တတိယ အင်္ဂလိပ် - မြန်မာစစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါး +ဓား)
No edit summary
စာကြောင်း ၉၀ -
== စစ်အောင်ခန်း- ခံတပ် တိုက်ပွဲ ==
 
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဗိုလ်ချုပ် ပရင်ဒါဂတ် ခေါင်းဆောင်သော တပ်သား ၉၄၆၇ ဦးခန့် ရှိသည့် ဗြိတိသျှ ရေတပ်-ကြည်းတပ်များသည် အထက်မြန်မာနိုင်ငံ၏ နယ်စပ်ဖြစ်သော နယ်ခြားကျောက်တိုင် ကို ဖြတ်ကျော် ချီတက်လာသည်။ ၎င်းနောက် စစ်အောင်ခန်း ခံကတုတ်ကို ဝိုင်းဝန်း တိုက်ခိုက်ကြသည်။ မြန်မာ့တပ်မတော်မှ မင်းထင်ရာဇာတပ်များနှင့် မြေထဲမြို့ဝန် မဟာမင်းလှမင်းခေါင်တပ်များက စိန်ပြောင်းတို့ဖြင့် ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်သည်။[[File:The baw.jpg|thumb|150px|left|alt=မြန်မာ့ရေတပ်မှ သင်္ဘောတစ်စင်း|သီပေါမင်း၏ မီးသင်္ဘော]]
အီတလီလူမျိုး ကွန်မွန်တို ဦးစီးသော မြန်မာတပ်ဖွဲ့က အင်္ဂလိပ်သင်္ဘောများအား မချီတက်နိုင်ရန်၊ ရေတိမ်ရာ နေရာများတွင် ငြောင့်များ ထောင်ထားကြသည်။ ကွန်မွန်တို ဦးစီသော တုလွတ်ယာဉ်ကျော် သင်္ဘောသည် အင်္ဂလိပ်တို့ အဖမ်းခံရသည်။ ကွန်မွန်တိုနှင့် မြန်မာ့ တပ်မတော်သားများကား လွတ်မြောက်သွားသည်။
== ထူးပေါက်-ခံတပ် တိုက်ပွဲ ==
စာကြောင်း ၁၀၀ -
ဂွေးချောင်း ခံတပ်တိုက်ပွဲဖြစ်နေစဉ် ဧရာဝတီမြစ် အနောက်ဖက်ရှိ ပန်းတောပြင် ခံကတုတ်၌လည်း သဲသဲမဲမဲ တိုက်ပွဲဖြစ်လျက်ရှိသသည်။ ထိုစဉ် မန္တလေးလွှတ်တော်မှ အင်္ဂလိပ်တပ်များအား ခုခံ မတိုက်ခိုက်ရ။ ခုခံလျင် သူပုန်” ဟူသော ကြေးနန်းရောက်လာ၏။ ထိုနောက်တစ်ဖန် “ရန်သူအင်္ဂလိပ်တို့အား ဆက်တိုက်။ နောက်ထပ် စစ်ကူများ ပို့ပေးသည်” ဟူသော ကြေးနန်းရောက်လာပြန်သည်။ မြန်မာတို့ကား မတိုက်ခိုက်ရဘဲ အင်္ဂလိပ်တို့အား ဒူးထောက်အရှုံးမပေးနိုင် ဟု ဆိုကာ ရွတ်ရွတ်ချွတ်ချွတ်တိုက်ခိုက်ရန် ဓားသွေးကာ အားမွေးလျက်ရှိသည်။
ဂွေးချောင်း ခံတပ်ကျဆုံးပြီးနောက် မြန်မာတို့သည် စုမိသမျှ အင်အားနှင့် ခုခံရန် ဦးကင်းဘုရားတွင် စောင့်ဆိုင်းနေ၏။ နိုဝင်ဘာလ ၁၇ ရက်နေ့ တနေ့ခင်း တခင်းလုံး လည်းကောင်း၊ ဦးကင်းဘုရာမှ ခုခံတိုက်ခိုက်ကြသော်လည်း အင်္ဂလိပ်ထိုးစစ်အား ပြင်ထန်လာသဖြင့် ကုန်းရွာသို့ ဆုတ်ခွာပေးလိုက်ရသည်။ ၎င်းမှ တဖန် တဖြည်းဖြည်း မင်းလှမြို့တွင်းသို့ အရောက်ဆုတ်ခွာကာ ခုခံရသည်။ မြန်မာတို့သည် ရေကြောင်း၊ ကြည်းကြောင်းတို့တွင် အဖက်ဖက်မှ ကျဆုံးခဲရသည်။ တခုတည်းသော အားကိုရာမှာ မင်းလှခံတပ်သာလျှင် ကျန်တော့သည်။
[[File:Third Anglo-Burmese War B.jpg|alt=|thumb|227x227px|ဗိုလ်ချုပ် ပရင်ဒါစဂတ်စ် နန်းတော်သို့ ရောက်လာစဉ်]]
[[File:King thibaws guards1885.jpg|thumb|150px|သီပေါမင်း၏ အခြွေအရံများ]]
 
