ခံတပ်နီ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၆ -
 
'''ခံတပ်နီ''' သည် [[အိန္ဒိယနိုင်ငံ]] [[ဒေလီမြို့]]တွင် တည်ရှိသော သမိုင်းဝင် ခံတပ်တစ်ခု ဖြစ်သည်။ ထိုနေရာသည် မဂိုမင်းဆက်မှ မဂိုဘုရင်တို့၏ နေထိုင်ရာနန်းတော် အဖြစ် နှစ်ပေါင်း ၂၀၀ ခန့်မျှ တည်ရှိခဲ့သည်မှာ ၁၈၅၆ အထိ ဖြစ်သည်။ <ref>{{cite news |last1=Mukherjee |first1=Anisha |title=Whose fort is it anyway |url=http://indianexpress.com/article/express-sunday-eye/whose-fort-is-it-anyway-red-fort-controversy-5200389/ |publisher=The Indian Express |date=3 June 2018}}</ref> ၎င်းသည် ဒေလီမြို့၏ အလယ်ဗဟိုတွင် တည်ရှိပြီး ပြတိုက်အများအပြား တည်ရှိသော နေရာ ဖြစ်သည်။ ဘုရင်များနှင့် ၎င်း၏ အခြံအရံများ နေထိုင်ရာ နေရာ ဖြစ်သည်သာ မကပဲ ခံတပ်နီသည် မဂိုနိုင်ငံတော်၏ ပွဲလမ်းသဘင်များ ဆင်ယင်ကျင်းပရာနှင့် နိုင်ငံရေး အချက်အခြာနေရာ ဖြစ်ခဲ့ပြီး ဒေသအတွင်း သို့ သက်ရောက်မှု ရှိခဲ့သော အဖြစ်အပျက်များ အစပျိုးရာ နေရာ ဖြစ်ခဲ့သည်။<ref name="unesco_whl_entry">{{cite web |url=http://whc.unesco.org/en/list/231 |title=Red Fort Complex |work=World Heritage List |publisher=[[UNESCO]] World Heritage Centre |accessdate=15 November 2009 }}</ref>
 
၁၆၃၉ ခုနှစ်တွင် ပဉ္စမမြောက် မဂိုဘုရင် ရှားဂျာဟန်မှ ၎င်း၏ ခံတပ်မြို့ ရှားဂျာဟာနာဘတ်မြို့၏ နန်းတော်အဖြစ်တည်ဆောက်ခဲ့ပြီး ခံတပ်နီဟု အမည်တွင်ရခြင်းမှာ ပတ်ချာလည်ရှိ တံတိုင်းများမှ ကြီးမားလှသော အနီရောင် သဲကျောက်တုံးကြီးများကြောင့် ဖြစ်ပြီး ၁၅၄၆ ခုနှစ်တွင် အစ္စလာမ် ရှားဘုရင် ဆူရီ မှ တည်ဆောက်ခဲ့သော ပိုမိုရှေးကျသော ဆလင်းဂါခံတပ်နှင့် ကပ်လျှက် တည်ရှိသောကြောင့် ဖြစ်သည်။ တော်ဝင်ခန်းဆောင်များတွင် အရိပ်ခိုနားစရာ မဏ္ဍပ်ကနားများ အတန်းလိုက်တည်ရှိပြီး နိဗ္ဗာန်ဘုံမှ ချောင်း ဟု ခေါ်ကြသည့် ရေမြောင်းများဖြင့် ဆက်သွယ်ထားသည်။ ထိုခံတပ်အဆောက်အဦးသည် ရှားဂျာဟန်၏ လက်ထက်တွင် မဂိုတို့၏ တီထွင်ကြံဆမှု ထိပ်ဆုံးရောက်ကြောင်း ပြသသည့် အဆောက်အဦးတစ်ခု ဖြစ်သည်။ နန်းတော်အား အစ္စလာမ်ပုံစံ အစီအစဉ်ချထားသော်လည်း မဏ္ဍပ်ကနား တစ်ခုချင်းစီတွင် ပုံမှန် မဂိုအဆောက်အဦးများတွင် တွေ့ရလေ့ ရှိသော ပါရှား၊တီမူရစ် နှင့် ဟိန္ဒူတို့၏ ရိုးရာ ဗိသုကာလက်ရာ များကို တွေ့ရသည်။<ref>{{cite web |url= https://whc.unesco.org/en/list/231|title= Red Fort Complex|author=<!--Not stated--> |website= whc.unesco.org|publisher= UNESCO|access-date= 2019-01-01|quote= "each pavilion reveals architectural elements typical of Mughal building, reflecting a fusion of Persian, Timurid and Hindu traditions"}}</ref> ခံတပ်နီ၏ ပန်းခြံဒီဇိုင်း အပါအဝင် ဆန်းသစ်သော ဗိသုကာ စတိုင်လ်သည် နောက်ပိုင်းတွင် ဒေလီ၊ ရာဂျက်စသန်၊ ပန်ဂျပ်၊ ကက်ရှမီးယား၊ ဘရက်ဂျ်၊ ရိုဟစ်ဟန်း နှင့် အခြားနေရာများတွင် တည်ဆောက်သော အဆောက်အဦးများပေါ်တွင် ဩဇာလွှမ်းမိုးမှုရှိသည်။<ref name="unesco_whl_entry" />
 
ခံတပ်အတွင်းရှိ အနုပညာ လက်ရာများနှင့် ရတနာများကို ၁၇၄၇ နာဒါရှားမှ မဂိုအင်ပိုင်ယာသို့ ကျူးကျော်ဝင်ရောက်ချိန်တွင် လုယက်ယူဆောင်သွားခဲ့သည်။ ခံတပ်၏ အဖိုးတန်သော စကျင်ကျောက်သား အဆောက်အဦး အများစုမှာ ၁၈၅၇ ခုနှစ် ပုန်ကန်မှုနောက်ပိုင်းတွင် ဗြိတိသျှတို့ကြောင့် ပျက်စီးခဲ့ရသည်။ <ref name="auto">{{cite book|title=The Last Mughal|publisher=Penguin|isbn=978-0-14-310243-4|page=7|author=William Dalrymple|chapter=Introduction}}</ref> ခံတပ်၏ ကာကွယ်ထားသော တံတိုင်းများမှာမူ ချမ်းသာရာရခဲ့ပြီး ခံတပ်အား ထို့နောက်တွင် စစ်အခြေစိုက်စခန်း အဖြစ် အသုံးပြုခဲ့သည်။<ref name="auto" /> ခံတပ်နီသည် ဗြိတိသျှတို့မှ မဂိုမင်းဆက် နောက်ဆုံးဘုရင်အား ၁၈၅၈ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြည်နှင်ဒဏ်မပေးမီ တရားစွဲဆိုခဲ့ရာ နေရာလည်း ဖြစ်သည်။<ref>{{cite book|last1=Gill|first1=M. S.|title=Trials that Changed History: From Socrates to Saddam Hussein|date=2007|publisher=Sarup & Sons|isbn=9788176257978|pages=297}}</ref>
 
==ကိုးကား==