လူဇင်ဘတ်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပြဌာန်း +ပြဋ္ဌာန်း)
စာကြောင်း ၇၅ -
 
 
လပ်ဇမ်ဘာ့ဂ် (တရားဝင် အမည် = လပ်ဇမ်ဘာ့ဂ် မဟာစော်ဘွား နိုင်ငံ (Grand Duchy of Luxembourg) ) သည် ဥရောပတိုက် အနောက်ပိုင်းရှိ ကုန်းတွင်းပိတ် နိုင်ငံငယ် တစ်ခု ဖြစ်သည်။ အနောက်ဘက်နှင့် မြောက်ဘက်တွင် ဘယ်လ်ဂျီယံ၊ အရှေ့ဘက်တွင် ဂျာမနီ၊ တောင်ဘက်တွင် ပြင်သစ် နိုင်ငံ တို့နှင့် ထိစပ်လျက် ရှိသည်။ ၎င်းမြို့တော် လပ်ဇမ်ဘာ့ဂ် မြို့သည် ဘရပ်ဆဲလ် မြို့နှင့် စထရပ်စ်ဘာ့ဂ် (Strasbourg) မြို့တို့နှင့် အပြိုင် ဥရောပ သမဂ္ဂ၏ မြို့တော် တစ်ခုဖြစ်သည်။ EU ၏ အမြင့်ဆုံး တရားစီရင်ပိုင်ခွင့် ရှိသော ဥရောပ တရားရေး ရုံး၏ ရုံးစိုက်ရာ မြို့လည်း ဖြစ်သည်။ လပ်ဇမ်ဘာ့ဂ် နိုင်ငံ၏ လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာ စကားတို့သည် အိမ်နီးချင်း ပြင်သစ်၊ ဂျာမန် ယဉ်ကျေးမှု များနှင့် ရောနှောလျက် ရှိပြီး၊ ၎င်းအချက်ကို နိုင်ငံတော် ရုံးသုံး ဘာသာစကား ၃ခု ပြဌာန်းပြဋ္ဌာန်း ထားခြင်းဖြင့် တွေ့မြင်နိုင်သည်။ ပြင်သစ်၊ ဂျာမန် နှင့် အမျိုးသား ဘာသာစကား အဖြစ် လပ်ဇမ်ဘာ့ဂစ်ရှ် (Luxembourgish) တို့ဖြစ်သည်။ လပ်ဇမ်ဘာ့ဂစ်ရှ် ကို တစ်ခါတစ်ရံ ဂျာမန် ဘာသာစကား၏ ဒေသိယ စကားတစ်ခု အနေဖြင့်လည်း သတ်မှတ်ကြသည်။ ဂျာမနီ၏ ထပ်ခါတလဲလဲ ကျုးကျော်ခံရခြင်း၊ အထူးသဖြင့် ဒုတိယ ကမ္ဘာစစ် အတွင်း အဖြစ်အပျက်များက လက်ဇမ်ဘာ့ဂ် နိုင်ငံသားများ အတွက် ပြင်သစ်နှင့် ဂျာမနီကြား မည်သည့် ဘက်မှ မပါလိုပဲ သီးခြား လွပ်လပ်သည့် နိုင်ငံ ထူထောင်လိုစိတ်ကို ပိုမို ကြီးထွားလာစေခဲ့သည်။ ထိုအချက်ကပင် ဥရောပသမဂ္ဂ ထူထောင်ခြင်း၏ အချက်တစ်ချက် ဖြစ်လာခဲ့သည်။
 
စတုရန်း ကီလိုမီတာ ၂,၅၈၆ (စတုရန်း မိုင် ၉၉၈) သာ ရှိပြီး၊ ဥရောပတိုက်၏ အသေးဆုံး အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်ခု ဖြစ်သည်။ ၂၀၁၆ တွင် လူဦးရေ ၅၇၆,၂၄၉ ယောက် ရှိပြီး၊ ဥရောပတိုက်၏ လူဦးရေ အနည်းဆုံး နိုင်ငံ ဖြစ်သည်။ သို့သော်လည်း လူဦးရေ တိုးပွားနှုန်းမှာမူ မြင့်မားသည့် အနေအထား တွင် ရှိသည်။ နိုင်ငံခြားသား အရေအတွက်သည် နိုင်ငံ လူဦးရေ၏ တစ်ဝက်နီးပါး အထိ ရှိသည်။ စည်းမျဉ်းခံ ဘုရင်စနစ် နှင့် ကိုယ်စားပြု ဒီမိုကရေစီ နိုင်ငံ တစ်ခု ဖြစ်သည်နှင့် အညီ နိုင်ငံကို မဟာစော်ဘွား ဟန္နရီ (Grand Duke Henri) က အုပ်ချုပ်ပြီး၊ ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော မဟာစော်ဘွား နိုင်ငံ (Grand Duchy) ဖြစ်သည်။ လပ်ဇမ်ဘာ့ဂ် နိုင်ငံသည် ဖွံ့ဖြိုးပြီး နိုင်ငံ တစ်ခု ဖြစ်ပြီး၊ တိုးတက်သော စီးပွားရေးနှင့် ကမ္ဘာပေါ်ရှိ တစ်ဦးချင်း GDP အမြင့်မားဆုံး နိုင်ငံ တစ်ခု လည်း ဖြစ်သည်။ ရပ်ကွက် ဟောင်းများနှင့် ခံတပ် ဟောင်းများ ပါဝင်သော လပ်ဇမ်ဘာ့ဂ် မြို့တော်ကို ၁၉၉၄ တွင် ယူနက်စကို ကမ္ဘာ့ အမွေအနှစ် တည်နေရာ အဖြစ် ကြေငြာခဲ့သည်။