ဂမ်ဘီယာနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၈၀ -
 
== သမိုင်းကြောင်း ==
အာရပ်ကုန်သည်တို့သည် ဂမ်ဘီယာ ဒေသနှင့် ပတ်သက်၍ ၉ ရာစု နှင့် ၁၀ ရာစုအတွင်း ပထမဆုံး စာဖြင့်ရေးသားသော မှတ်တမ်းတွင် ဖော်ပြခဲ့သည်။ ၁၀ ရာစုတွင် မွတ်စလင် ကုန်သည်များ နှင့် ပညာရှင်များသည် အနောက်အာဖရိကရှိ ကူးသန်းရောင်းဝယ်ရေး ဗဟိုဌာနအချို့တွင် လူနေထိုင်ရာ နေရာများ စတင် တည်ထောင်ခဲ့သည်။ ထိုနှစ်ဖွဲ့စလုံးသည် ဆဟာရ သဲကန္တာရကို ဖြတ်သန်းသော ကုန်သွယ်ရေး လမ်းကြောင်းများကို ဖော်ဆောင်ခဲ့ကြပြီး ရွှေ၊ ဆင်စွယ် စသည်တို့နှင့် အတူ ဒေသခံများကို ကျွန်အဖြစ် ပမာဏ အများအပြား တင်ပို့ခဲ့ပြီး ထုတ်လုပ်ပြီးသား ကုန်ပစ္စည်းများကို တင်သွင်းခဲ့သည်။
 
[[File:Wassu Stone Cirles shaunamullally 02.jpg|thumb|left|ဆီနီဂမ်ဘီယမ် ကျောက်တုံးအဝိုင်း၊ ဧရာမ အဆောက်အဦးများသည် ဆီနီဂေါနိုင်ငံမှ ဂမ်ဘီယာနိုင်ငံ အထိ ရှိပြီး ယူနက်စကိုမှ "ကမ္ဘာတဝှမ်းလုံးတွင် ကျောက်တုံးအဝိုင်းများ အများဆုံး စုဝေးရာနေရာ" အဖြစ် ဖော်ပြခဲ့သည်။]]
 
၁၁ရာစုနှင့် ၁၂ ရာစုတို့တွင် ဆီနီဂေါမြစ်တွင် ဗဟိုပြုသော တက်ကရာ အစရှိသော တိုင်းပြည်များနှင့် မြောက်ဘက်ရှိ ရှေးခေတ် ဂါနာ နှင့် ဂေါင်း အစရှိသော တိုင်းပြည်များ၏ အုပ်စိုးသူများသည် အစ္စလာမ်ဘာသာသို့ ပြောင်းလဲခဲ့ကြပြီး ၎င်းတို့၏ နန်းတော်များတွင် အာရပ်ဘာသာစကား တတ်ကျွမ်းသော မွတ်စလင်များကို ခန့်အပ်ခဲ့ကြသည်။ <ref>Easton P (1999) [http://documents.worldbank.org/curated/en/581121468329358898/Education-and-Koranic-literacy-in-West-Africa "Education and Koranic Literacy in West Africa"] {{Webarchive|url=https://web.archive.org/web/20161220150050/http://documents.worldbank.org/curated/en/581121468329358898/Education-and-Koranic-literacy-in-West-Africa |date=20 December 2016 }}. IK Notes on Indigenous Knowledge and Practices, n° 11, World Bank Group. pp. 1–4</ref> ၁၄ ရာစု၏ အစပိုင်းတွင် ယနေ့ခေတ် ဂမ်ဘီယာနိုင်ငံ ဟု ခေါ်ဆိုသော နေရာသည် မာလီအင်ပိုင်ယာ၏ တစိတ်တဒေသ ဖြစ်ခဲ့သည်။ ပေါ်တူဂီတို့သည် ၁၅ ရာစု အလယ်ပိုင်းတွင် ပင်လယ်မှ တဆင့် ထိုဒေသသို့ ရောက်ရှိလာခဲ့ပြီး နိုင်ငံရပ်ခြား ကုန်သွယ်ရေးတွင် လွှမ်းမိုးခဲ့သည်။
 
 
 
===ဂမ်ဘီယာ ကိုလိုနီနယ်မြေ နှင့် အစောင့်အရှောက်ခံနိုင်ငံ (၁၈၂၁-၁၉၆၅)===
ဂမ္ဗီယာနိုင်ငံသည် ၁၆၆၁ ခုနှစ်ကတည်းက ဗြိတိသျှပိုင် ဖြစ်ခဲ့သည်။ ဗြိတိန်နိုင်ငံ ပထမဂျိမ်းဘုရင် လက်ထက်တွင် စွန့်စားသွားလာသူ ဗြိသိသျှကုန်သည်များသည် ဂမ်ဘီယာမြစ်ဝရှိ စိန့်မေရီ အမည်ပေးခဲ့သော ကျွန်းကလေး တစ်ကျွန်းသို့ ရောက်ရှိပြီး ကူးသန်းရောင်းဝယ်ရေး ဌာနတစ်ခုကို ဖွင့်လှစ် ခဲ့သည်။