ဖိုးကျား၊ ဦး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎အိမ်ထောင်ရေး
အရေးမကြီး →‎နိုင်ငံရေးရာ
စာကြောင်း ၂၅ -
၁၉၂၉-မေလတွင် မောင်ဖိုးကျားသည် ဦးမောင်ကလေး-ဒေါ်ဒေါ်သိန်းတို့၏သမီး မအေးကြည်နှင့် အကြောင်းပါ၏။ မောင်ဇော်ဝင်းဟူသော သားတစ်ယောက် ထွန်းပေါက်ခဲ့ရ၏။ နောင်သော် ဦးဖိုးကျားသည်ကိုယ် ပိုင်ပုံနှိပ်တိုက်တစ်ခု ထူထောင်၍ တိုင်းပြည်နှင့် လူမျိုးအကျိုးရှိမည်ထင်သော စာပေအနုပညာ၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေး ဆိုင်ရာစာပေတို့ကိုသာ တွင်တွင်ကြီးရိုက်နှိပ်၍ ထုတ်ဝေနေလေတော့သည်။ ကိုယ်ပိုင်ပုံနှိပ်တိုက်၏ အကျိုးကျေးဇူးကြောင့် မဂ္ဂဇင်းဂျာနယ်များတွင် သူကိုယ်တိုင်ရေးသားခဲ့သော စာတိုပေစတို့ကို လုံးခြင်းအဖြစ် ထုတ်ဝေခွင့်ရခဲ့၏။ ထိုစာအုပ်များထဲတွင် အများသိထင်ရှားသော “အရက်သမား” လိုဝတ္ထုမျိုး “အခမဲ့ကူလီထမ်းခြင်း အကျိုး” ကဲ့သို့သော စာကောင်းပေမွန်များလည်း ပါလေသည်သာ ဖြစ်လေသည်။
== နိုင်ငံရေးရာ ==
ကိုဖိုးကျားသည် နိုင်ငံရေးတွင် ခြေတစ်ဘက် ဝင်လာခဲ့ပြီ ဖြစ်လေသည်။ ၁၉၂ဝ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလထဲတွင် [[အင်္ဂလန်]]သွား မြန်မာကိုယ်စား လှယ်များသည် ရန်ကုန်သို့ ပြန်ရောက်သည်ကိုကြဆိုခြင်းဖြင့်ပြန်ရောက်သည်ကို ကြိုဆိုခြင်းဖြင့် ဝင်ရောက်ခဲ့ပါသည်။ ကောလိပ်ကျောင်းကို သပိတ်မှောက်ရန်အတွက် ဗဟန်းကြားတော ရလမ်းထဲရှိ ဦးအရိယကျောင်းတိုက်၌ ကောလိပ်ကျောင်းသားထု အစည်း အဝေးလုပ်စဉ်တွင်အစည်းအဝေးလုပ်စဉ်တွင် [[ဂျပ်ဆင်ကောလိပ်]]ကျောင်းသားများပါ တက်ရောက်ကြလေရာ ကိုဖိုးကျားလည်း ပါဝင်ခဲ့လေသည်။
 
ထိုမှစ၍ မောင်ဖိုးကျားသည် နိုင်ငံရေး၌ ထဲထဲဝင်ဝင်ဖြစ်လာကာ သူနှင့်နိုင်ငံရေး၌ အယူအဆတူကြသူများဖြစ်သော ကိုဖိုးလတ်၊ ကိုမြင့်၊ ကိုလူဖေဝင်း၊ ကိုဖိုးကွန်းအစရှိသူတို့နှင့်ပူးပေါင်း၍ ပညာမင်းကြီး “မတ်ဟန့်တား” ဦးဆောင်၍ တင်သွင်းသော တက္ကသိုလ်အက်ဥပဒေ” ကိုသပိတ်မှောက်ရာ၌ သပိတ်ခေါင်းဆောင်တစ်ဦးအဖြစ် ရှေ့တန်းမှလှုပ်ရှားသူ တစ်ဦးဖြစ်၍ လာရလေတော့သည်။ ထိုမှစကာ အင်္ဂလိပ်တို့သင်ပေးသော ကိုလိုနီပညာရေးစနစ်ကို ဆန့်ကျင်သောအားဖြင့် အမျိုးသားကျောင်းများကို စတင်တည်ထောင်သောအခါ မောင်ဖိုးကျားသည် အမျိုးသားပညာရေး ကောင်စီမှ တည်ထောင်သော ဗဟန်းအမျိုးသားကျောင်းတွင် ဦးစွာကျောင်းအုပ် ဖြစ်လာရ၏။
 
သို့သော် အမျိုးသားကျောင်းများကို အစိုးရက အားမပေးသဖြင့် ကျောင်းအဆောက်အအုံက မရှိ၊ ရရာဘုန်းကြီးကျောင်းလို နေရာမျိုးတွင် ဖြစ်သလို အခြေအနေပေးသမျှနှင့် ဖွင့်ရ၏။ ကျောင်းဆရာဘဝကား လခလည်း ရတစ်ချက် မရတစ်ချက်၊ စာသင်တစ်ဖက်နှင့် ကျောင်းရန်ပုံငွေလည်း ရှာရသဖြင့် အတော်ပင် ခက်ခက်ခဲခဲနှင့် ကြိုးပမ်းစားရပ်တည်နေရသည် မှန်သော်လည်း မောင်ဖိုးကျားကား တစ်ပြားသားမျှ စိတ်အားမလျှော့ချေ။ နောင်တော်အစိုးရနှင့်နောင်သော် အစိုးရနှင့် အမျိုးသားပညာရေး ကောင်စီတို့ နှစ်ဦးနှစ်ဖက်ဆွေးနွေး သဘောတူညီချက်ဖြင့် အစိုးရ၏ အထောက်အပံ့ကို ရယူသော်လည်း အမျိုးသားပညာကျောင်းများကို ကိုယ်တိုင်အုပ်ချုပ်ခွင့် စိတ်ကြိုက်သင်ခန်းစာများကို ရေးဆွဲခွင့်ရကာ ပညာသင် ကျောင်းသားများအတွက် တစ်ဦးလျှင် ၁၅ ကျပ်နှုန်းဖြင့် အစိုးရ၏ အထောက်အပံ့ကို ရခဲ့လေသည်။
 
ထို့နောက် သပိတ်မှောက် ကျောင်းသားအများအပြား တက္ကသိုလ်သို့ပြန်ဝင်ကာ ကျောင်းဆက်တက်ခဲ့ကြသော်လည်း မောင်ဖိုးကျားကား အမျိုးသားပညာရေး ကောင်စီအောက်၌ပင် ဆက်လက်၍ အမှုထမ်းခဲ့၏။ ဘီအေဘွဲ့ကိုလည်း သူမမက်ပြီ၊ ထောင်ချီ၍လခရသော အစိုးရအမှုထမ်းဘဝကိုလည်း သူ မလုပ်လိုသဖြင့် အမျိုးသားပညာဝန်ဘဝဖြင့် သူ့ရှေ့ခရီးကို မှန်မှန်ပင်ချီတက် ခဲ့ပြန်လေသည်။
 
 
== အလုပ်အကိုင် ==