မြန်မာကျပ်ငွေ

မြန်မာနိုင်ငံ၏ ငွေကြေး (မြန်မာလိုရှေးအခေါ် အသပြာ )

မြန်မာနိုင်ငံတွင် အသုံးပြုသော ငွေကြေးကို ငွေဟုလည်းကောင်း၊ ပိုက်ဆံ ဟုလည်းကောင်းခေါ်ကြသည်။ ပိုက်ဆံဟူသည်မှာ အိန္ဒိယပြည်မှ အကြွေစေ့ကိုခေါ်သော ဝေါဟာရတစ်မျိုးကို လိုက်လံပြောဆိုရာမှ အသုံးတွင်လာခြင်းဖြစ်သည်။ အဆိုပါငွေကို ရေတွက်တိုင်းတာသော အရေအတွက်ပြ ဝေါဟာရမှာမူ "ကျပ်" ဖြစ်သည်။ တစ်ကျပ်လျှင် ပြားတစ်ရာအထိ စိတ်ပိုင်းထားပြီး အသုံးပြုသောစနစ်ဖြစ်သည်။ အသေးဆုံး ရေတွက်သည့် ယူနစ်မှာ "ပြား" ဖြစ်သည်။ အသေးငယ်ဆုံး ငွေကြေးမှာ တစ်ပြားစေ့ဖြစ်ပြီး၊ အကြီးဆုံး ငွေစက္ကူမှာ ၁၀,၀၀၀ ကျပ်တန်ဖိုးရှိသည်။

မြန်မာကျပ်ငွေ
ကျပ်
1kyatf.png 1000kyatnf.png
၁ ကျပ် (၁၉၉၆)၁၀၀၀ ကျပ် (၂၀၀၄)
ISO 4217
ကုဒ်MMK
ယူနစ် ပိုင်းခြားသတ်မှတ်ပုံ
ယူနစ်ခွဲ
 1/100ပြား
ငွေကြေးသင်္ကေတK
ငွေစက္ကူများ50 pyas, K1, K5, K10, K20, K50, K100, K200, K500, K1000, K5000, K10,000
ဒင်္ဂါးပြားများK1, K5, K10, K50, K100
လူမှုပထဝီ
အသုံးပြုသူ(များ) မြန်မာ
ထုတ်ဝေခြင်း
ဗဟိုဘဏ်မြန်မာနိုင်ငံတော်ဗဟိုဘဏ်
 ဝဘ်ဆိုဒ်cbm.gov.mm
တန်ဖိုး
ငွေကြေးဖောင်းပွမှု၇%
 ရင်းမြစ်The World Factbook၊ ၂၀၁၆ ခန့်မှန်း

၁၉၆၆-ခုနှစ်၊ အောက်တိုဘာလ(၁၅)ရက်နေ့တွင် တော်လှန်ရေးအစိုးရ၊ ဘဏ္ဍာရေးနှင့် အခွန်ဌာနသည် (၅၀)ပြား၊ (၂၅)ပြား၊ (၁၀)ပြား၊ (၁)ပြား စသော ငွေအကြွေ အသစ်များ ထုတ်ဝေသည်။ အဆိုပါ ငွေအကြွေများကို ဒန်သတ္တုနှင့် ထုတ်လုပ်၍ ငွေအကြွေစေ့မျက်နှာစာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံပါရှိပြီး ကျောဘက်တွင် တန်ဖိုးကို စာဖြင့် ဖော်ပြထားသည်။ [၁]

၁၉၇၁-ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့တွင် မြန်မာနိုင်ငံ ကျပ်ငွေလဲလှယ်နှုန်း ပြင်ဆင်သတ်မှတ်သည်။

၁၉၇၂-ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် နိုင်ငံခြားငွေ ဘဏ်လဲလှယ်နှုန်း ပြန်လည်ပြင်ဆင်သတ်မှတ်သည်။

မြန်မာကျပ်ငွေတို့ကို အမေရိကန် တစ်ဒေါ်လာလျှင် ၁၃၀၀ ကျပ်နှုန်း ဝန်းကျင်ခန့်နှင့် တန်ဖိုးသင့် ဖလှယ်ကြသည်။

၁ပြား
၁ပြား


သမိုင်းကြောင်းပြင်ဆင်

ပျူခေတ်၊ ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာခေတ်တို့တွင် ဟန်လင်းဒင်္ဂါးများကို ကျပ်စေ့၊ ငါးမူးစေ့၊ မတ်စေ့၊ မူးစေ့ဟူ၍၎င်း၊ နွားလားဥဿဘ၊ သပြေညွှန့်နှင့် မင်းအမည်ခပ်နှိပ်ထားသော ရခိုင်ဒင်္ဂါးများနှင့် ဟင်္သာရုပ်ပါ ရှိသည့် မွန်ဒင်္ဂါးများကို၎င်း ငွေကြေးအဖြစ် ထုတ်ဝေသုံးစွဲခဲ့သည်ကို အထောက်အထားများ တွေ့ရှိရပြီး ပုဂံခေတ်၊ အင်းဝခေတ်တို့တွင် ငွေတုံးငွေခဲများကိုသာ အစိတ်သား၊ နှစ်ဆယ်သား၊ တဆယ်သား စသည်ဖြင့် ပြုလုပ်သုံးစွဲခဲ့ကြောင်း တွေ့ရှိရသည်။ ကုန်းဘောင်ခေတ်၏ ဘိုးတော်ဘုရားလက်ထက်တွင် ခေတ်မီ မြန်မာ့ဒင်္ဂါးများကို ကာလကတ္တားမြို့တွင် သွန်းလုပ်သုံးစွဲခဲ့သည်။ ၎င်းတို့မှာ မြန်မာဒင်္ဂါး၊ ရခိုင်ဒင်္ဂါး၊ ဝေသာလီဒင်္ဂါး၊ ကုလားဒင်္ဂါးတို့ ဖြစ်သည်။ ဘကြီးတော် သာယာဝတီနှင့် ပုဂံမင်းတို့လက်ထက်တွင်လည်း ထိုလေးမျိုးကိုပင် သုံးစွဲခဲ့ကြသည်။

ပထမဆုံးကျပ်ငွေ (၁၈၅၂-၁၈၈၉ ခုနှစ်)ပြင်ဆင်

မင်းတုန်းမင်းလက်ထက်တွင် ဒင်္ဂါးသွန်းစက်ကို အင်္ဂလန်နိုင်ငံမှ ဝယ်ယူခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂၂၇-ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၇-ရက်နေ့တွင် မန္တလေးနေပြည်တော်၌ မြန်မာဒေါင်းဒင်္ဂါးများကို စတင်သွန်းလုပ်ခဲ့သည်။ ဒေါင်းဒင်္ဂါးများကို ရွှေဖြင့် တမတ်စေ့၊ တပဲစေ့များ ထုတ်လုပ်ပြီး ငွေဖြင့် တကျပ်စေ့၊ ငါးမူးစေ့၊ တမတ်စေ့၊ တမူးစေ့နှင့် တပဲစေ့ဟူ၍ ငါးမျိုး သွန်းလုပ်ခဲ့သည်။ ထိုစဉ်က ငွေလဲလှယ်နှုန်းမှာ မြန်မာဒင်္ဂါး ၁၅-ကျပ်ခန့်ကို အင်္ဂလိပ်ရွှေဒင်္ဂါး စတာလင်တပေါင်ဖြစ်သည်။

