"ရေနံချောင်းမြို့" ၏ တည်းဖြတ်မှု မူကွဲများ

၅၀၄၉ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
===ပင်းစက္ကလံပစေတီတော်===
အနော်ရထာမင်းကြီးနန်းစံ (၉) နှစ်မြောက်သောအခါရဟန္တာရှင်အရဟံအမည်ရှိသော အရိယာသူမြတ်ကြွရောက်တော်မူလာ၍ ကိုးကွယ်သဖြင့် သာသနာတော်၌များစွာ ကြည်ညိုသောကြောင့် သိန်ခိုကျွန်းနှင့် တရုတ်ပြည်မှစွယ်တော်ဓာတ်တော်တို့ကို ပင့်ဆောင်ကိုးကွယ်ရလေသည်။ သက္ကရာဇ် (၄၁၆) ခုနှစ်တွင် အနော်ရထာမင်းကြီးသည်စစ်သူကြီး ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီးတို့နှင့်တကွ စစ်သည်တော်အပေါင်း စုဆောင်းချီတက်တော်မူပြီးလျှင် သထုံပြည်ကို တိုက်ခိုက်ဖြိုဖျက်တော်မူရာ အောင်မြင်တော်မူ၍ သထုံဘုရင်ကိုး ကွယ်သော မွေတော်၊ ဓာတ်တော်နှင့် ပိဋကတ်သုံးပုံ အစုံ (၃ဝ)နှင့် အရိယာသံဃာတော်မြတ်များပါ ပင့်ဆောင်တော်မူခဲ့သဖြင့် သက္ကရာဇ်(၄၁၉)ခုနှစ်တွင် ဆန်တက်လာရာ ရေနံချောင်းမြို့ အထက်ခရီးတာ (၂၀၀၀) ခန့်အကွာ ပင်းချောင်းတွင် ဖောင်တော် ဆိုက်သောကြောင့် ဖောင်တော်ဦး၌ပါသော ဓာတ်တော် မွေတော်အပေါင်းတို့သည် နဂုတ္တမတောင်ထိပ်၌ကိန်းဝပ် တော်မူလိုသောအခြင်းအရာနှင့် တန်ခိုးပြာဋိဟာပြတော်မူသည်ကို အနော်ရထာမင်းကြီး မြင်တော်မူလျှင် ထိုနဂုတ္တမတောင်မြတ်ကို အထက်မှအတောင် (၂၀)တိုင်အောက်သို့ ဌာပနာတိုက်တူးလုပ်စေ၍ ဆန်းကျယ်လှစွာသော ရွှေအုတ်၊ ငွေအုတ်၊ ရတနာအုတ်တို့ကို စီခင်းပြီးလျှင် ရတနာ (၇)ပါးတို့ဖြင့် စီချယ်အပ်သော ရွှေကြုတ်၌ ဓာတ်တော်မွေတော်တို့ကို ထည့်သွင်းဌာပနာတော်မူပြီးလျှင် ဓာတ်တော်ကြုတ်၏ပတ်လည် အရပ်လေးမျက်နှာတို့၌ ပဉ္စလောဟာ ရတနာအပေါင်းတို့ဖြင့် သွန်းလုပ်အပ်သော ဤဘဒ္ဒကမ္ဘာထက် ပွင့်တော်မူပြီးသော ဘုရားလေးဆူတို့၏ ရုပ်ပွားတော် (၄) ဆူကိုထား၍ အစဉ်အတိုင်းတည်တော်မူပြီးလျှင် မြေပေါ်သို့ လေးတောင်အမြင့်မှ ဌာပနာ တိုက်ပြု၍ ဓာတ်မွေတော်ရုပ်ပွားတော်(၄)ဆူကို အောက်ဌာပနာတိုက်နည်းတူ ဌာပနာတော်မူ၍ မုခ်လေးမျက်နှာ အမြင့်သံတောင် (၃၀) ကျော်ရှိသော စေတီတော်ကိုတည်တော်မူသည်။ ထိုအခါ ပင်းချောင်းတောင်ဘက်၌ရှိသော မြေသည်အုတ်လုပ်ရန်မကောင်း တာရှည်မခံ၊ ပင်းချောင်းမြောက်ဘက်၌ရှိသော ကမ္ဘာမြေညက်ကို စမ်းသပ်၍ အုတ်လုပ်စေရာ တာရှည်ခိုင်ခန့်သော အုတ်တို့ကိုရသဖြင့် ၎င်းအရပ်၌ စစ်သူကြီးကျန်စစ်သားကို ကြီးကြပ်အုပ်ချုပ်စေ၍ ၎င်းအရပ်မှ အုတ်တို့ကို စစ်သည် ဗိုလ်ပါအပေါင်းတို့အားလက်ဆင့်ကမ်း၍ သယ်ယူ စေရာဝယ် ပင်းချောင်းရေ ဖျက်ဆီးသောကြောင့် စစ်သည်တော်တို့ ငြိုငြင်ဆင်းရဲ ပင်ပန်းကြသည်ကို အနော်ရထာမင်းကြီး သိတော်မူလေလျှင်ငါသို့သော သာသနာပြုမင်းစေတီတော်တည်သည်ကို ဤချောင်းရေ နှောင့်ယှက်ရသလောဟု ခမည်းတော် ကွမ်းဆော်မင်းကြီးအား သိကြားမင်း အပ်နှင်းသော စကြာလှံတော်ဖြင့် ချောင်းရေကို ပြတော်မူရာ ရေနံချောင်းမြို့ အရှေ့ခရီးတာ(၈၀၀၀) ခန့်ကွာသော ယခုရေဆုံးဟုခေါ်သော အရပ်တိုင်အောင် ချောင်းရေ ဆုတ်နစ်၍ သဲပြင်အတိဖြစ်လေရာ စစ်သည်တော်တို့သည် လွယ်လင့်တကူ သယ်လုပ်ဆောင်ကြရသဖြင့် စေတီတော်ကြီးအပြီးသို့ရောက်တော်မူသည်။ စကြာလှံတော်ပြ၍ ပင်းချောင်းရဆုတ်နစ်သည်ကိုအကြောင်းပြုပြီးလျှင် ပင်းစကြာလှံပြစေတီတော်ဟု သမုတ်တော်မူရာမှ ကာလရွှေ့လျောလာသောအခါ ပင်းစက္ကလံပစေတီတော် ဟုပြောင်းလဲခေါ်တွင်ခဲ့ကြသည်။
 
