ပျဉ်းမနားမြို့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၄၂ -
ထိုသို့ ပန္နက်ရိုက်ပြီးလျှင် ဦးရွှေတုတ်က ရွာကိုးရွာမှ တစ်ရွာလျှင် တစ်ဦးကျစီခေါ်ယူ၍ အိုးသစ်အိမ်သစ်များ တည်ဆောက်စေသည်။၎င်းကိုးရွာမှ အိမ်သစ်ဆောက်သူများမှာ (၁) တောင်ဝင်ရွာသားကိုရွှေသား၊ (၂) ဆိပ်နန်တုံးရွာသား ဦးပသီ၊ (၃) သပြေတန်းရွာသား ဦးရွှေပေါက်၊ (၄) ကြက်ပြေးရွာသား ဦးစံမြ၊ (၅) မီးလောင်ကုန်းရွာသား ဦးမြတ်သူ၊ (၆) ရွာကောက်ကြီးသား ဦးရန်လုံ၊ (၇)သစ်တပ်ရွာသား ဦးသာချော၊ (၈) ရွှေပေးရွာသား ဦးရန်အောင်၊ (၉) ရေပြာရွာသား ဦးရန်ကင်းတို့ဖြစ်သည်။
 
===နယ်ကျန်===
နယ်ကျန်။ မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သိမ်းယူခဲ့သည်။ ကေတုမတီ ၅၅ မြို့နှင့် အောက်မြန်မာပြည်မှာ အင်္ဂလိပ်တို့ လက်အောက်ကျရောက်ခဲ့ရသည်။ အင်္ဂလိပ်မြန်မာနယ်ခြား ကျောက်တိုင်ကို ယခုရေနီဘူတာမြောက်ဘက်အနီး အင်ပင်တွင် ကျောက်တိုင် စိုက်ထူသည်။ တောင်ငူ ၅၅ မြို့အနက် ၁၂ မြို့ကို ချန်ထားပြီး ပေးအပ်သဖြင့် နယ်ကျန် ၁၂ မြို့ဟူ၍ခေါ်တွင်သည်။ ၎င်းနယ်ကျန်မြို့များမှာ တောင်ညို၊ ဝါးနွယ်ကုန်း(ယခု [[လယ်ဝေး]])၊ [[မင်းပြင်]]၊ ရန်အောင်မြင်၊ ဝက်ကမူ၊ သစ်တပ် တောင်ဝင်၊ ဇေယျသိမ် (ယခုအေလာ)၊ ရွှေမြို့၊ နင်းကြမ်း(ပျဉ်းမနား)၊ ပျဉ်းမနား (ယခုပျဉ်းမနားဟောင်း)၊ ပြကောင်း(ယခုကျည်တောင်ကန်)နှင့် ကျည်တောင့်ခေါမတို့ဖြစ်သည်။
 
နယ်ကျန် ၁၂ မြို့တွင် ယခုပျဉ်းမနားမြို့ဖြစ်သော (နင်းကြမ်း)မြို့သည် လူနေအိမ်ခြေအထူထပ်ဆုံး၊ လမ်းပန်းအဆက်အသွယ်အကောင်းဆုံးဖြစ် ခြင်းကြောင့် (နယ်ကျန်)မြို့ဟူ၍ ခေါ်တွင်သည်။ မြန်မာနိုင်ငံသမိုင်းတွင် မင်းတုန်းမင်းတရားလက်ထက် သမန်ဘန်းကြီးအား နယ်ကျန်မြို့ဝန်ခန့်လျက် ဦးအယ်မောင်အား မြို့သူကြီးခန့်ထားသည်ကို အထောက်အထားခိုင်လုံစွာ တွေ့ရှိရသည်။