ယိမ်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-မြင့်မိုရ် +မြင်းမိုရ်)
စာကြောင်း ၁၃ -
တော၊ ကျေးလက်တို့တွင် ဘုန်းကြီးပျံ၊ ဘုရားပွဲ၊ စွယ်တော်လှည့်ပွဲ၊ အလှူ၊ ဆွမ်းကြီးလောင်း စသည့် ပွဲများကျင်းပသည့်အခါ ရပ်သူရွာသားတို့ အားရဝမ်းသာ စုပေါင်းကခုန်ရာမှ အစပြု၍ 'ယိမ်း'အကတို့ ပေါ်ပေါက်လာခဲ့သည်။ ဦးစွာ၌ ယောက်ျားများချည်း သက်သက် ကပြသည့် ယိမ်းများ ပေါ်ထွက်လာသည်။ ထိုယိမ်းများမှာ သိုင်းအကဟန်များ ပါဝင်ပြီးလျှင် အနည်းဆုံး ရှစ်ယောက်မှ ၁၆ ယောက်အထိ ပါဝင်ကပြလေ့ရှိသည်။ ဝတ်စားဆင်ယင်ပုံမှာ ခါးတောင်းကျိုက်၊ ဖျင်ရင်စိလက်တို၊ သျှောင်တစောင်းနှင့် လက်ကိုင်ပုဝါ ခေါင်းစည်းထားလေ့ ရှိသည်။ နောက်ခေတ်များတွင် ကတ္တီပါဘောင်းဘီ၊ ပိုးပုဆိုး ခါးတောင်းကျိုက်၊ ထိုင်မသိမ်းများ ဝတ်ဆင်လာကြပြီးလျှင် ဓားရေး၊ လှံရေးလည်းမဟုတ်၊ ဗန်တိုဗန်ရှည်၊ ဓားသိုင်း၊ တုတ်သိုင်းလည်းမဟုတ်သည့် ယခုခေတ် မင်းသားလတ် ယိမ်းအကနှင့် ဆင်ဆင်တူသောအကများ ခေတ်စားလာခဲ့သည်။ စလေနှင့် ပုပ္ပါးနယ်တို့တွင် ယောက်ျား ၁၆ ယောက်၊ လေးယောက်စီ တန်းစီပြီးလျှင် အထက်ဖော်ပြပါ အဝတ်အစားများကို ဝတ်ဆင်ကာ ကပြလေ့ရှိခဲ့သည်ဟု ဆိုသည်။ တူရိယာတို့မှာ ပုံတစ်လုံး၊ စည်းတစ်လက်၊ ဝါးလက်ခုပ် တစ်လက်မျှသာ ပါဝင်ပြီးလျှင် တောဘုန်းကြီးပျံများ၊ ဘုရားပွဲများတွင် သံချပ်ထိုး၍ ကလေ့ရှိခဲ့ကြပေသည်။ ယနေ့တိုင် မင်းဘူး၊ စလင်း ကျေးလက်များတွင် တွေ့မြင်နိုင်သေးသည့် ဇော်တုံး၊ ဇော်ယိမ်းမှာ ထိုယိမ်းမျိုး ဖြစ်လေသည်။
 
ရှေးအထက်က ယိမ်းများ ရှိခဲ့သော်လည်း မင်းတုန်းမင်း လက်ထက်မှ စ၍ တိုးတက်လာသည်ဟု ဆိုလေသည်။ နန်းတော်တွင်း နန်းတော်ပြင် သီတင်းကျွတ်လ မြင့်မိုရ်ပွဲတော်တွင်မြင်းမိုရ်ပွဲတော်တွင် ကိုယ်ရံတော်သား ၁၆ ယောက်သည် အဝတ်ဆင်တူ၊ သျှောင်ထုံး ခေါင်းပေါင်းဖြူ ဖော့လုံး၊ ပုဆိုးဒူဖုံး အောက်ပိုးကျိုက်၍ လက်ဝါးပေါ်တွင် ဆီမီးခွက်တင်ပြီးလျှင် ထိုဆီမီးခွက် အလယ်တည့်တည့်တွင် ဖယောင်းတိုင်ကို ခိုင်စွာစိုက်ထောင်ရသည်။ ရှေးဦးစွာ ပုဆစ်တုပ်ထိုင်လျက် ဦးသုံးကြိမ်ချသည်မှ စ၍ ဘုရားဂုဏ်တော်ဘွဲ့သီချင်း သီဆိုရသည်။
 
တစ်ယောက်နှင့် တစ်ယောက်မှာလည်း သုံးတောင်ခန့် ခြား၍ တစ်ဦးလက်နှင့် တစ်ဦး၊ လက်ဟန်ချင်း ထိခိုက် မရှုပ်ထွေးစေရန် ထိုင်ရလေသည်။ ရှိခိုးရာမှ ဖြည်းညှင်းသိမ်မွေ့စွာ ရိပ်ရိပ်ကလေး မသိမသာ ဟန်ယူ၍ လက်ဝဲလက်ယာ ဦးခေါင်းငဲ့ခြင်း၊ လက်ဟန်လှုပ်ရှားခြင်း၊ ကိုယ်ကို ကျုံ့ခြင်း၊ နောက်သို့ယုံ့ခြင်းတို့ကို ဝိုင်းဝန်းနေအောင် လက်အုပ်ချီခြင်းများစွာဖြင့် ရှေ့တိုးနောက်ဆုတ်ထိုင်ရာမှ တရွေ့ရွေ့ ကြွမှန်းမသိ ကြွ၍ မတ်တပ်ရပ်သည်အထိ အဆိုနှင့် အတီး အမှုတ် သာယာနာပျော်ဖွယ် ရှိရသည်။