အဂျိုင်း(လ်) နည်းဖြင့် ဆော့ဖ်ဝဲရ် ဖန်တီးခြင်း: တည်းဖြတ်မှု မူကွဲများ

"အဂျိုင်း(လ်) နည်..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
(ကွဲပြားမှု မရှိ)

၂၃:၀၄၊ ၁၁ မေ ၂၀၁၉ ရက်နေ့က မူ

အဂျိုင်း(လ်) နည်းဖြင့် ဆော့ဖ်ဝဲရ် ဖန်တီးခြင်း (အင်္ဂလိပ်: Agile software development) ဆိုသည်မှာ ဆော့ဖ်ဝဲရ် တစ်ခုကို ဖန်တီးရာတွင် ချဉ်းကပ် အဖြေရှာပုံ နည်းလမ်းတစ်ခုဖြစ်သည်။ ထိုနည်းလမ်းတွင် ကိုယ်တိုင် ခေါင်းဆောင်တာဝန်ယူနိုင်၍ ဆော့ဖ်ဝဲရ်ကဏ္ဍစုံတွင် ကျွမ်းကျင်သူများပါဝင်သည့် အဖွဲ့များ နှင့် ဆော့ဖ်ဝဲရ်ကို အသုံးပြုမည့်သူများ အတူတကွ ညှိနှိုင်း အားထုတ်လုပ်ဆောင်၍ ဆော့ဖ်ဝဲရ် အတွက် လိုအပ်ချက်များ နှင့် ဆော့ဖ်ဝဲရ်အဖြေများကို အဆင့်ဆင့် ဖော်ထုတ် ရယူသည်။[၁]အဂျိုင်း(လ်) နည်းတွင် ပြောင်းလဲရန် လွယ်ကူသောစီစဉ်မှု၊ ဆင့်ကဲပြောင်းလဲ ဖန်တီးခြင်း၊ ဆော့ဖ်ဝဲရ် တစ်ခုကို စောစီးစွာ ပေးအပ်ခြင်း နှင့် အစဉ်မပြတ် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်းများကို အလေးထား၊ ဦးစားပေး၍ အပြောင်းအလဲ ကို လျင်မြန်စွာ တုံ့ပြန်၍ ပြောင်းလဲရန် ပျော့ပြောင်း လွယ်ကူခြင်းကို အားပေးသည်။[၂]

(အင်္ဂလိပ်: a) အသေးဖြင့် အဂျိုင်း(လ်) (အင်္ဂလိပ်: agile) ဟုသုံးလျှင် ဆော့ဖ်ဝဲရ် ဖန်တီးခြင်းတွင် ပြောင်းလဲရန် လွယ်ကူခြင်းနှင့် ပြောင်းအလဲ ကို လျင်မြန်စွာ တုံ့ပြန်နိုင်ခြင်းတို့ကို ယေဘုယျသဘောဖြင့် ရည်ညွန်းသည်။ (အင်္ဂလိပ်: A)အကြီးဖြင့် အဂျိုင်း(လ်) (အင်္ဂလိပ်: Agile) ဟုသုံးလျှင် အဂျိုင်း(လ်) ဆော့(ဖ်)ဝဲ(ရ်) ဖန်တီးမှု ကြေညာစာတန်း [၃] နှင့်အညီ သို့မဟုတ် အနည်းစပ်ဆုံး ကိုက်ညီသော နည်းလမ်းများဖြင့် ဆော့ဖ်ဝဲရ် ဖန်တီးခြင်း ဟုအဓိပ္ပါယ်ရသည်။

ကိုးကား

  1. Collier၊ Ken W. (2011)။ Agile Analytics: A Value-Driven Approach to Business Intelligence and Data Warehousing။ Pearson Education။ pp. 121 ff။ ISBN 9780321669544What is a self-organizing team?
  2. What is Agile Software Development?။ Agile Alliance (8 June 2013)။ 4 April 2015 တွင် ပြန်စစ်ပြီး။
  3. Kent Beck (2001)။ Manifesto for Agile Software Development။ Agile Alliance။ 14 June 2010 တွင် ပြန်စစ်ပြီး။