ဗြိတိသျှခေတ်ပြင်ဆင်

ခရစ်နှစ် ၁၈၈၅-ခုနှစ်တွင် မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့များ သိမ်းပိုက်ခဲ့ပြီး ငွေကြေးအဖြစ် အိန္ဒိယငွေဒင်္ဂါးများကို သွင်းယူလာခဲ့သည်။ မင်းတုန်းမင်း ထုတ်ဝေခဲ့သည့် မြန်မာ့ဒင်္ဂါးများနှင့် အိန္ဒိယဒင်္ဂါး နှစ်မျိုးလုံးကိုပင် မြန်မာနိုင်ငံတွင် တရားဝင်လက်ခံသုံးစွဲကြသည်။ ခရစ်နှစ် ၁၈၉၇-ခုနှစ်တွင် မြန်မာနိုင်ငံအား အိန္ဒိယအင်ပါယာ၏ ပြည်နယ်တခုအဖြစ် အဆင့်သတ်မှတ်ခဲ့သည်။ အိန္ဒိယအစိုးရသည် ၁၈၆၁-ခုနှစ် ဥပဒေအရ ငွေဒင်္ဂါးများသာမက ငွေစက္ကူများကိုပါ ထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံတွင် ထိုငွေစက္ကူများကို သုံးစွဲခွင့်ပြုခဲ့သည်။

၁၉၃၅-ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေသစ်ပြဋ္ဌာန်းပြီး မြန်မာနိုင်ငံအား အိန္ဒိယမှ ခွဲထွက်ခွင့်ပြုခဲ့ပြီး ၁၉၃၇-ခုနှစ် ဧပြီလ ၁-ရက်နေ့တွင် ၉၁-ဌာန အုပ်ချုပ်ရေးကို ပေးအပ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံအတွက် ငွေစက္ကူထုတ်ဝေခွင့်ကို ၁၉၃၅-ခုနှစ်က တည်ထောင်ခဲ့သော အိန္ဒိယရီဇတ်ဘဏ် (Reserve Bank of India) အား ဆက်လက်အပ်နှင်းထားခဲ့သည်။ အစပိုင်းတွင် မြန်မာနိုင်ငံအတွက် သုံးစွဲရန် ငွေစက္ကူများအဖြစ် အိန္ဒိယအစိုးရက ရိုက်နှိပ်သော ငွေစက္ကူများပေါ်တွင် မြန်မာပြည်၌သာ တရားဝင်သည် (Legal Tender in Burma Only) ဟူသော ငွေစက္ကူများကို ထုတ်ဝေခဲ့သည်။ ၁၉၃၈-ခုနှစ်တွင် အိန္ဒိယရီဇတ်ဘဏ်က မြန်မာနိုင်ငံအတွက် ၅-ရူပီးတန်၊ ၁၀-ရူပီးတန်၊ ၁၀၀-ရူပီးတန်နှင့် ၁၀,၀၀၀-ရူပီးတန် ငွေစက္ကူများကို သီးသန့်ပုံစံဖြင့် ထုတ်ဝေခဲ့သည်။ ၁၉၃၉-ခုနှစ်တွင် ၁,၀၀၀-ရူပီးတန်နှင့် ၁-ရူပီးတန်များကို ထုတ်ဝေခဲ့သည်။

ဂျပန်ခေတ် (ဒုတိယကျပ်ငွေ)ပြင်ဆင်

၁၉၄၂-မှ ၁၉၄၅-ခုနှစ်အထိ ဖက်ဆစ်ဂျပန်တို့ မြန်မာနိုင်ငံသို့ ဝင်ရောက်လာပြီးနောက် အိန္ဒိယငွေစက္ကူ များကို တရားဝင်အဖြစ်မှ ဖျက်သိမ်းခဲ့သည်။ ထို့နောက် ကျောထောက်နောက်ခံမရှိဘဲ ထောင်မလဲသဲကော် ဂျပန်ငွေစက္ကူများကို အတိုင်းအဆမရှိ အမြောက်အမြား ရိုက်နှိပ်သုံးစွဲခဲ့သည်။

စစ်ပြီးခေတ်ပြင်ဆင်

၁၉၄၅-ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပြီး ဂျပန်ငွေစက္ကူများကို တရားမဝင်ဟု ဗြိတိသျှစစ်အုပ်ချုပ်ရေး (British Military Administration) က ကြေညာခဲ့သည်။ အိန္ဒိယငွေစက္ကူပေါ်တွင် ဗြိတိသျှစစ်အုပ်ချုပ်ရေး၊ မြန်မာပြည်၌သာ တရားဝင်သည်-ဟူသော စာတမ်းကို ထပ်ဆင့်ရိုက်နှိပ်ပြီး မြန်မာနိုင်ငံအတွက် သီးသန့်ငွေစက္ကူများ ထုတ်ဝေခဲ့သည်။ ထိုစဉ်က စစ်အုပ်ချုပ်ရေး ငွေစက္ကူများ၊ အိန္ဒိယရီဇတ်ဘဏ်က မြန်မာပြည်အတွက် ထုတ်ဝေခဲ့သော ငွေစက္ကူများနှင့် အိန္ဒိယငွေစက္ကူအားလုံး မြန်မာပြည်တွင် တရားဝင်သုံးစွဲခွင့် ရှိသည်။

၁၉၄၆-ခုနှစ်၊ ဒီဇင်္ဘာလ ၃၁-ရက်နေ့တွင် ရူပီး ၁,၀၀၀-တန်နှင့် ၁၀,၀၀၀-တန် ငွေစက္ကူများကို တရားဝင်အဖြစ်မှ ရပ်စဲခဲ့သည်။ ၁၉၄၇-ခုနှစ် မတ်လ ၃၁-ရက်နေ့တွင် အိန္ဒိယရီဇတ်ဘဏ်နှင့် ဆက်သွယ်မှုကို ရပ်စဲပြီး မြန်မာငွေစက္ကူ ဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဝင်များအဖြစ် -

  1. ဘုရင်ခံက ခန့်အပ်သည့် သဘာပတိတစ်ဦး။
  2. မြန်မာနိုင်ငံတွင် မွေးဖွားသူ အဖွဲ့ဝင် ၂-ဦး။
  3. မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှအဖွဲ့ ဝန်ကြီးက ခန့်အပ်သည့်အဖွဲ့ဝင်တစ်ဦး။
  4. အင်္ဂလန်ဘဏ်ဥက္ကဋ္ဌ (Governor) က ခန့်အပ်သည့်အဖွဲ့ဝင်တစ်ဦးတို့ ပါဝင်သည်။

ယနေ့ခေတ်ကျပ်ငွေ (တတိယကျပ်ငွေ)ပြင်ဆင်

ယနေ့ခေတ်၌ အသုံးပြုနေသော ကျပ်ငွေကို ၁ ရက် ဇူလိုင် ၁၉၅၂ ခုနှစ်တွင် စတင်အသုံးပြုခဲ့ပြီး တစ်ကျပ်တွင် ပြား ၁၀၀ ရှိသည်။[၂] ၂၀၂၀ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့မှ စတင်၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ၁၀၀၀ ကျပ်တန် ငွေစက္ကူအသစ်ကို စတင်ထုတ်ဝေသုံးစွဲခဲ့သည်။ ၂၀၂၀ခုနှစ် ဇူလိုင်လ (၂၁)ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ၅၀၀ ကျပ်တန် ငွေစက္ကူအသစ်ကို ထပ်မံထုတ်ဝေခဲ့သည်။

ဒင်္ဂါးပြားများပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - မြန်မာနိုင်ငံမှဒင်္ဂါးများသမိုင်း

