အဂျိုင်း(လ်) နည်းဖြင့် ဆော့ဖ်ဝဲရ် ဖန်တီးခြင်း: တည်းဖြတ်မှု မူကွဲများ

Added ref. to agile principles
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာကြောင်း ၇၁ -
|df=dmy |author-link=Kent Beck
}}</ref>
* တန်ဖိုးရှိသော ဆော့ဖ်ဝဲကို ဆောလျင်စွာ နှင့် အဆက်မပြတ် ပေးအပ်ခြင်းဖြင့် အသုံးပြုသူများ စိတ်ကြေနပ်မှုရသည်။
* ဖန်တီးမှုအတွက် အချိန်နှောင်းနေသည့် တိုင်အောင် လိုအပ်ချက်များ ပြောင်းလဲခြင်းကို လက်ခံကြိုဆိုသည်။
* အလုပ်လုပ်သော ဆော့ဖ်ဝဲကို မကြာခဏ ပေးအပ်သည်။ လပေါင်းများစွာ အစား ရက်သတ္တပတ် အနည်းငယ်မျှသာ စောင့်ရသည်။
* လုပ်ငန်းကျွမ်းကျင်သူများနှင့် ဖန်တီးသူများ နေ့စဉ် နီးကပ်စွာ ပူးတွဲ အလုပ်လုပ် ကိုင်ကြသည်။
* စိတ်ချရသော စိတ်အားတက်ကြွ သူများကို ဗဟိုပြု၍ စီမံကိန်းများကို ရေးဆွဲ တည်ဆောက်သည်။
* မျက်နှာချင်းဆိုင် တွေ့ဆုံ၍ စကားပြောရခြင်းသည် အကောင်းဆုံး ဆက်သွယ်နည်းဖြစ်သည်။ နေရာတစ်ခုထဲတွင် အတူတူ အလုပ်လုပ်ကြခြင်းကို ဆိုလိုသည်။
* အလုပ်ပေါက်မြောက်မှု၏ အဓိက အတိုင်းအတာ သည် အလုပ်လုပ်သော ဆော့ဖ်ဝဲ ဖြစ်သည်။
* ရေရှည်အလုပ်ဖြစ်သော ဖန်တီးမှုဆိုသည်မှာ အလုပ်လုပ်မှုနှုံးကို တသမတ်တည်း ထိန်းထားနိုင်ခြင်း ဖြစ်သည်။
* နည်းပညာသာလွန်မှုနှင့် ဒီဇိုင်းကောင်းမွန်မှုကို အစဉ်အမြဲ ဂရုပြုသည်။
* ရိုးရှင်းမှု သို့မဟုတ် အလုပ်မရှုပ်အောင် ရှင်းနိုင်သော ပညာသည် မရှိမဖြစ် အရေးပါသည်။
* အကောင်းဆုံး တည်ဆောက်ပုံစံများ၊ လိုအပ်သည့်အချက်များနှင့် ဒီဇိုင်းများသည် မိမိတို့ကိုယ်တိုင် စီမံဖွဲ့စည်းသော အဖွဲ့များမှ ပေါ်ထွက်သည်။
* အလုပ် ပိုမိုထိရောက်စေရန် မည်ကဲ့သို့ လုပ်ဆောင်မည်ကို အဖွဲ့သည် အချိန်တခုရောက်တိုင်း ပုံမှန်ပြန်လှန်၍ သုံးသပ်သည်။ ထို့နောက် သုံးသပ်ချက်နှင့်အညီ ပြုပြင်သည်။
 
== ကိုးကား ==