ပါကစ္စတန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၅၇ -
ပါကစ္စတန်နိုင်ငံတခုလုံး၏ အကျယ်အဝန်းသည် ၃၆၄,၇၃၇ စတုရန်းမိုင် ဖြစ်သည်။ အနောက်ပါကစ္စတန်၏ အကျယ်အဝန်းမှာ ၃၁၀,၂၃၆ စတုရန်းမိုင်ဖြစ်၍၊ အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) ၏ အကျယ်အဝန်းမှာ ၅၄,၅၀၁ စတုရန်းမိုင် ဖြစ်သည်။ ပါကစ္စတန်၏ လူဦးရေမှာ ၂၀၁၇ ခုနှစ် သန်းခေါင်စာရင်းအရ ၂၁၂ သန်းကျော်ရှိသည်။ လူဦးရေ၏ ၉၆ ရာခိုင်နှုန်းသည် မွတ်ဆလင်များဖြစ်သည်။
ပါကစ္စတန်နိုင်ငံတွင် နှုံးတင်မြေကြွယ်ဝသောလွင်ပြင်များနှင့် တောင်ထူထပ်သော ကုန်းပြင်မြင့်များရှိသည်။ ရာသီဥတုမှာ ပူပြင်းခြောက်သွေ့သည်။ ပါကစ္စတန်တွင် မြစ်ကြီးငါးစင်းရှိသည်။ ယင်းမြစ်ကြီးငါးစင်းမှာ အိန္ဒူမြစ်၊ ဂျေလမ်မြစ်၊ ချီနပ်မြစ်၊ ရာဝီမြစ်နှင့် ဆပ်တလက်မြစ်တို့ဖြစ်၍၊ ထိုမြစ်အားလုံးသည် ဟိမဝန္တာတောင်တွင် မြစ်ဖျားခံကြသည်။ ထိုမြစ်တို့အပြင် ကြီးကျယ်သော ဆည်မြောင်းများလည်း ရှိသဖြင့်၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် များစွာဖွံ့ဖြိုးသည်။ ဂျုံကို အများဆုံး စိုက်ပျိုးလုပ်ကိုင်ကြသည်။ အခြားသီးနှံများမှာ ဆန်စပါး၊ ပြောင်း၊ မုယောနှင့် နှံစားပြောင်းတို့ ဖြစ်သည်။ ပါကစ္စတန်မှ နှစ်စဉ်ထွက်သော ဝါဂွမ်းအလေးချိန်သည် အိန္ဒိယနိုင်ငံထွက် အလေးချိန်၏ ၃ပုံ၁ပုံခန့်သာ ရှိသော်လည်း ပါကစ္စတန်ဝါဂွမ်းသည် အိန္ဒိယပြည်ထွက်ဝါဂွမ်းထက် ပို၍အမျိုးကောင်းသည်။ ဆီထွက်သော သီးနှံစေ့များကို နိုင်ငံခြားသို့ တင်ပို့ရောင်းချနိုင်သည်။ သိုး၊ ဆိတ်၊ ကျွဲ၊ နွားမွေးမြူရေးသည်လည်း ပါကစ္စတန်၏ လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ရေနံ၊ ကျောက်မီးသွေး၊ ခရိုမိုက်စသော ဓာတ်သတ္တုများလည်း ထွက်သည်။ ပန်ဂျပ်နယ်မှ နှစ်စဉ် ဆားတန်ချိန်ပေါင်း ၅ သိန်းခန့် ထွက်သည်။
 
{{အာရှတိုက်ရှိ နိုင်ငံများ}}
 
[[Category:ပါကစ္စတန်နိုင်ငံ| ]]