ပထမကျပ်ငွေပြင်ဆင်

၁၈၅၂ ခုနှစ်တွင် မင်းတုန်းမင်းက မန္တလေးတွင် ဒင်္ဂါးစက်ရုံများ စတင်တည်ထောင်ခဲ့သည်။ ပုံသွင်းစက်များမှာ ပါရီမြို့မှ ပြုလုပ်သည်။ ငွေဒင်္ဂါးများကို ၁ ပဲ၊ ၁ မူး၊ ၁ မတ်၊ ၅ မူး နှင့် ၁ ကျပ် အဖြစ် လည်းကောင်း၊ ရွှေဒင်္ဂါး ၁ ပဲ နှင့် ၁ မူး အဖြစ်လည်းကောင်း သွန်းလုပ်ခဲ့သည်။ ဒင်္ဂါးမျက်နှာစာတွင် တော်ဝင်ဒေါင်းတံဆိပ်ကို ဖော်ပြရိုက်နှိပ်ထားသဖြင့် ဒေါင်းဒင်္ဂါးဟူ၍ အမည်တွင်ခဲ့သည်။ နောက်ကျောဘက်တွင် ငွေကြေးတန်ဖိုးနှင့် ရိုက်နှိပ်သည့် ခုနှစ် ပါရှိသည်။ ၁၈၆၀ နှင့် ၁၈၇၀ ဆယ်စုနှစ်များတွင် 18 နှင့် 14 ပြားတို့ကို ကြေးနီ၊ ကြေးဝါ၊ သံဖြူဖြင့်လည်းကောင်း၊ သံသတ္တု 14 ပဲ (၁ ပြား) နှင့် ကြေးနီ ၂ ပြားတို့ကိုလည်းကောင်း ထုတ်လုပ်ခဲ့သည်။ ၁၈၆၆ ခုနှစ်တွင် ရွှေဒင်္ဂါးများကို ၁ ပဲ၊ 2 12 မူးနှင့် ၁ကျပ်တို့ကိုလည်းကောင်း ၁၈၇၈ ခုနှစ်တွင် ငါးမူးကိုလည်းကောင်း ထုတ်လုပ်ခဲ့သည်။

ဒုတိယကျပ်ငွေပြင်ဆင်

ဤငွေကြေးအတွက် ဒင်္ဂါးပြား ထုတ်ဝေမှု မရှိပေ။

တတိယကျပ်ငွေပြင်ဆင်

၁၉၅၆ ခုနှစ်တွင် ၁ ပြား၊ ၅ ပြား၊ ၁၀ ပြား၊ ၂၅ ပြား၊ ၅၀ ပြားနှင့် ၁ ကျပ်တို့အတွက် ဒင်္ဂါးပြားများကို ရိုက်နှိပ်ခဲ့သည်။ ဒင်္ဂါးမျက်နှာစာတွင် ခြင်္သေ့ပုံနှင့် နောက်ကျောတွင် ပန်းခက်အခွေပုံအလယ်တွင် ဒင်္ဂါးတန်ဖိုးကို ရေးသားထားသည်။

၁၉၅၆-၁၉၆၆ ထုတ် ဒင်္ဂါးများ [၃]
ပုံ တန်ဖိုး အတိုင်းအတာ ဖော်ပြချက် ထုတ်ဝေရက်စွဲ
ရှေ့ နောက် အချင်း ဒြပ်ထု ပါဝင်မှု အနား ရှေ့ နောက်
  ၁ ပြား ၁၈ မီလီမီတာ ၂.၂ ဂရမ် သတ္တုစပ်
၉၀% ကြေးနီ
၁၀% ခဲမဖြူ
ပြောင် ခြင်္သေ့ တန်ဖိုး (ဂဏန်း)၊ တန်ဖိုး (စာ)၊ ရိုက်နှိပ်ခုနှစ်၊ မြန်မာကနုတ်ပန်းခွေ ၁၉၅၆
    ၅ ပြား ၁၉.၅ မီလီမီတာ ၃.၁၇ ဂရမ် ကြေးနီ-နီကယ် ပြောင် ခြင်္သေ့ တန်ဖိုး (ဂဏန်း)၊ တန်ဖိုး (စာ)၊ ရိုက်နှိပ်ခုနှစ်၊ မြန်မာကနုတ်ပန်းခွေ ၁၉၅၆
  ၁၀ ပြား ၁၉.၅ မီလီမီတာ ၄.၄၆ ဂရမ် ကြေးနီ-နီကယ် ပြောင် တန်ဖိုး (ဂဏန်း)၊ တန်ဖိုး (စာ)၊ ရိုက်နှိပ်ခုနှစ်၊ မြန်မာကနုတ်ပန်းခွေ ၁၉၅၆
၂၅ ပြား ၂၄.၁ မီလီမီတာ ၆.၇၈ ဂရမ် ကြေးနီ-နီကယ် ပြောင် တန်ဖိုး (ဂဏန်း)၊ တန်ဖိုး (စာ)၊ ရိုက်နှိပ်ခုနှစ်၊ မြန်မာကနုတ်ပန်းခွေ ၁၉၅၆
၅၀ ပြား ၂၆ မီလီမီတာ ၇.၈ ဂရမ် ကြေးနီ-နီကယ် လုံခြုံရေးအနားသတ် တန်ဖိုး (ဂဏန်း)၊ တန်ဖိုး (စာ)၊ ရိုက်နှိပ်ခုနှစ်၊ မြန်မာကနုတ်ပန်းခွေ ၁၉၅၆
၁ ကျပ် ၃၀.၅ မီလီမီတာ ၁၁.၅၆ ဂရမ် Copper-nickel လုံခြုံရေးအနားသတ် တန်ဖိုး (ဂဏန်း)၊ တန်ဖိုး (စာ)၊ ရိုက်နှိပ်ခုနှစ်၊ မြန်မာကနုတ်ပန်းခွေ ၁၉၅၆

၁၉၆၆ ခုနှစ်တွင် ဒင်္ဂါးပြားများ၏ ရှေ့မျက်နှာစာတွင် ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် ပြောင်းလဲခဲ့ပြီး အလူမီနီယမ်ဖြင့် သွန်းလုပ်ခဲ့သလို အရွယ်အစားကိုလည်း အနည်းငယ် လျော့ချခဲ့သည်။ သို့သော် ပုံသဏ္ဌာန်ကို မပြောင်းခဲ့ပေ။ အဆိုပါဒင်္ဂါးများကို ၁၉၈၃ ခုနှစ်အထိ သုံးစွဲခဲ့ကြသည်။

၁၉၈၃ ခုနှစ်တွင် ၅ ပြား၊ ၁၀ ပြား၊ ၂၅ ပြား၊ ၅၀ ပြားတို့ကို ကြေးနီ-ခဲမဖြူ သတ္တုစပ်ဖြင့်လည်းကောင်း ၁ ကျပ်တန် ဒင်္ဂါးကို ကြေးနီ-နီကယ်ဖြင့်လည်းကောင်း အသစ်သွန်းလုပ်ခဲ့သည်။ အစောပိုင်းတွင် ၂၅ ပြားကို အဝိုင်းပုံဖြင့် ထုတ်ဝေခဲ့ရာမှ ၁၀ ပြားနှင့် ၅၀ ပြားတို့ဖြင့် မရောထွေးစေရန် ခြောက်ထောင့်ပုံစံသို့ ပြောင်းလဲထုတ်ဝေခဲ့သည်။ အဆိုပါ ဒင်္ဂါးတို့သည် "Burma" အမည်အောက်တွင် နောက်ဆုံးထုတ်ဝေသော ဒင်္ဂါးပြားများ ဖြစ်ခဲ့သည်။

၁ ပြားတန်ဒင်္ဂါးကို ၁၉၆၆ ခုနှစ်တွင် လည်းကောင်း၊ ၅ ပြားနှင့် ၂၅ ပြားကို ၁၉၈၇ ခုနှစ်တွင်လည်းကောင်း၊ ၁၀ ပြားနှင့် ၅၀ ပြားတို့ကို ၁၉၉၁ ခုနှစ်တွင်လည်းကောင်း နောက်ဆုံးသွန်းလုပ်ခဲ့သည်။

