မှူးအောင်၊ ဗိုလ် (ရဲဘော်သုံးကျိပ်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂြိုလ် +ဂြိုဟ်, -ဓါတ် +ဓာတ်)
အရေးမကြီးNo edit summary
စာကြောင်း ၈၀ -
 
ဖြူးမြို့နယ် တို့ဗမာအစည်းအရုံးတွင် ထိုအချိန်က လှုပ်ရှားပါဝင်နေကြသော သခင်သန်းဖေနှင့် တက်ညီလက်ညီ တွဲဖက်မိခဲ့သည်။ သခင်သန်းဖေမှာ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပါလီမန်အမတ်ဘဝမှတောခိုသွားပြီး တောထဲတွင် ကွယ်လွန်ခဲ့သူဖြစ်သည်။ [[တို့ဗမာအစည်းအရုံး]]၏ သာယာဝတီညီလာခံမှ `အင်္ဂလိပ်အခက် ဗမာအချက်´ ဆိုသောကြွေးကြော်သံဖြင့်လွတ်လပ်ရေးလမ်းစကိုရှာခဲ့ချိန်တွင် [[အောင်ဆန်း|သခင်အောင်ဆန်း]]က နိုင်ငံခြားသို့ ထွက်ခွါကာ စစ်ပညာသင်ယူကြမည့် ရဲဘော်များကိုလာခေါ်လေသည်။ ဂျပန်ပြည်သို့ထွက်ခွါသော ရဲဘော်သုံးကျိပ်အဖွဲ့၏ စတုတ္ထမြောက် ထွက်ခွါသောအဖွဲ့နှင့်လိုက်ပါသွားခဲ့ပြီး ၎င်းအဖွဲ့တွင် သခင်ရှုမောင်([[နေဝင်း၊ ဦး|ဗိုလ်ချုပ်ကြီးနေဝင်း]]) လည်း အတူပါရှိခဲ့သည်။ သင်္ဘောဖြင့် တိုကျိုသို့ထွက်ခွါခဲ့ပြီး ၎င်းမှတစ်ဆင့် ဟိုင်နန်ကျွန်းသို့ သွားရောက်ကာ စစ်ပညာများသင်ကြားခဲ့သည်။ ဟိုင်နန်ကျွန်းနှင့် တိုင်ဝမ်ကျွန်းများတွင် စစ်ပညာများသင်ကြားပြီးနောက် ထိုင်းနိုင်ငံတွင် ဗမာ့လွတ်လပ်ရေး တပ်မတော်ကိုဖွဲ့စည်းသောအခါ သခင်စံလှိုင်အမည်မှ ဗိုလ်အောင်အဖြစ် အမည်ပြောင်းခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် အနေဖြင့် မြန်မာနိုင်ငံတွင်းသို့ စစ်ကြောင်းကြီးများဖြင့် ဝင်လာသောအခါတွင် ဗိုလ်အောင်သည် တပ်ဦးမှနေ၍ဦးစီးရသော တပ်မှူးအဖြစ် ချီတက်ဝင်ရောက်လာခဲ့သည်။
[[File:Ye_baw_thon_jate_bo_hmu_aung.jpg|thumb|250px|ပြည်သူ့လွတ်တော်ဗမာ့လွတ်လပ်ရေး ဉက္ကဌတပ်မတော် (BIA) ဗိုလ်မှူးအောင်|alt=]]
ပထမတွင် ဗိုလ်မှူးရန်နိုင်အုပ်ချုပ်သော ဗမာ့လွတ်လပ်ရေးတပ်မတော် တပ်ရင်း(၂) တွင် ပါဝင်ခဲ့ပြီးနောက် ဗမာ့ကာကွယ်ရေး တပ်မတော် ဖွဲ့စည်းသည့် အခါတွင် တပ်ရင်း (၅) ၏ တပ်ရင်းမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။နောက်ထပ်၍တပ်များကိုတို့ချဲ့ပြီးနောက် တိုင်းအသီးသီးဖွဲ့ရာတွင် ဗိုလ်မှူးအောင်သည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဦးစီးခဲ့သည်။ ဗိုလ်မှူးအောင်၏ လက်အောက်ခံစစ်အရာရှိများမှာ [[စိန်မှန်၊ ဗိုလ်မှူး|ဗိုလ်စိန်မှန်]] (နောင်တွင် ဗိုလ်မှူးစိန်မှန်၊ သောင်းကျန်းမှု နှိမ်နင်းရင်းကျဆုံးသူ) နှင့် [[အောင်ကြီး၊ ဦး|ဗိုလ်ကြီးအောင်ကြီး]] (နောင်တွင် [[အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်|အမျိုးသားဒီမိုကရေစီပါတီ]] တည်ထောင်သူ) တို့ဖြစ်ကြသည်။