ဆမ်မာရာမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
ထပ်ဖြည့်
စာကြောင်း ၄၅ -
 
ယဉ်ကျေးမှုလောက သည် အူဘိတ်ခေတ်နှင့် အပြိုင် စည်ပင်ထွန်းကားလာခဲ့ပြီး အရှေ့နားဒေသတွင် ပထမဆုံးသော မြို့ပြနိုင်ငံ ဖြစ်ခဲ့သည်။ ၎င်းသည် ဘီစီ ၅,၅၀၀ မှ စတင်၍ နောက်ဆုံး ပျက်သုဉ်းသွားချိန် ဘီစီ ၃,၉၀၀ အထိ တည်ရှိခဲ့သည်။
 
ဆာ-မာရာတီမြို့တော် ( ဝေါလ်တာ ယဉ်ကျေးမှု ပြတိုက်ရှိ ကျောက်စာအရ ဆန်နာခါရစ်မှ ၆၉၀ ဘီစီတွင် ပြန်လည် တည်ထောင်ခဲ့သည်။) ကိုမူ ယနေ့ခေတ် ဆမ်မာရာမြို့၏ တိုင်းဂရစ်မြစ် တစ်ဖက်ကမ်းရှိ အဆီးရီးယားတို့၏ အဆီးရီးယား ခံတပ်ဒေသ အယ်လ်ဟူဝေ့ရှ် နှင့်အတူ မသဲမကွဲ ဖော်ပြလေ့ ရှိသည်။ အဆီးရီးယန်း အွန်လိုင်းမှ ဆူရီမာရတ်အား ဆမ်မာရာ၏ ခေတ်သစ်ဒေသဟု ဖော်ပြထားသည်။
 
ဆမ်မာရာ ရှေးဟောင်းသုတေသန လေ့လာမှုအဖွဲ့မှ ဆမ်မာရာ၏ ရှေးခေတ်နာမည်များကို မှတ်သားရာတွင် ဂရိအခေါ်အဝေါအားဖြင့် ဆိုမာ၊ လက်တင်ဘာသာတွင် အေဒီ ၃၆၃ ၌ ဂျူလီယန်၏ စစ်တပ် ပြန်ဆုတ်ရာတွင် ဖော်ပြထားသော ခံတပ်အမည် ဆူမာရီ နှင့် ဆီးရီးယားမှာ ဆူမရာ အမည်ရှိ ကျေးရွာအဖြစ် ဖော်ပြထားသည်။
 
လူဦးရေ များပြားလာရသည့် အကြောင်းအချက်မှာ နာရာဝမ်တူးမြောင်း၏ မြောက်ဘက် တိုးချဲ့မှု ကာတူး အယ်လ်-ကစ်စ်ရာဝီ အား ဖွင့်လှစ်ခြင်းကြောင့် ဖြစ်ပြီး ၎င်းမှာ တိုင်းဂရစ်မြစ်မှ ရေများကို ဆမ်မာရာသို့ ဆွဲယူပေးသည်။ သမိုင်းပညာရှင် ရာကွတ် အယ်လ်-ဟာမာဝီ ကမူ ပထမခိုစရော ဘုရင် (၅၃၁-၅၇၈) လက်ထက်တွင် ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။ စီမံကိန်း ပြီးစီးမှုအတွက် အထိမ်းအမှတ် မျှော်စင် (ယနေ့ခေတ် ဘာ့ဂျ် အယ်လ်-ကွာအင်) ကို ဆမ်မာရာတောင်ဘက် တောင်ပိုင်းအဝင်တွင် တည်ဆောက်ခဲ့ပြီး မြောက်ဘက်အဝင် အက်-ဒါဝါ အနီးတွင်မူ ကောင်းကင်ဘုံ ပါဝင်သော နန်းတော်နှင့် တံတိုင်းကာထားသော အမဲလိုက် ဥယျာဉ်ကို တည်ဆောက်ခဲ့သည်။ (ယနေ့ခေတ် နာ အာ-ရာဆာဆီ ဖြစ်သည်။)
 
<br />
 
==ကိုးကား==