၁၉၉၀ ခုနှစ်တွင် ၁ ကျပ်တန်ဒင်္ဂါးကို ကြေးနီ-ခဲမဖြူ သတ္တုစပ်၊ ၅ ကျပ်နှင့် ၁၀ ကျပ် ဒင်္ဂါးများကို ကြေးဝါ၊ ၅၀ ကျပ်နှင့် ၁၀၀ ကျပ် ဒင်္ဂါးတို့ကို ကြေးနီ-နီကယ်သတ္တုစပ်တို့ဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သွန်းလုပ်ထုတ်ဝေခဲ့သည်။ အဆိုပါဒင်္ဂါးများသည် လက်တင်စာလုံး ပါဝင်သော ပထမဆုံး မြန်မာဒင်္ဂါးပြားများ ဖြစ်သည်။ အဆိုပါဒင်္ဂါးများကို ဟောင်းနွမ်းသော ငွေစက္ကူများအစား သုံးစွဲရန် ရည်ရွယ်ခဲ့သော်လည်း ငွေကြေးဖောင်းပွမှု မြင့်မားခြင်းကြောင့် နောက်ပိုင်းတွင် အသုံးပြုခြင်း မရှိတော့ပေ။

၂၀၀၈ ခုနှစ် နှောင်းပိုင်းတွင် ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန် ဒင်္ဂါးအသစ်များကို ထုတ်ဝေမည်ဖြစ်ကြောင်း အစိုးရက ကြေညာခဲ့သည်။ သတင်းစာများတွင် ဖော်ပြချက်အရ ၅၀ ကျပ်တန် ဒင်္ဂါးအသစ်ကို ကြေးနီဖြင့် ပြုလုပ်ပြီး ရှေ့ဖက်တွင် ခြင်္သေ့ပုံနှင့် နောက်ကျောတွင် နေပြည်တော်ရှိ ကြာပန်းရေပန်းပုံ ပါဝင်သည်။ ၁၀၀ ကျပ်တန် ဒင်္ဂါးကို ကြေးနီ-နီကယ်ဖြင့် ပြုလုပ်ပြီး မျက်နှာစာတွင် ခြင်္သေ့ပုံနှင့် နောက်ကျောတွင် တန်ဖိုး ဖော်ပြချက် ပါဝင်သည်။

၁၉၉၁ ခုနှစ် ထုတ်
ပုံ တန်ဖိုး အတိုင်းအတာ ဖော်ပြချက် ပထမဆုံး သွန်းလုပ်ရက်
အချင်း အလေးချိန် ပါဝင်မှု အနားသတ် ရှေ့ နောက်
[၄] ၁၀ ပြား ၂၀.၄ မီလီမီတာ ကြေးဝါ စပါးပင်၊ "မြန်မာနိုင်ငံတော် ဗဟိုဘဏ်" တန်ဖိုး (မြန်မာဂဏန်းဖြင့်) ၁၉၉၁
၅၀ ပြား ၂၄.၆ မီလီမီတာ ကြေးဝါ စပါးပင်၊ "မြန်မာနိုင်ငံတော် ဗဟိုဘဏ်" တန်ဖိုး (မြန်မာဂဏန်းဖြင့်) ၁၉၉၁
၁၉၉၉ ခုနှစ် ထုတ်
[၅] ၁ ကျပ် ၁၉.၀၃ ၂.၉၅ ကြေးနီ-ခဲဖဖြူ ပြောင် ခြင်္သေ့၊ "မြန်မာနိုင်ငံတော် ဗဟိုဘဏ်" နှင့် တန်ဖိုး (မြန်မာဘာသာ) ဘဏ်အမည်နှင့် တန်ဖိုးအား အင်္ဂလိပ်ဘာသာ၊ အာရဘီ ကိန်းဂဏန်းတို့ဖြင့် ၁၉၉၉
[၆] ၅ ကျပ် ၂၀ မီလီမီတာ ၂.၇၃ ဂရမ် ကြေးဝါ ပြောင် ခြင်္သေ့၊ "မြန်မာနိုင်ငံတော် ဗဟိုဘဏ်" နှင့် တန်ဖိုး (မြန်မာဘာသာ) ဘဏ်အမည်နှင့် တန်ဖိုးအား အင်္ဂလိပ်ဘာသာ၊ အာရဘီ ကိန်းဂဏန်းတို့ဖြင့် ၁၉၉၉
[၇] ၁၀ ကျပ် ၂၂.၃ မီလီမီတာ ၄.၄၅ ဂရမ်
[၈] ၅၀ ကျပ် ၂၃.၈၅ မီလီမီတာ ၅.၀၆ ဂရမ် ကြေးနီ-နီကယ် Reeded ခြင်္သေ့၊ "မြန်မာနိုင်ငံတော် ဗဟိုဘဏ်" နှင့် တန်ဖိုး (မြန်မာဘာသာ) ဘဏ်အမည်နှင့် တန်ဖိုးအား အင်္ဂလိပ်ဘာသာ၊ အာရဘီ ကိန်းဂဏန်းတို့ဖြင့် ၁၉၉၉
[၉] ၁၀၀ ကျပ် ၂၆.၈ မီလီမီတာ ၇.၅၂ ဂရမ်


ငွေစက္ကူများပြင်ဆင်

ပထမကျပ်ငွေပြင်ဆင်

ဤငွေကြေးအတွက် ငွေစက္ကူထုတ်ဝေခြင်း မရှိပေ။

ဒုတိယကျပ်ငွေပြင်ဆင်

၁၉၄၄ ခုနှစ်တွင် ဗမာနိုင်ငံတော်ဘဏ်သည် ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူများကို ထုတ်ဝေခဲ့ပြီး ၁၉၄၅ ခုနှစ်တွင် ၁၀၀ ကျပ်တန် ငွေစက္ကူသစ်ကိုလည်း ဆက်လက်ထုတ်ဝေခဲ့သည်။

၁၉၄၄/၁၉၄၅ ထုတ်
ပုံ တန်ဖိုး အတိုင်းအတာ အဓိက အရောင် ဖော်ပြချက် ထုတ်ဝေရက် မှတ်ချက်
ရှေ့ နောက် ရှေ့ နောက် ရေစာ
    ၁ ကျပ် ၁၀၉ × ၆၃ မီလီမီတာ အပြာ ဒေါင်းပုံနှင့် "ကျပ်တကျပ်" ကို မြန်မာဘာသာဖြင့် ရေးထားပြီး နောက်ကျောတွင် နေထွက်ပုံ ပါရှိသည်။ မန္တလေး တော်ဝင်နန်းတော် "ဗမာ" ၁၉၄၄
  ၅ ကျပ် ၁၃၀ × ၇၂ မီလီမီတာ အနီ ဒေါင်းပုံနှင့် "ကျပ်ငါးကျပ်" ကို မြန်မာဘာသာဖြင့် ရေးထားပြီး နောက်ကျောတွင် နေထွက်ပုံ ပါရှိသည်။
    ၁၀ ကျပ် ၁၄၆ × ၈၄ မီလီမီတာ အစိမ်း ဒေါင်းပုံနှင့် "ကျပ်တဆယ်" ကို မြန်မာဘာသာဖြင့် ရေးထားပြီး နောက်ကျောတွင် နေထွက်ပုံ ပါရှိသည်။
    ၁၀၀ ကျပ် ၁၆၀ × ၉၀ မီလီမီတာ လိမ္မော် ဒေါင်းပုံနှင့် "ကျပ်တရာ" ကို မြန်မာဘာသာဖြင့် ရေးထားပြီး နောက်ကျောတွင် နေထွက်ပုံ ပါရှိသည်။
    ၁၀၀ ကျပ် ၁၅၅ × ၉၅ မီလီမီတာ နက်ပြာ ဒေါင်းပုံ၊ "ကျပ်တရာ" ကို "၁၀၀" ဂဏန်းပေါ်မှ မြန်မာဘာသာဖြင့် ရေးထားပြီး ဘေးတွင် နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော်ပုံ ပါရှိသည်။ အလယ်တွင် မန္တလေး တော်ဝင်နန်းတော်ပုံအား နဂါးပုံဖြင့် ဝန်းရံထားသည်။ ဘယ်နှင့်ညာတို့တွင် "၁၀၀" ကို မြန်မာဂဏန်းဖြင့် ရေးထားသည်။ နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော်၏ ပုံ ၁၉၄၅