== မင်းလှခံတပ် တိုက်ပွဲ ==
အင်္ဂလိပ်များသည် အစီအစဉ်အတိုင်း မင်းလှခံတပ်ကို တိုက်ခိုက်သည်။ အင်္ဂလိပ်နံပါတ် ၁၁ ဘင်းဂေါလ် ခြေလျင်တပ်က ခံတပ်၏ အနောက်ဖက် တံခါးမကြီးကို အတင်းဖွင့်ရန် ကြိုးစားတိုက်ခိုက်ကြသည်။ မြန်မာတို့ကလည်း ပြင်းထန်စွာပင် အမြောက်ကြီးများ၊ မားစကက် သေနတ်များဖြင့် ခုခံကြသည်။ အနီးကပ်တိုက်ပွဲများ ဖြစ်သည်ကတစ်ကြောင်း၊ လမ်းခရီးကွေ့ကောင်သည်က တကြောင်း စသည်တို့ကြောင့် အင်္ဂလိပ်တပ်များသည် အခက်အခဲ အမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် အင်္ဂလိပ်တို့အဖို့ မှန်းချက်နှင့် နှမ်းထွက်မကိုက်ကြတော့ချေ။ မြန်မာတို့ကလည်း ဇွဲသတ္တိ ကြီးမားစွာ ခုခံနေကြောင်းတွေ့ရသည်။
Line ၁၀၆ ⟶ ၁၀၇:
ထိုစဉ် ဘင်္ဂေါခြေလျင်တပ်ရင်း ၁၂ သည် ခံတပ်၏ တောင်ဘက်မှကွေ့၍မြစ်ကမ်းပါးဘက်တွင် နေရာယူပြီး၊ ခံတပ်၏ အရှေ့ဘက် တံခါးမကြီးကို ဝင်ရောက်တိုက်ခိုက်သည်။ မြန်မာတို့ဘက်မှ ရှိသမျှအင်အား၊ လက်နက်ခဲယမ်းများဖြင့် အစွမ်းကုန် ကြိုးစားခုခံကြသော်လည်း လက်နက်ချင်းမမျှ ကျွမ်းကျင်မှုတွင်လည်း ကွာခြားလေသောကြောင့် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့၊ ညနေ ၃ နာရီ ၁၅ မိနစ် အချိန်တွင် မင်းလှခံတပ်မှာ အင်္ဂလိပ်တို့ လက်အောက်သို့ ကျဆုံးခြင်း ခံလိုက်ရလေသည်။ထိုတိုက်ပွဲတွင် မြန်မာတို့ဘက်မှ တပ်သား ၁၇၀ ခန့် ကျဆုံးပြီး ၂၇၆ ယောက်ခန့် အဖမ်းခံရလေသည်။
နောက်နေ့တွင် အင်္ဂလိပ်တို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ချီတက်လာကြသည်။ မကွေးမြို့၌ ဧရာဝတီမြစ်ကြောင်းကို ပိတ်ဆို့ရန် တာဝန်ပေးခြင်း ခံရသော အီတလီလူမျိုး ကိုမိုတိုနှင့် မိုလီနာရီတို့ လက်နက်ချရလေသည်။
ညောင်ဦး၊ ပခုက္ကူ၊ မကွေးမြို့များကို သိမ်းယူလေသည်။[[File:Mindhla after capture1885.jpg|thumb|150px192x192px|မင်းလှခံတပ်တိုက်ပွဲအပြီး]]
----
နိုဝင်ဘာလ ၂၂ ရက်နေ့တွင် သောင်ဦးမြို့၌ အင်္ဂလိပ်တို့ ချီတက် တိုက်ခိုက်ခြင်းကို မြန်မာတို့က အမြောက်များဖြင့် ပစ်ခတ်ကာကွယ်ခဲ့ကြသည်။ သို့သော် အင်္ဂလိပ်တို့သည် မြို့ထဲသို့ ရောက်ရှိအောင် ချီတက်တိုက်ခိုက် ပြီး သောင်ဦးမြို့ကိုသိမ်းပိုက်လိုက်သည်။ ၂၄ ရက်နေ့တွင် ပခုက္ကူမြို့ကို ဖြတ်ကျော်ပြီး မြင်းခြံမြို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ အင်္ဂလိပ်တပ်များသည် ရန္တပိုရွာကို ၂၆ ရက်နေ့၌ ရောက်ရှိဖြတ်ကျော်ကြသည်။ ၎င်းနေ့တွင် ငဇွန်ရွာအနီးတွင် မြန်မာဘုရင်ထံမှ ကျောက်မြောင်းအတွင်းဝန် နှင့် ဝတ်မစွတ်ဝန်ထောက်တို့ ဦးဆောင်သော အဖွဲ့မှ စစ်ပြေငြိမ်းရေးစကား ကမ်းလှမ်းသည်ကို အင်္ဂလိပ်တို့က လက်မခံဘဲ ငြင်းဆိုလိုက်သည်။ ထိုနောက် ၂၇ ရက်နေ့တွင် အင်းဝမြို့သို့ ချီတက်လေသည်။
 
စာကြောင်း ၁၁၅ -
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာတို့လက်နက်ချရလေသည်။ဗိုလ်ချုပ် ပရင်ဒါဂတ် ဦးဆောင်သော အင်္ဂလိပ်တပ်များသည် စစ်အခမ်းအနားဖြင့် ချီတက်ကာခဲ့ပြီး
နောက် မြန်မာဘုရင် [[သီပေါမင်း]]နှင့် ဘုရင့်မိဖုရား စုဖုရားလတ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။ ထိုနောက် တတိယ အင်္ဂလိပ်မြန်မာစစ်ပြီးဆုံးခဲ့သည်။ တဆက်တည်းတွင် အထက်မြန်မာနိုင်ငံသည်လည်း ဗြိတိသျှကိုလိုနီ လက်အောက်သို့ ကျရောက်ခဲ့ရသည်။
[[File:BritishSaya forcesChone's arrival"King mandalay1885Thibaw Leaving Mandalay".jpgpng|thumbalt=|left|150pxthumb|223x223px|သီပေါမင်း ပါတော်မူ၍ မြန်မာတို့ ဝမ်းနည်းစွာ နှုတ်ဆက်နေရပုံ]]
 
== စစ်ရှုံးခြင်း အကြောင်းအရင်းများ ==