ဆရာမှတ်ကြီး: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
စာမျက်နှာကို ဆရာမှတ်ကြီး သို့ ပြန်ညွှန်းလိုက်သည် စာတွဲ: ပြန်ညွှန်းအသစ် |
ဆရာမှတ်ကြီး သို့ ပြန်ညွှန်းကို ဖယ်ရှားခဲ့သည် စာတွဲ: ပြန်ညွှန်းကို ဖယ်ရှားခဲ့သည် |
||
စာကြောင်း ၁ -
'''ဆရာမှတ်ကြီး''' ခေါ် ဒေါက်တာ ဂျွန်အက်ဗင်နီဇာ မတ် (John Ebenezer Marks) သည် မင်းတုန်းမင်း၊ သီပေါမင်းတို့နှင့် ရင်းနှီးသော ရေဖျန်းဂိုဏ်းမှ ခရစ်ယာန်သာသနာပြုပုဂ္ဂိုလ်ဖြစ်လေသည်။ သို့ရာတွင် ဒေါက်တာမတ်သည် ပညာရေးဘက်၌ အထူးအာရုံစိုက် ဆောင်ရွက်ခဲ့သူ ဖြစ်သဖြင့် မြန်မာနိုင်ငံပညာရေးသမိုင်းနှင့် ပို၍ ဆက်စပ်ထင်ရှားပေသည်။ စင်စစ်အားဖြင့်လည်း ဒေါက်တာမတ်သည် အစအဦးတွင် မြန်မာနိုင်ငံ၌ ပညာရေးလုပ်ငန်းကို ဆောင်ရွက်ရန် ရေဖျန်းဂိုဏ်းမှ စေလွှတ်ချက်အရ လာရောက်ခဲ့ခြင်း ဖြစ်လေသည်။ ထိုစဉ်အခါက ဘုရင်စိုးမင်းနှင့်တကွမင်းညီမင်းသား၊ တိုင်းသူပြည်သား အပေါင်းတို့က ကြည်ညိုလေးစားခြင်းကို ခံရသော ကျောင်းဆရာကြီး ဖြစ်သောကြောင့် ဆရာမှတ်ဟူ၍ အမည်ခေါ်တွင်ခဲ့လေသည်။
|