တတိယကျပ်ငွေပြင်ဆင်

၁၉၅၂ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်သည် ငွေကြေးအုပ်ချုပ်မှုအဖွဲ့၏ တစ်ဦးတည်း ငွေကြေးထုတ်ဝေခွင့်ကို ငွေကြေးဌာနသို့ အသစ်ဖွဲ့စည်းလွှဲပြောင်းခဲ့သည်။ အရေးပါသော ပြောင်းလဲမှုမှာ ဒဿမစိတ်ငွေကြေးစနစ်သို့ ပြောင်းလဲစေခဲ့ခြင်းဖြစ်သည်။[၁၀] ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်သည် ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်နှင့် ၁၀၀ ကျပ်တန်များကို ပထမဆုံး ကျပ်ငွေစက္ကူအဖြစ် စတင် ထုတ်ဝေခဲ့သည်။ အဆိုပါ ကျပ်ငွေစက္ကူများသည် နောက်ဆုံးထုတ်ဝေခဲ့သော ရူပီးငွေစက္ကူများနှင့် ဒီဇိုင်းအလွန်တူညီခဲ့သည်။ ၁၉၅၈ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့တွင် ၂၀ ကျပ်နှင့် ၅၀ ကျပ်တန် ငွေစက္ကူများကို ထုတ်ဝေခဲ့သည်။ ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူများကို ၁၉၆၄ ခုနှစ် မေလ ၁၇ ရက်နေ့တွင် တရားမဝင်ငွေကြေးအဖြစ် ကြေညာခဲ့သည်။

၁၉၅၂ ခုနှစ် ထုတ်
ပုံ တန်ဖိုး အတိုင်းအတာ အဓိက အရောင် ဖော်ပြချက် ထုတ်ဝေရက်
ရှေ့ နောက် ရှေ့ နောက် ရေစာ
    ၁ ကျပ် ပန်းရောင်နှင့် မီးခိုးရောင် ဒေါင်း ရွက်လှေနှင့် one rupee ၁ ဇူလိုင် ၁၉၅၂
    ၅ ကျပ် ပန်းရောင်နှင့် မီးခိုးရောင် ခြင်္သေ့ ဗိုင်းငင်နေသော အမျိုးသမီး
    ၁၀ ကျပ် အပြာ ဒေါင်း သစ်လုံးသယ်နေသော ဆင်
၁၉၅၈ ခုနှစ် ထုတ်
    ၁ ကျပ် ပန်းရောင်၊ အဝါနှင့် မီးခိုးရောင် ဗိုလ်ချုပ်အောင်ဆန်း ရွက်လှေနှင့် One Kyat ၁၂ ဖေဖော်ဝါရီ ၁၉၅၈
    ၅ ကျပ် ပန်းရောင်နှင့် မီးခိုးရောင် ဗိုင်းငင်နေသော အမျိုးသမီး
    ၁၀ ကျပ် အပြာနု၊ အဝါ သစ်လုံးသယ်နေသော ဆင်

၁၉၆၅-၁၉၇၁ပြင်ဆင်

ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်သူ့ဘဏ်သည် ၁၉၆၅ ခုနှစ်တွင် ငွေကြေးထုတ်ဝေခြင်းကို လွှဲပြောင်းရယူခဲ့ပြီး ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်နှင့် ၂၀ ကျပ်တန် ငွေစက္ကူများကို ထုတ်ဝေခဲ့သည်။

၁၉၆၅ ခုနှစ် ထုတ်
ပုံ တန်ဖိုး အတိုင်းအတာ အဓိက အရောင် ဖော်ပြချက် ထုတ်ဝေရက်
ရှေ့ နောက် ရှေ့ နောက် ရေစာ
    ၁ ကျပ် ၁၁၅ × ၆၆ မီလီမီတာ ပန်းရောင်နှင့် မီးခိုးရောင် ဗိုလ်ချုပ် အောင်ဆန်း အင်းလေးကန် ငါးဖမ်းသမား စက်ဝိုင်းဝက်ပုံ အချိတ်အဆက်များ ၃၀ ဧပြီ ၁၉၆၅
    ၅ ကျပ် ၁၅၀ × ၇၀ မီလီမီတာ အစိမ်း လယ်သမားနှင့် နွား Pattern throughout paper ၁၉၆၅
    ၁၀ ကျပ် ၁၅၉ × ၈၁ မီလီမီတာ အနီ ဝါဂွမ်းခူးနေသော အမျိုးသမီး
    ၂၀ ကျပ် ၁၆၉ × ၉၀ မီလီမီတာ အညို လယ်ထွန်စက်

၁၉၇၂-၁၉၈၈ပြင်ဆင်

၁၉၇၂ ခုနှစ်တွင် ပြည်သူ့ဘဏ်မှ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်အဖြစ် အမည်ပြောင်းလဲခဲ့ပြီး ၂၅ ကျပ်တန် ငွေစက္ကူကို ထုတ်ဝေခဲ့သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၉ ခုနှစ်အတွင်း ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်၊ ၂၅ ကျပ်၊ ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူများကို ထုတ်ဝေခဲ့သည်။ ငွေစက္ကူများကို ဂျာမနီ Giesecke & Devrient ၏ နည်းပညာလမ်းညွှန်ချက်များအတိုင်း ဝါဇီလုပ်ငန်းစက်ရုံတွင် ရိုက်နှိပ်ခဲ့သည်။

၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် ၅၀ ကျပ်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူများကို သတိပေးခြင်းမရှိဘဲ ရုတ်သိမ်းခဲ့သည်။ အများပြည်သူအား ငွေစက္ကူအဟောင်းများအား အသစ်ဖြင့် လဲလှယ်ခြင်းကို အကန့်အသတ်ဖြင့်သာ ပြုလုပ်ခဲ့သည်။ အခြားသော ထုတ်ဝေထားသည့် ငွေကြေးများသည် တရားဝင်ဆက်လက်သုံးစွဲခွင့်ရှိဆဲ ဖြစ်သည်။ ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ၇၅ ကျပ်တန် ငွေစက္ကူကို စတင်ထုတ်ဝေခဲ့သည်။ ဗိုလ်ချုပ်ဦးနေဝင်း၏ ဂဏန်းဗေဒင်ယုံကြည်မှုကြောင့် တန်ဖိုး မဂဏန်းဖြင့် ငွေစက္ကူများကို ထုတ်ဝေခဲ့ခြင်း ဖြစ်နိုင်ပြီး ၇၅ ကျပ်တန်ကို ဦးနေဝင်း၏ ၇၅ နှစ် မွေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့သည်။ ၁၉၈၆ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ၁၅ ကျပ်နှင့် ၃၅ ကျပ်တန် ငွေစက္ကူများကို ဆက်လက်ထုတ်ဝေခဲ့သည်။

