မင်းသုဝဏ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ငယ်ဘဝ
စာကြောင်း ၃၂ -
 
== ငယ်ဘဝ ==
မင်းသုဝဏ်ကို [[ရန်ကုန်တိုင်းဒေသကြီး|ဟံသာဝတီတိုင်း]](ယခု [[ရန်ကုန်တိုင်း]])၊ ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့တွင်[[ကွမ်းခြံကုန်းမြို့]]တွင် ကုန်သည်များဖြစ် ကြသော ဦးလွမ်းပင်နှင့်ဒေါ်မိတို့က ၁၉၀၉-ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားသည်။ မွေးချင်း (၇) ယောက်တွင် ဒုတိယမြောက်ဖြစ် ပြီး [[မွန်လူမျိုး|မွန်]]-မြန်မာမျိုးရိုးဖြစ်သည်။ အမည်ရင်း ဦးဝန်ဖြစ်ပြီး [[ရက်ချုပ်]]အရ ငယ်မည်မှာ '''မောင်လှမောင်''' ဖြစ်သည်။ အရပ်ထဲတွင် မောင်လှမောင်အမည်ရှိသူများမှာ အများအားဖြင့် ဆိုးကြ၍ '''မောင်လှဝံ''' ဟု အမည်ပြောင်းသည်။ မန္တလေးပုဏ္ဏား ဆရာညွန့်က ဇာတာဖွဲ့ပေးသည်။ ဘုန်းကြီးကျောင်းတွင် ဆရာတော်က '''စိန်ဝံ''' ဟူ၍ လည်းကောင်း အရပ်ထဲမှ ဦးရွှေဒုံးဆိုသူက '''ခွေးဝံ၊ ဝက်ဝံ''' ဟူ၍လည်းကောင်း ချစ်စနိုးခေါ်ကြသည်။ မြို့အနီးတွင် ရွှေဘိုမှ ပြောင်းလာသူများနေထိုင်သည့် ရွှေဘိုတန်းရှိသည်။ ငယ်စဉ်က အစားကောင်း၊ အသားညိုပြီး ရွှေဘိုတန်းက မဲ⁠မဲဝဝ၊ ထောင်⁠ထောင်မောင်းမောင်း ငပန်ဆိုသူနှင့်တူသဖြင့် အချို့က '''ငပန်''' ဟူ၍လည်း ခေါ်ကြသည်။ နောင်တွင် မောင်ဝံဟုသာတွင်၍ မိမိစိတ်ကြိုက် ဝ, ကို န,ငယ် သတ်ပြီး '''မောင်ဝန်''' ဟု ပြင်သည်။ <ref name="minthuwun.com">{{cite web
|url= http://www.minthuwun.com/biography-of-minthuwun
|title= စာဆိုမင်းသုဝဏ်၏ စာပေနှင့် ဘဝဖြစ်စဉ်မှတ်တမ်း