ဘင်ဂျမင် ဟယ်ရီဆန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
စာကြောင်း ၅၃ -
ပြုပြင်ပြောင်းလဲရေးဝါဒကို ရှေ့တန်းတင်လာသည့် ဘင်ဂျမင်အနေဖြင့် လက်တွေ့တွင်လည်း ပါတီဝင်မဟုတ်သူ ရှစ်ဦးတိတိကို အစိုးရအဖွဲ့တွင် ပါဝင်စေသည်။ သူ့ရာထူးသက်တမ်းအတွင်း ပြည်နယ်သစ် ခြောက်ခုက ပြည်ထောင်စုအတွင်း ဝင်ရောက်လာသည်။ နိုင်ငံ့ဩဇာကို ကျယ်ကျယ်ပြန့်ပြန့်တည်ဆောက်လာနိုင်သဖြင့် [[ဗြိတိန်]]၊ [[အီတလီ]]၊ [[ဂျာမနီ]]၊ [[ချီလီ]]နိုင်ငံများနှင့် ညှိနှိုင်းရေးစာချုပ်များ ချုပ်ဆိုနိုင်သဖြင့် ပထမအကြိမ် ပန်-အမေရိက ကွန်ဖရန့်ကို ကျင်းပနိုင်သည်။ ထူးခြားသောအဖြစ်တစ်ခုမှ နောင်တွင် သမ္မတဖြစ်လာမည့် [[ဝီလျံ ဟောင်းဝဒ် တာ့ဖ်]] တစ်ယောက် တရားရုံးချုပ် တရားသူကြီးအဖြစ် ရာထူးတာဝန်ထမ်းဆောင်လိုကြောင်း စာနှင့်တကွလျှောက်ထားသော်လည်း ပယ်ချခံရသည်မှ သမ္မဖြစ်ပြီး အသက် ၆၃နှစ်အရွယ် အသက်ကြီးမှ ထိုရာထူးတွင် တာဝန်တစ်ကြော့ ထမ်းရခြင်းဖြစ်သည်။
 
ဘင်ဂျမင်လက်ထက်တွင် [[အိမ်ဖြူတော်]] လျှပ်စစ်မီးစတင်ရရှိသည်။ သို့သော် သမ္မတကတော်က လျှပ်စစ်ကို ကြောက်လွန်းသဖြင့် မီးခလုတ်များကို မည်သည့်အခါမျှ ကိုယ်တိုင်မဖွင့်ဟု ဆိုသည်။ လွှတ်တော်နှင့် ညှိနှိုင်းဆောင်ရွက်မှုအနေဖြင့် ရေတပ်နှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက် ခေတ်မီသင်္ဘောများတည်ဆောက်ရန် ငွေကြေးသုံးစွဲခွင့်ရရှိခဲ့သည်။ ငြိမ်းချမ်းရေးကာလတစ်ခုအတွက် ဒေါ်လာသန်းတစ်ထောင်တန် စီမံကိန်းဖြစ်သဖြင့် ကြီးကျယ်သည်ဟု ဆိုရမည်ဖြစ်သည်။ လွှတ်တော်က သူ့ကိုကျော်၍ ငွေကြေးကဏ္ဍများတွင် ဥပဒေအတော်များများပြဌာန်းခဲ့သော်လည်းဥပဒေအတော်များများပြဋ္ဌာန်းခဲ့သော်လည်း ဝင်ရောက်စွပ်ဖက်နိုင်ခြင်း မရှိခဲ့ပေ။
 
== စီးပွားပျက်ကပ် ==
၁၈၉၂တွင် သမ္မတဘင်ဂျမင် ဟယ်ရီဆန်က လွှတ်တော်တွင်း မိန့်ခွန်းပြောကြားရာတွင် အမေရိကန်သမိုင်း တစ်လျှောက် ယခုလောက် အလုပ်အကိုင်ပေါများကာ လူတို့ ဖောဖောသီသီသုံးစွဲနိုင်ခဲ့ဖူးသည့် အချိန် မရှိခဲ့ ဟုကြွေးကြော်ခဲ့သည်။ သို့သော် ထိုမှတစ်နှစ်မပြည့်သေးမီအချိန်တွင် အမေရိကန်သမိုင်းတွင် ဒုတိယမြောက် အဆိုးဆုံးစီးပွားပျက်ကပ်ကြီးပေါ်ပေါက်လာ သသည်။ လွှတ်တော်က သမ္မတကို ကျော်လွန်၍ ပြဌာန်းခဲ့သည့်ပြဋ္ဌာန်းခဲ့သည့် ငွေးကြေးနှင့် အခွန်ဥပဒေများကလည်း ထိုစီးပွားပျက်ကပ်ကြီးကို ဝင်ရောက်ကာ အားပေးအားမြောက် ပြုသကဲ့ပင်ရှိနေသည်။ ထိုဥပဒေများအား ဥပဒေကြမ်းအဖြစ် ရှိစဉ်တည်းက သမ္မတအနေဖြင့် [[ဗီတိုအာဏာ]]သုံးကာ ပယ်ချလိုက်လျှင်ရသော်လည်း ဝင်ရောက်စွပ်ဖက်ခြင်း မပြုခဲ့သဖြင့် ဤသို့အခြေအနေဆိုးရသည် ဟုဆိုသည်။ စီးပွားပျက်ကပ်ကြောင့် ဖြစ်ပွားရသည့် ဆူပူဆန္ဒပြမှုများကိုလည်း အင်အားသုံးကာ ဖြေရှင်းသဖြင့် ဝေဖန်ခံရပြန်သည်။ သို့ဖြင့် နာမည်ကောင်း မရသည့်ကြားမှ သမ္မတကတော် ဆုံးပြန်သဖြင့် စိတ်ဓာတ်ကျဆင်းနေသော ဟယ်ရီဆန်သည် နောက်တစ်ကြိမ် သမ္မတအဖြစ်ရွေးကောက်ခံရန်အတွက် ပါတီက အခွင့်အရေးပေးသည့်တိုင် ကိုယ်တိုင်က ကြိုးပမ်းအားစိုက်ခြင်း မရှိတော့ပေ။
 
== နိုင်တစ်လှည့်၊ ၊ရှုံးတစ်လှည့် ==