နှစ်နှစ်ခန့်အကြာ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ၂၅ ကျပ်၊ ၃၅ ကျပ်နှင့် ၇၅ ကျပ်တန် ငွေစက္ကူများကို အသိပေးချက် တစ်စုံတစ်ရာမရှိဘဲ အသုံးပြုမှု ရုတ်သိမ်းခဲ့ပြန်သည်။ နိုင်ငံတွင်း လည်ပတ်နေသော ငွေကြေး၏ ၇၅%ခန့် တန်ဖိုးမရှိဖြစ်သွားကာ နိုင်ငံသားများ၏ စုဆောင်းထားမှုများ ပျက်သုန်းခဲ့ရသည်။ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ၄၅ ကျပ်နှင့် ၉၀ ကျပ်တန် ငွေစက္ကူများကို ထုတ်ဝေခဲ့သည်။ စီးပွားရေးမငြိမ်မသက်မှုများမှ အဓိကရုဏ်းများစွာ ဖြစ်ပွားခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ဗိုလ်ချုပ်စောမောင်က နိုင်ငံတော် အာဏာကို သိမ်းယူခဲ့သည်။

၁၉၇၂-၁၉၈၇ ခုနှစ် ထုတ်
ပုံ တန်ဖိုး အတိုင်းအတာ အဓိက အရောင် ဖော်ပြချက်
ရှေ့ နောက် ရှေ့ နောက် ထုတ်ဝေ ရပ်စဲ
    ၁ ကျပ် ၁၂၄ × ၆၀ မီလီမီတာ အစိမ်း ဗိုလ်ချုပ်အောင်ဆန်း ဗိုင်းငင်စက် ၃၁ အောက်တိုဘာ ၁၉၇၂ အသုံးပြုခြင်း နည်းပါးကာ ပျောက်ကွယ်
    ၅ ကျပ် ၁၃၆ × ၇၀ မီလီမီတာ အပြာ ထန်းပင်နှင့် ထန်းတက်သမား ၃၁ အောက်တိုဘာ ၁၉၇၂ အသုံးပြုခြင်း နည်းပါးကာ ပျောက်ကွယ်
    ၁၀ ကျပ် ၁၄၆ × ၈၀ မီလီမီတာ နီညို အခမ်းအနားသုံး ဖလား ၃၀ ဇွန် ၁၉၇၃ အသုံးပြုခြင်း နည်းပါးကာ ပျောက်ကွယ်
    ၁၅ ကျပ် ၁၄၉ × ၇၁ မီလီမီတာ အစိမ်းဖျော့ ဇော်ဂျီရုပ်တု ၁ ဩဂုတ် ၁၉၈၆ အသုံးပြုခြင်း နည်းပါးကာ ပျောက်ကွယ်
    ၂၅ ကျပ် ၁၅၅ × ၉၀ မီလီမီတာ လိမ္မော် ပဉ္စရူပ ၃ နိုဝင်ဘာ ၁၉၈၅ ၅ စက်တင်ဘာ ၁၉၈၇
    ၃၅ ကျပ် ၁၅၅ × ၇၄ မီလီမီတာ ခရမ်း နတ်သား ၁ ဩဂုတ် ၁၉၈၆ ၅ စက်တင်ဘာ ၁၉၈၇
    ၄၅ ကျပ် ၁၅၈ × ၇၇.၅ မီလီမီတာ အပြာ-အစိမ်း သခင်ဖိုးလှကြီး ရေနံတွင်းနှင့် ရေနံလုပ်သားများ ၂၂ စက်တင်ဘာ ၁၉၈၇ အသုံးပြုခြင်း နည်းပါးကာ ပျောက်ကွယ်
    ၅၀ ကျပ် ၁၆၆ × ၁၀၀ မီလီမီတာ အဝါ-အညို ဗိုလ်ချုပ် အောင်ဆန်း လောကနတ် ဇူလိုင် ၁၉၇၉ ၃ နိုဝင်ဘာ ၁၉၈၅
    ၇၅ ကျပ် ၁၆၁ × ၇၇ မီလီမီတာ အညို ၁၀ နိုဝင်ဘာ ၁၉၈၅ ၅ စက်တင်ဘာ ၁၉၈၇
    ၉၀ ကျပ် ၁၆၇ × ၈၀ မီလီမီတာ အစိမ်းဖျော့ ဆရာစံ လယ်သမားများနှင့် လယ်ထွန်လှည်း ၂၂ စက်တင်ဘာ ၁၉၈၇ အသုံးပြုခြင်း နည်းပါးကာ ပျောက်ကွယ်
    ၁၀၀ ကျပ် ၁၇၆ × ၁၁၀ မီလီမီတာ အစိမ်းဖျော့ ဗိုလ်ချုပ် အောင်ဆန်း စောင်းကောက် ၁ ဩဂုတ် ၁၉၇၆ ၃ နိုဝင်ဘာ ၁၉၈၅

၅၀ ပြား၊ ၁ ကျပ်နှင့် ၅ ကျပ်တန် ငွေစက္ကူတို့မှာ ရှားပါးပြီး နေ့စဉ်သုံးစွဲမှုများသည် အနီးစပ်ဆုံး ၁၀ ကျပ် ဆတိုးဖြင့် သုံးစွဲကြသည်။

၁၉၈၉ မှ လက်ရှိပြင်ဆင်

၁၉၈၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် နိုင်ငံအမည်အား မြန်မာနိုင်ငံသို့ ပြောင်းလဲမှုနောက်ပိုင်းတွင် ငွေစက္ကူအသစ်များကို ထုတ်ဝေရန် ဖြစ်လာခဲ့သည်။ ယခုအကြိမ်တွင် ငွေစက္ကူဟောင်းများအား ရုတ်သိမ်းခြင်း မပြုခဲ့ဘဲ ဟောင်းနွမ်းလာပြီး အသုံးပြုခြင်း နည်းပါးအောင်သာ ထားရှိခဲ့သည်။ ၁၉၉၀ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ၁ ကျပ်ကိုလည်းကောင်း၊ မတ်လ ၂၇ ရက်နေ့တွင် ၂၀၀ ကျပ်တန်ကိုလည်းကောင်း ထုတ်ဝေခဲ့သည်။ ၁၉၉၄ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ၅၀ ပြား၊ ၂၀ ကျပ်၊ ၅၀ ကျပ်၊ ၁၀၀ ကျပ်နှင့် ၅၀၀ ကျပ်တန် ငွေစက္ကူများကိုလည်းကောင်း၊ ၁၉၉၅ ခုနှစ် မေလ ၁ ရက်နေ့တွင် ၅ ကျပ်တန်နှင့် ၁၀ ကျပ်တန် ငွေစက္ကူသစ်များကိုလည်းကောင်း ထုတ်ဝေခဲ့သည်။ ၁၉၉၈ ခုနှစ် နိုဝင်ဘာ တွင် ၁၀၀၀ ကျပ်တန် ငွေစက္ကူကို စတင်ထုတ်ဝေခဲ့သည်။

