ကမာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
အရေးမကြီး "typo fixing ဝလုံး/သုည"
စာကြောင်း ၂၉ -
 
== စီးပွားရေး ==
ကမ္ဘာအရပ်ရပ်၌ ငွေအားလူအားဖြင့် ကမာလုပ်ငန်းကို အကြီးအကျယ် ပြုလုပ်နေကြရာတွင် ပုလဲ ရရှိရေးထက် လူတို့ စားသုံးရန် ဟင်းလျာအတွက် ပြုလုပ်ခြင်းက ပို၍ ကြီးကျယ် သည်။ ကမာလုပ်ငန်းကို နိုင်ငံပေါင်း ၃ဝ ကျော်တွင် လုပ်ကိုင် လျက်ရှိသည့်အနက် အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဟော်လန်၊ ဗြိတိသျှကျွန်းစု၊ ဩစတြေးလျ၊ ဒိန်းမတ်၊ဂျပန်၊ နယူးဇီလန်၊ ကနေဒါနှင့် မက္ကဆီကိုတို့မှာ အကြီးကျယ်ဆုံး ဖြစ်၍ အများဆုံးထွက်သောနိုင်ငံမှာ အမေရိကန်ပြည်ထောင်စု ဖြစ်သည်။ တစ်နှစ်တစ်နှစ်တွင် တစ်ကမ္ဘာလုံးမှာ ကမာပေါင် ချိန် ၁၂ ကုဋေမျှထွက်၍ အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံ တည်းမှ ထွက်သည့် ပေါင်ချိန်မှာ ၁ဝ၁၀ ကုဋေကျော်သည်။ ကမာလုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်သည့် နိုင်ငံ အများမှာပင် ကမာကောင်များကို အကြီးအကျယ် စံနစ်တကျ မွေးမြူကြသည်။ ဤသို့ မွေးမြူရာတွင် အဓိကအားဖြင့် လေးဆင့်ရှိ၍ ထိုအဆင့်လေးဆင့်မှာ ကမာများ ပေါက်ပွား နေထိုင်ရန် အောက်ခံမြေကို မာကျောအောင်အပြင် အမှိုက်
သရိုက်နှင့် ရန်သူများ ကင်းရှင်းအောင် ပြုပြင်စီမံပေးရခြင်း၊ ကမာကောင်များ စွဲကပ်ရန် သန့်ရှင်းသော ကမာခွံများ ကျောက်တုံးများ သစ်ခက်များကို ချပေးရခြင်း၊ ကြီးပြင်းလွယ် အောင် ပြုပြင်ထားသော နေရာသစ်သို့ ပြောင်းရွှေ့ပေးရခြင်း နှင့် ဖွံ့ဖြိုး၍ ရောင်းပန်းလှအောင် ပြုစုပေးခြင်းတို့ ဖြစ်သည်။ကမာမွေးမြူသည့် လုပ်ငန်းကို ယခုမှမဟုတ်၊ ရှေးပဝေသဏီ ကပင် စတင်ခဲ့ကြသည်။ တရုတ်နိုင်ငံ၌ အလွန် ရှေးကျသော အခါတစ်ပါးက ဤလုပ်ငန်း ထွန်းကားခဲ့ဘူး၍ အီတလီနိုင်ငံ၌ ဘီစီ ၁ဝဝ၁၀ဝ လောက်တွင် စတင် ခဲ့လေသည်။
 
တစ်ခုသတိပြုရန်မှာ ကမာတို့သည် ရေအောက်၌နေစဉ် ကမာကောင်တို့၏ အတွင်းသား၌ လူတို့အား ရောဂါဖြစ်စေ နိုင်သည့် ဗက်တီးရီးယားများ စွဲကပ်ပါလာတတ်ရာ ထိုကမာ မျိုးကို စားသုံးမိသူများ ရောဂါရတတ်သည်။ ထို့ကြောင့် ကမာ ကို ရောင်းကုန်ဟင်းလျာအဖြစ်နှင့် အကြီးအကျယ် မွေးမြူ ရောင်းချသော နိုင်ငံတို့တွင် ကမာကောင်များ နေထိုင်ရာ ရေမှ အစပြု၍ ကမာကောင်များကို အခွံမှ ခွာယူသည်အထိ ကျန်းမာ
"https://my.wikipedia.org/wiki/ကမာ" မှ ရယူရန်