===တိပိဋကတ်စုံကျောက်စာရုံတော်ကြီး===
ကျောက်စာရုံတော်ကြီးကို ရေနံချောင်းမြို့၊ မြို့မမြောက်ဒိုင်နယ် ပုဏ္ဏားကုန်းရပ်ကွက်အတွင်းရှိ မြေဧက (၁.၆၈၉)ဧကရှိသော ရတနာဂီရိတောင်တော်ဦးနေရာတွင်သက္ကရာဇ် ၁၂၇၀ ပြည့်နှစ်၊ ခရစ်နှစ် ၁၉၀၈-ခုတွင်စတင်၍ တောင်တော်၏အထက်ဆုံးနေရာတွင် ဝိနည်းပိဋကတ်တစ်တိုက်၊ ဒုတိယတောင်တော်အလယ်တွင် အဘိဓမ္မာပိဋကတ်တိုက် နှစ်တိုက်နှင့် အောက်ဆုံးတောင်ခြေရင်းတွင် သုတ္တန်ပိဋကတ်တိုက် နှစ်တိုက် စုစုပေါင်း ပိဋကတ်တိုက် ငါးတိုက်တိတိ အထက်၊ အလယ်၊ အောက် အစဉ်အတိုင်း တောင်တော်ကြီးတွင် ထည်ဝါဝင့်ကြွားစွာ တည်ထားပူဇော်ခဲ့ပါသည်။
 