၂၀၀၃ ခုနှစ်တွင် နိုင်ငံအဝှမ်းတွင် ငွေကြေးအသုံးပြုမှု ရုတ်သိမ်းမည်ဟူသော ကောလဟာလများ ပေါ်ထွက်လာခဲ့ကာ အစိုးရက တရားဝင်ငြင်းဆိုခြင်းများ ပြုလုပ်ခဲ့ပြီး ထိုအကြိမ်တွင် ငွေကြေးရုတ်သိမ်းခြင်း မဖြစ်ပေါ်ခဲ့ပေ။ ၂၀၀၄ ခုနှစ်တွင် ၂၀၀ ကျပ်၊ ၅၀၀ ကျပ်နှင့် ၁၀၀ ကျပ်တန် ငွေစက္ကူများကို အရွယ်အစား ချုံ့ကာ (ငွေစက္ကူများ၏ အရွယ်အစား တပြေးညီဖြစ်စေရန်) ထုတ်ဝေခဲ့ပြီး ယခင်အရွယ်အစားကြီး ငွေစက္ကူများကိုလည်း ဆက်လက်သုံးစွဲခွင့် ပြုခဲ့သည်။ ၅၀ ပြား၊ ၁ ကျပ်၊ ၅ ကျပ်၊ ၁၀ ကျပ်နှင့် ၂၀ ကျပ်တန် ငွေစက္ကူများမှာ တန်ဖိုးနည်းပါးခြင်းကြောင့် ရှားပါးပြီး တွေ့မြင်နိုင်ရန် ခက်ခဲသည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ၅၀၀၀ ကျပ်တန် ငွေစက္ကူကို ၁၅၀ x ၇၀ မီလီမီတာ အရွယ်အစားဖြင့် ထုတ်ဝေခဲ့သည်။ ငွေစက္ကူ၏ အရှေ့မျက်နှာထိပ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် စာသားကို မြန်မာဘာသာဖြင့် ရေးသားထားပြီး ငွေစက္ကူအလယ်တွင် ဆင်ဖြူတော်ပုံ ပါရှိသည်။ နောက်ကျောတွင် ပြည်ထောင်စုလွှတ်တော် အဆောက်အဦးပုံများပါဝင်ကာ Central Bank of Myanmar နှင့် "FIVE THOUSAND KYATS 5000" ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည်။ ဤထုတ်ဝေသော ငွေကြေးတန်ဖိုးသည် ယခင်နောက်ဆုံးထုတ်ဝေခဲ့သည့် တန်ဖိုးအကြီးဆုံးထက် ငါးဆ ဖြစ်သည်။[၁၁] အများပြည်သူအချို့က တန်ဖိုးကြီး ငွေစက္ကူထုတ်ဝေမှုကို ကြိုဆိုခဲ့ကြသလို အချို့ကလည်း ဤပြောင်းလဲမှုကြောင့် ငွေကြေးဖောင်းပွမှုများကို ပိုမိုများပြားစေမည်ကိုလည်း စိုးရိမ်ခဲ့ကြသည်။[၁၂][၁၃] ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် လုံခြုံမှုတိုးမြှင့်ထားသော ၅၀၀၀ ကျပ်တန် ငွေစက္ကူအသစ်ကို ထုတ်ဝေခဲ့သည်။ အဆိုပါ ငွေစက္ကူတွင် အရောင်တင်ထားခြင်း၊ ပုံနှိပ်ရာတွင် အဆင့်မြှင့်ထားခြင်း၊ ရေစာများနှင့် လုံခြုံရေးကြိုးများ ပါဝင်ပြီး ဆက်လက်အသုံးပြုနိုင်ဆဲဖြစ်သော ၂၀၀၉ ခုနှစ်ထုတ် ငွေစက္ကူနှင့် အရွယ်အစား၊ အရောင်နှင့် ဒီဇိုင်းများ တူညီသည်။ ငွေစက္ကူသစ်သည် ကြာရှည်ခံပြီး ပိုမိုသပ်ရပ်သည်ဟု ဗဟိုဘဏ်က ဆိုသည်။ ယင်းနောက်တွင် ၅၀၀၀ ကျပ်တန်နှင့် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတုများ ပျံ့နှံ့မှုကို မီဒီယာများက ဖော်ပြခဲ့ကြပြီး စက်တင်ဘာလ ၁၂ ရက်နေ့က တာမွေမြို့နယ်တွင် ၁၀၀၀၀ ကျပ်တန်အတု ပြုလုပ်မှုများကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။[၁၄]

၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ဗဟိုဘဏ်က ၁၀၀၀၀ ကျပ်တန် ငွေစက္ကူကို ငွေကြေးလည်ပတ်မှုပိုမိုချောမွေ့စေရန်အတွက် ထုတ်ဝေမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ၁၀၀၀၀ ကျပ်တန် ငွေစက္ကူကို စတင်ထုတ်ဝေခဲ့သည်။[၁၅][၁၆]

၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဗိုလ်ချုပ်အောင်ဆန်းပုံ ပါဝင်သော ငွေစက္ကူသစ်များကို ထုတ်ဝေမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ၁၀၀၀ ကျပ်တန် ငွေစက္ကူသစ်ကိုလည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ၅၀၀ ကျပ်တန် ငွေစက္ကူကိုလည်းကောင်း ထုတ်ဝေခဲ့သည်။[၁၇][၁၈]


-
လက်ရှိ ထုတ်
ပုံ တန်ဖိုး အရွယ်အစား အဓိက အရောင် ဖော်ပြချက် ထုတ်ဝေရက် မှတ်ချက်
ရှေ့ နောက် ရှေ့ နောက် ရေစာ
    ၅၀ ပြား ၁၁၀ × ၅၅ မီလီမီတာ ရှေ့ - ခရမ်းနုရောင်နှင့် လိမ္မော်ရောင်
နောက်ကျော - အရောင်စုံ
စောင်းကောက် Guilloché pattern "BCM" ၂၇ မတ် ၁၉၉၄
    ၁ ကျပ် လိမ္မော် ဗိုလ်ချုပ်အောင်ဆန်း Guilloché pattern ဗိုလ်ချုပ်အောင်ဆန်း ၁ မတ် ၁၉၉၀
    ၁ ကျပ် အပြာ-ပန်း ခြင်္သေ့ ရန်ကုန်မြို့ ကန်တော်ကြီး လှေလှော်ပွဲ "BCM" ၃၁ အောက်တိုဘာ ၁၉၉၆
    ၅ ကျပ် ၁၃၀ × ၆၀ မီလီမီတာ အညိုနှင့် အပြာ ဝိုင်းခြင်းခတ်နေပုံ ခြင်္သေ့ ၁ မေ ၁၉၉၅
တန်ဖိုးအပေါ် ခြင်္သေ့ပုံ ၁၉၉၇
    ၁၀ ကျပ် ခရမ်းနုရောင် ကရဝိတ် ခြင်္သေ့ ၁ မေ ၁၉၉၅
၁၉၉၇
    ၂၀ ကျပ် 145 × 70 မီလီမီတာ အစိမ်း ရန်ကုန် ပြည်သူ့ရင်ပြင်နှင့် ဆင်ရေပန်း တန်ဖိုးအပေါ် ခြင်္သေ့ပုံ ၂၇ မတ် ၁၉၉၄
    ၅၀ ကျပ် လိမ္မော်-အညို ယွန်းထည် ၂၇ မတ် ၁၉၉၄
1997
    ၁၀၀ ကျပ် အပြာ၊ အစိမ်းနှင့် ပန်းရောင် ပန်းတော့ ၂၇ မတ် ၁၉၉၄
[၁၉] [၂၀] ၂၀၀ ကျပ် ၁၆၅ × ၈၀ မီလီမီတာ အစိမ်းပုတ် သစ်ဆွဲဆင် ၂၇ မတ် ၁၉၉၀၊ ၁၉၉၈ Value below watermark
    ၁၅၀ × ၇၀ mm ၁၁ ဒီဇင်ဘာ ၂၀၀၄ Value above watermark
[၂၁] [၂၂] ၅၀၀ ကျပ် ၁၆၅ × ၈၀ မီလီမီတာ ခရမ်းနုနှင့် အညို စစ်သူကြီး မဟာဗန္ဓုလရုပ်တုအား ဆေးခြယ်နေပုံ ၂၇ မတ် ၁၉၉၄ Value above watermark
    ၁၅၀ × ၇၀ မီလီမီတာ ၁၀ အောက်တိုဘာ ၂၀၀၄ Value below watermark
၅၀၀ ကျပ် ၁၅၀ × ၇၀ မီလီမီတာ အနီနှင့် ပန်းရောင် ဗိုလ်ချုပ် အောင်ဆန်း နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရုံးချုပ် တန်ဖိုးအပေါ် ဗိုလ်ချုပ်အောင်ဆန်းပုံ ၁၉ ဇူလိုင် ၂၀၂၀ Value below watermark
    ၁၀၀၀ ကျပ် ၁၆၅ × ၈၀ မီလီမီတာ အစိမ်းနှင့် ခရမ်းနု ခြင်္သေ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန တန်ဖိုးအပေါ် ခြင်္သေ့ပုံ နိုဝင်ဘာ ၁၉၉၈ Value below watermark
    ၁၅၀ × ၇၀ မီလီမီတာ ၁၁ အောက်တိုဘာ ၂၀၀၄
၁၀၀၀ ကျပ် ၁၅၀ × ၇၀ မီလီမီတာ အပြာ ဗိုလ်ချုပ်အောင်ဆန်း နေပြည်တော် ပြည်ထောင်စုလွှတ်တော် အဆောက်အအုံ တန်ဖိုးအပေါ် ဗိုလ်ချုပ်အောင်ဆန်းပုံ ၄ ဇန်နဝါရီ ၂၀၂၀[၂၃] Value above watermark
    ၅၀၀၀ ကျပ် ၁၅၀ × ၇၀ မီလီမီတာ လိမ္မော်နှင့် ပန်းရောင် ဆင် နေပြည်တော် ပြည်ထောင်စုလွှတ်တော် အဆောက်အအုံ တန်ဖိုးအပေါ် ဆင်ပုံ ၁ အောက်တိုဘာ ၂၀၀၉[၂၄] Value above watermark
    ၁၀,၀၀၀ ကျပ် [၂၅] ၁၅၀ × ၇၀ မီလီမီတာ အပြာ၊ အနီ၊ ခရမ်းနု၊ အစိမ်း၊ အညို၊ အဝါ ပြောင်းလဲထားသော မြန်မာနိုင်ငံတော် အထိမ်းအမှတ်တံဆိပ် (မူလ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ရှိ ခြင်္သေ့၊ ကြယ်များအစား ကြာပန်း၊ ဆင်တစ်စုံ ပါဝင်) မန္တလေးနန်းတော် ကျုံးမြို့ရိုး တန်ဖိုးအပေါ် ကြာပန်းပုံ ၁၅ ဇွန် ၂၀၁၂ Value above watermark

