ရတနသုတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၆၀ -
၅။ အိုနတ်အပေါင်းတို့ ဤနေရာ၌ အညီအညွတ်စည်းဝေးရောက်ရှိနေကြသော အသင်နတ်အများ နားဆင်ကြပါကုန် ၊ လူတို့သည် နေ့ည မဟူ ကြည်ဖြူလေးမြတ်စွာ အသင်နတ်တို့အား ပူဇော်ပသမှု ပြုကြပါသည်။ သို့ဖြစ်၍ သင်တို့သည် လူတို့အား ချစ်ခင်ကြပါကုန် ၊ မမေ့မလျော့ စောင့်ရှောက်ကြပါကုန်။
 
၆။ လူ့ပြည်၌ ဖြစ်စေ ၊ နဂါးပြည် ဂဋ္ဌုန်ပြည်၌ ဖြစ်စေ ၊ နတ်ပြည်၌ဖြစ်စေ အမြင့်အမြတ် သတ်မှတ်သုံးဆောင်ကြသော ဥစ္စာရတနာတို့သည် ရှိကြကုန်၏၊ ထိုရတနာတို့အနက် ဘုရားတည်းဟူသော ရတနာနှင့်တူသော ရတနာဟူ၍ မရှိချေ ၊ မြတ်စွာဘုရားသည် အရဟံစသော ဂုဏ်တော်ကျေးဇူးတော်တို့နှင့်ပြည့်စုံသော ရတနာမြတ် ဖြစ်ပါပေသည်။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ပွားစီးတိုးတက်ဥစ္စာ စီးပွား တိုးတက် ချမ်းသာကြပါစေသတည်း။
 
၇။ သာကီဝင်မင်းတို့၏ အထွတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် တည်ကြည်လှသော သမာဓိစိတ်ရှိသည့်အတွက်ကြောင့် ကိလေသာတို့၏ကုန်ရာကင်းရာ မသေရာဖြစ်သော အမြတ်နိဗ္ဗာန်ကို သိရှိတော်မူလေသည်။ (လောက၌) ထိုနိဗ္ဗာန်ဓာတ်မြတ် နှင့် နှိုင်းတုစရာ ရတနာတစ်ခုမျှ မရှိပါချေ ၊ နိဗ္ဗာန်သည် ကိလေသာကုန်စင်ခြင်း စသည့်ဂုဏ်တော်ကြောင့် ရတနာမြတ်ဖြစ်ပါပေ၏၊ ဤသို့ မှန်ကန်သောသစ္စာစကားကြောင့် သူတော်တကာ သတ္တဝါများ ပွားစီးတိုးတက်ချမ်းသာကြပါစေသတည်း။ဥစ္စာ စီးပွား တိုးတက်ချမ်းသာကြပါစေသတည်း။
 
၈။ မြတ်စွာဘုရားသည် အရဟတ္တမဂ်နှင့်ယှဉ်သော သမာဓိကို ကိလေသာမှ စင်ကြယ်၏ဟူ၍ ချီးမွမ်းတော်မူ၏၊ မိမိ၏အခြားမဲ့၌ အကျိုးကို ပေးတတ်၏ ဟူ၍လည်း ဟောတော်မူ၏။ ထိုအရဟတ္တမဂ်သမာဓိနှင့် တူမျှသော သမာဓိသည် မရှိ၊ ဤအရဟတ္တမဂ်သမာဓိတရားသည်သာလျှင် လောကီရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သသော ရတနာကြီး ဖြစ်တော်မူ၏။ ဤသို့မှန်စွာဆိုရသော သစ္စာစကားကြောင့် သတ္တဝါတို့အား ဘေးရန်ပျောက်ကင်း ချမ်းသာအေးမြခြင်း ဖြစ်ပါစေသတည်း။