တည်ထားပုံမှာ စေတီပုံ(ဝါ)တြိဂံပုံ၊ အပေါ်ဆုံးနေရာ၌ ဝိနည်းပိဋကတ်တော်တိုက်အား ကျောက်အချပ်ရေ ၁၁၄-ချပ်ဖြင့် တည်ထားပူဇော်ထားပြီး အလယ်တွင် အဘိဓမ္မာ ပိဋကတ်တိုက်တော်နှစ်တိုက်အား လက်ဝဲ၊လက်ယာယှဉ်၍တည်ထားပူဇော်ပြီး လက်ဝဲတိုက်၌ ပိဋကတ်ကျောက်စာချပ်ရေ ၁၀၁-ချပ်၊ လက်ယာတိုက်၌ ပိဋကတ်ကျောက်ချပ်ရေ ၁၁၂-ချပ်တည်ထားပူဇော်ပြီး တောင်ခြေ
၌ သုတ္တန်ပဋိကတ်နှစ်တိုက် အားလည်း လက်ဝဲ၊ လက်ယာယှဉ်၍ တည်ထားပူဇော်ထားပြီး
လက်ဝဲဘက်၌ ပိဋကတ်ကျောက်စာ(၆၀)ချပ်
၊လက်ယာဘက်၌ ပိဋကတ်ကျောက်စာ(၆၄)ချပ်၊ စုစုပေါင်း ပိဋကတ်တိုက် ငါးတိုက်တွင် သုတ်
ဝိနည်း၊ အဘိဓမ္မာပိဋကတ်ကျောက်ချပ်ရေ စုစုပေါင်း ၄၅၁-ချပ်အားပိဋကတ်သုံးပုံ ကျောက်ထက်အက္ခရာရေးထွင်းပူဇော်ခဲ့ပါသည်။ ဓမ္မဒါနကုသိုလ်ပြု အလှူဒါယကာ တွင်းရိုးတွင်းစားသူဌေးကြီး ဦးသာကံ၊အလှူဒါယိကာမ ပါရမီဖက် ဒေါ်ခင်သင်(ခ)ဒေါ်ခင်လေးတို့ မိသားစုမှ ထိုခေတ် ငွေဒင်္ဂါးငါးတင်အကုန်အကျခံ၍ လှူဒါန်းခဲ့ကြောင်း မှတ်သားသိရှိခဲ့ရပါသည်။
 
ပထမဆုံး ဝိနည်းပိဋကတ်တိုက် ဘိက္ခုပါမောက် ပါဠိတော်ကျောက်ချပ်အား ၁၂၇၄-ခု၊တန်ဆောင်မုန်းလပြည့်ကျော်(၁၄)ရက် ရေးကူးပြီးသည်ဟုပါရှိပြီး သုတ္တန်ပိဋကတ်တိုက် အရှေ့ဘက်တိုက်ပါဠိကျောက်စာ ဒဿကင်္ဂုတ္တရကျောက်စာကို ၁၂၈၇-ခုနှစ် ရေးထိုးပြီးသည်ဟု တွေ့ရပါသည်။
 
ရေနံချောင်းမြို့ ပိဋကတ်သုံးပုံ ဓမ္မစေတီကျောက်စာတော်များ တည်ထားကိုးကွယ်မှုသည် တည်ဆောက်ရေးလုပ်ငန်းများ စတင်သည့် ခုနှစ်မှစ၍ရေတွက်သော် ဆောက်လုပ်ရေးသက်တမ်းသည် ၁၇နှစ်ကြာပြီး ယခုအခါ သက်တမ်းအားဖြင့် နှစ် ၁၀၀ ကျော်ပြီ ဖြစ်ပါသည်။
 
== ကိုးကား ==
အမည်မသိ အသုံးပြုသူ