အဂျိုင်း(လ်) နည်းဖြင့် ဆော့ဖ်ဝဲရ် ဖန်တီးခြင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
No edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာကြောင်း ၃၁ -
== အဂျိုင်း(လ်) ဆော့(ဖ်)ဝဲ(ရ်)ဖန်တီးမှု အတွက် ကြေညာစာတန်း ==
=== အဂျိုင်း(လ်) ဆော့(ဖ်)ဝဲ(ရ်)ဖန်တီးမှု တန်ဖိုးထားချက်များ ===
အဂျိုင်း(လ်) ကြေညာစာတန်းကို ထောက်ခံ လက်မှတ်ရေးထိုးသူ တစ်ဆယ့်ခုနှစ်ဦးသည် သူတို့၏ ဆော့(ဖ်)ဝဲ(ရ်)ကို ကိုယ်တိုင်ဖန်တီးခြင်း နှင့် အခြားသူများအား ဆော့(ဖ်)ဝဲ(ရ်) ဖန်တီးခြင်းတွင် ကူညီအားပေးခဲ့သော စုပေါင်း အတွေ့အကြုံများ ကို အခြေခံ၍ သူတို့၏ တန်ဖိုးထားပုံကို - <ref name="AgileManifesto" />
* {{em | {{strong | လူပုဂ္ဂိုလ်များနှင့် အပြန်အလှန်ဆက်ဆံမှုများ}} ကို နည်းစဉ်များနှင့် အထောက်အကူကရိယာများထက် ပို၍}}
* {{em | {{strong | အလုပ်လုပ်သော ဆော့(ဖ်)ဝဲ(ရ်)}} ကို စာရွက်စာတမ်း ပြည့်စုံခြင်းထက် ပို၍}}
* {{em | {{strong | အသုံးပြုသူနှင့် လက်တွဲဆောင်ရွက်ခြင်း}} ကို စာချုပ် ညှိနှိုင်းခြင်းထက် ပို၍}}
* {{em | {{strong | အပြောင်းအလဲနှင့် လိုက်လျောညီထွေ ဆောင်ရွက်ခြင်း}} ကို စီမံကိန်းအတိုင်း လုပ်ဆောင်ခြင်းထက် ပို၍}}
ဟု ထုတ်ပြန်ကြေညာ ခဲ့ကြသည်။ အချုပ်သဘောမှာ လက်ဝဲဘက်တွင် ဖော်ပြထားသော အချက်များသည် လက်ယာဘက်တွင်ရှိသော အချက်များထက် ပို၍ တန်ဖိုးရှိသည် ဟု ဆိုလိုခြင်းဖြစ် သည်။ပို၍တန်ဖိုးရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။
 
စကော့တ် အမ်ဘလာ ၏ ဖွင့်ဆိုရှင်းပြချက်မှာ -<ref name="abmmw">{{cite web |url=http://www.ambysoft.com/essays/agileManifesto.html |title=Examining the Agile Manifesto |publisher=Ambysoft Inc.|accessdate=6 April 2011}}</ref>
* အထောက်အကူကရိယာများနှင့် နည်းစဉ်များသည် အရေးကြီးသည်။ သို့သော် ပို၍အရေးကြီးသောအချက်မှာ အရည်အချင်းရှိသောပုဂ္ဂိုလ်များ ထိရောက်ပေါက်မြောက်စွာ အတူတကွ အလုပ်လုပ်ကိုင်လျှက်ရှိခြင်း ဖြစ်သည်။
* ပြည့်စုံကောင်းမွန်သော စာရွက်စာတန်းသည် ဆော့(ဖ်)ဝဲ(ရ်)ကို တည်ဆောက်ထားပုံ နှင့် မည်ကဲ့သို့အသုံးပြုရမည်ကို လူအများနားလည်အောင် ရှင်းလင်းသင်ပြရာတွင် အထောက်အကူပြုသည်။ သို့သော် ဆော့(ဖ်)ဝဲ(ရ်)ဖန်တီးမှု၏ အဓိကအချက်မှာ ဆော့(ဖ်)ဝဲ(ရ်)ကို ဖန်တီးရန်ဖြစ်သည်။ စာရွက်စာတန်း ရေးရန်မဟုတ်။
* စာချုပ်သည် အရေးကြီးသည်။ သို့သော် ဆော့(ဖ်)ဝဲ(ရ်)ကို အသုံးပြုမည့်သူများနှင့် အနီးကပ်အလုပ်လုပ်၍ သူတို့၏လိုအပ်ချက်ကို ရှာဖွေခြင်းကို စာချုပ်တစ်စောင်နှင့် အစားမထိုးနိုင်ပါ။
* စီမံကိန်းတစ်ခုအတွက် အစီအစဉ်သည် အရေးကြီးသည်။ သို့သော် ထိုအစီအစဉ်သည် နည်းပညာနှင့် ပတ်ဝန်းကျင်အပြောင်းအလဲ၊ စီမံကိန်း အကျိုးလိုလားသူများ၏ ဦးစားပေးအဆင့် အပြောင်းအလဲ၊ လူအများ၏ ပြဿနာကို နားလည်ပုံနှင့် ဖြေရှင်းနည်း အပြောင်းအလဲတို့ကို နေရာမပေးနိုင်လောက်အောင် တင်းကြပ်၍ ပုံသေကားချမရှိစေရပါ။
 
== ကိုးကား ==