မြန်မာကျပ်ငွေ: တည်းဖြတ်မှု မူကွဲများ

2602:306:CCC9:6030:8546:B970:6011:18CD (ဆွေးနွေး) ၏ တည်းဖြတ်မူ 437194 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
→‎ဗြိတိသျှခေတ်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၃၆ -
 
=== ဗြိတိသျှခေတ် ===
ခရစ်နှစ် ၁၈၈၅-ခုနှစ်တွင် မြန်မာနို်င်ငံကိုမြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့များ သိမ်းပိုက်ခဲ့ပြီး ငွေကြေးအဖြစ် အိန္ဒိယငွေဒင်္ဂါးများကို သွင်းယူလာခဲ့သည်။ မင်းတုန်းမင်း ထုတ်ဝေခဲ့သည့် မြန်မာ့ဒင်္ဂါးများနှင့် အိန္ဒိယဒင်္ဂါး နှစ်မျိုးလုံးကိုပင် မြန်မာနိုင်ငံတွင် တရားဝင်လက်ခံသုံးစွဲကြသည်။ ခရစ်နှစ် ၁၈၉၇-ခုနှစ်တွင် မြန်မာနိုင်ငံအား အိန္ဒိယအင်ပါယာ၏ ပြည်နယ်တခုအဖြစ် အဆင့်သတ်မှတ်ခဲ့သည်။ အိန္ဒိယအစိုးရသည် ၁၈၆၁-ခုနှစ် ဥပဒေအရ ငွေဒင်္ဂါးများသာမက ငွေစက္ကူများကိုပါ ထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံတွင် ထိုငွေစက္ကူများကို သုံးစွဲခွင့်ပြုခဲ့သည်။
 
၁၉၃၅-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေသစ်ပြဋ္ဌာန်းပြီး မြန်မာနိုင်ငံအား အိန္ဒိယမှ ခွဲထွက်ခွင့်ပြုခဲ့ပြီး ၁၉၃၇-ခုနှစ် ဧပြီလ ၁-ရက်နေ့တွင် ၉၁-ဌာန အုပ်ချုပ်ရေးကို ပေးအပ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံအတွက် ငွေစက္ကူထုတ်ဝေခွင့်ကို ၁၉၃၅-ခုနှစ်က တည်ထောင်ခဲ့သော အိန္ဒိယရီဇတ်ဘဏ် (Reserve Bank of India) အား ဆက်လက်အပ်နှင်းထားခဲ့သည်။ အစပိုင်းတွင် မြန်မာနိုင်ငံအတွက် သုံးစွဲရန် ငွေစက္ကူများအဖြစ် အိန္ဒိယအစိုးရက ရိုက်နှိပ်သော ငွေစက္ကူများပေါ်တွင် မြန်မာပြည်၌သာ တရားဝင်သည် (Legal Tender in Burma Only) ဟူသော ငွေစက္ကူများကို ထုတ်ဝေခဲ့သည်။ ၁၉၃၈-ခုနှစ်တွင် အိန္ဒိယရီဇတ်ဘဏ်က မြန်မာနိုင်ငံအတွက် ၅-ရူပီးတန်၊ ၁၀-ရူပီးတန်၊ ၁၀၀-ရူပီးတန်နှင့် ၁၀,၀၀၀-ရူပီးတန် ငွေစက္ကူများကို သီးသန့်ပုံစံဖြင့် ထုတ်ဝေခဲ့သည်။ ၁၉၃၉-ခုနှစ်တွင် ၁,၀၀၀-ရူပီးတန်နှင့် ၁-ရူပီးတန်များကို ထုတ်ဝေခဲ့သည်။