နိုင်ငံခြားငွေလက်မှတ်ပြင်ဆင်

၁၉၉၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် နိုင်ငံခြားငွေလက်မှတ် (foreign exchange certificate) ခေါ် အက်ဖ်အီးစီ ကို ထုတ်ဝေခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၊ ၅၊ ၁၀ နှင့် ၂၀ တို့နှင့် တန်ဖိုးညီမျှသော အက်ဖ်အီးစီများကို ထုတ်ဝေခဲ့သည်။ နိုင်ငံခြားငွေကြေးများကို မြန်မာကျပ်ငွေနှင့် လှဲလှယ်ရာတွင် တရားမဝင်လဲလှယ်ခဲ့ကြရသည်။ ထိုကာလအတွင်း တရားဝင်သတ်မှတ်ထားသော ငွေလဲလှယ်မှုနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ၆ ကျပ်ဖြစ်သော်လည်း မှောင်ခိုဈေးကွက်တွင် ယင်းထက် ၁၀ ဆကျော်မျှ များပြားသည်။ မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသားများအနေဖြင့် အက်ဖ်အီးစီငွေကိုသာ သုံးစွဲခွင့်ရှိပြီး သို့မဟုတ်ပါက တရားဝင်သတ်မှတ်ဈေးဖြင့်သာ မြန်မာငွေကို လဲလှယ်ကြရသည်။

၂၀၁၂ ခုနှစ် ဧပြီလတွင် မြန်မာအစိုးရက နိုင်ငံခြားငွေ လဲလှယ်မှုများကို နိုင်ငံတကာ ငွေကြေးလဲလှယ်မှု နှုန်းထားများအလိုက် ပြင်ဆင်သတ်မှတ်ခဲ့သည်။ ၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် နိုင်ငံခြားငွေလက်မှတ် အက်ဖ်အီးစီများကို ဆက်လက်သုံးစွဲတော့မည်မဟုတ်ကြောင်း အစိုးရက ကြေညာခဲ့သည်။


ဒင်္ဂါးများနှင့် ငွေစက္ကူပုံများပြင်ဆင်

၁၉၃၇ ခုနစ်မှ ၁၉၄၅ ခုနစ်အထိ ထုတ်ဝေခဲ့သော ငွေစက္ကူပုံများပြင်ဆင်

ဂျပန်ခေတ် ငွေစက္ကူပုံများပြင်ဆင်

၁၉၄၈ ခုနစ်မှ ၁၉၈၇ ခုနစ်အထိ ထုတ်ဝေခဲ့သော ငွေစက္ကူပုံများပြင်ဆင်

ကျပ်ဒင်္ဂါးပြင်ဆင်

ကိုးကားပြင်ဆင်

  1. ရှေ့သို့စာစောင် အတွဲ(၉)အမှတ်(၉)၁.၁၀.၆၆၊ စာ-၄
  2. ဦးမြင့်စော (သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်) (မင်္ဂလာမောင်မယ်-၂၀၁၀-ခု ဇူလိုင်လ)
  3. Series of Bank Notes and Coins - Central Bank of Myanmar
  4. Photographic image (JPG)။
  5. Photographic image (JPG)။
  6. Photographic image (JPG)။
  7. Photographic image (JPG)။
  8. Photographic image (JPG)။
  9. Photographic image (JPG)။
  10. History of Bank Notes - Central Bank of Myanmar
  11. Linzmayer၊ Owen (2012)။ "Myanmar"။ The Banknote BookBanknoteNews.com။ San Francisco, California။
  12. New Myanmar kyat note
  13. Myanmar new 5,000-kyat note confirmed BanknoteNews.com, 9 October 2009.
  14. Some Interesting Facts About Paper Money
  15. "Get complete access to The Washington Post online - it's FREE!"၊ The Washington Post၊ 7 June 2012။ [လင့်ခ်သေ]
  16. Myanmar new 10,000-kyat note confirmed
  17. Myanmar new 1,000-kyat note (B119a) confirmed BanknoteNews (https://banknotenews.com). January 12, 2020. Retrieved on 2020-06-27.
  18. Myanmar: New 500-kyat banknote depicting national hero of liberation, Aung San Coin Update (news.coinupdate.com). June 22, 2020. Retrieved on 2020-06-27.
  19. Banknote World - World Currency & Paper Money Collectors။ 14 April 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 January 2021 တွင် ပြန်စစ်ပြီး။
  20. Banknote World - World Currency & Paper Money Collectors။ 14 April 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 January 2021 တွင် ပြန်စစ်ပြီး။
  21. Banknote World - World Currency & Paper Money Collectors။ 28 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 January 2021 တွင် ပြန်စစ်ပြီး။
  22. Banknote World - World Currency & Paper Money Collectors။ 28 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 January 2021 တွင် ပြန်စစ်ပြီး။
  23. Central bank to circulate 'Bogyoke Aung San' 1000-Kyat note
  24. Myanmar new 5,000-kyat note confirmed
  25. Burma to issue 10,000-kyat banknote (31 May 2013)။