ ရက်နေ့တွင် ဖွား မြင်ခဲ့၏။ ပါရစ်မြို့တွင် ဥပဒေပညာသင် ကျောင်းသားအဖြစ် ဖြင့်၎င်း၊ ရှေ့နေအဖြစ်ဖြင့်၎င်း နေထိုင်ခဲ့စဥ်နေထိုင်ခဲ့စဉ် သူ၏စွမ်းရည်နှင့် ကြိုးပမ်းမှုတို့ကြောင့် လူသိများခဲ့သည်။ ထိုနောက် သူသည် ဇာတိစြဖ်သော အာရားမြို့သို့ ပြန်သွားပြီးသော် ရှေ့နေလိုက်ကာ အသက် မွေးနေထိုင်ခဲ့သည်။ မကြာမီ ကျွမ်းကျင်သော ရှေ့နေ တစ်ဦးအဖြစ်၎င်း၊ ရိုးသားလှသူတစ်ဦး အဖြစ်၎င်း နာမည် ကျော်ကြားလာခဲ့၏။
 
ရောဘတ်စပျဲသည် ၁၇၈၉ ခုနှစ်မှ ၁၇၉၁ ခုနှစ်အထိ အမျိုးသားလွှတ်တော်သို့ အားရားနယ် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ရသည်။ လွှတ်တော်အတွင်း ဒီမိုကရေစီအခွင့်အရေးများကို ကာကွယ်ပြောဆိုခဲ့ရာတွင် သူ့ကို ပါရစ်မြို့၌ လူသိများလာလေသည်။ ထိုမျှမကသေး ဂျက္ကဗင်း တော်လှန်ရေး ဂိုဏ်းဝင်များ၏ ထောက်ခံမှုကိုလည်း ရရှိခဲ့၏။ မကြာမီ သူ၏ရိုးသားလှသည်ဟူသော နာမည်ကောင်းကြောင့် ဂျက္ကဗင်းဂိုဏ်း၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ၁၆ ဆက်မြောက် လူဝီ ဘုရင် အသတ်ခံရသည်မှာ သူဦးစီးသော တော်လှန်ရေးသမားများ၏ ပယောဂကြောင့်ပင် ဖြစ်သည်။ ပြင်သစ်နိုင်ငံအတွက် အခြေခံဥပဒေသစ် ရေးဆွဲရန် ဖိတ်ခေါ်ခဲ့သော အမျိုးသား ကွန်ဗင်းရှင်း လွှတ်တော်တွင် သူခေါင်းဆောင်သော [[ဂျက္ကဗင်း]] တော်လှန်ရေးဂိုဏ်းသည် အင်အားအကြီးဆုံး ဖြစ်လေသည်။