စာကြောင်း ၁၃၃ -
 
တိုင်ပင်း သူပုန်ထမှုအတွင်း ဝူဟန်ဒေသအား သူပုန်တပ်တို့မှ နှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့ပြီး ကြိုးကြာဝါမျှော်စင်၊ ဇင်ဖူး ဘုရားကျောင်း၊ကျိုဒေါင်ကွမ် ဘုရားကျောင်း နှင့် အခြားအဆောက်အဦးတို့မှာ ပျက်စီးခဲ့ရသည်။ ဒုတိယ ဘိန်းစစ်ပွဲ (အနောက်တိုင်းတွင် မြှားစစ်ပွဲ ၁၈၅၆-၁၈၆၀ ဟု သိကြသည်။) အတွင်း ချင်မင်းဆက် အစိုးရမှ အနောက်တိုင်း အင်အားကြီးနိုင်ငံတို့အား ရှုံးနိမ့်ခဲ့ပြီး တျန်ဂျင်းစာချုပ်နှင့် ပီကင်းစာချုပ်တို့အား လက်မှတ်ရေးထိုးခဲ့ရပြီး ထိုစာချုပ်များကြောင့် မြို့တော် သို့မဟုတ် ဒေသ ၁၁ ခု (ဟန်ကိုး အပါအဝင်) တို့အား ကုန်သွယ်ရေး ဆိပ်ကမ်းများ အဖြစ် ဖွင့်လှစ်ပေးခဲ့ရသည်။ ၁၈၅၈ ခုနှစ် ဒီဇင်ဘာလတွင် အယ်ဂျင်၏ အဋ္ဌမမြောက် မြို့စားဖြစ်သော ဂျိမ်းစ်ဘရုစ်သည် တရုတ်နိုင်ငံဆိုင်ရာ မဟာမင်းကြီး အဖြစ် စစ်သင်္ဘော ၄ စင်းကို ယန်ဇီမြစ်တစ်လျှောက် ဝူဟန်အထိ ဦးဆောင်မောင်းနှင် လာခဲ့ပြီး ဝူဟန်တွင် ကုန်သွယ်ရေး ဆိပ်ကမ်း ဖွင့်လှစ်ရန် လိုအပ်သော အချက်အလက်များကို စုဆောင်းရန် အတွက် ဖြစ်သည်။
 
၁၈၆၁ ခုနှစ်တွင် အတွင်းဝန် ဟယ်ရီပါ့ခ် နှင့် ရေတပ်ဗိုလ်ချုပ် ဟားဘတ် တို့အား ဝူဟန်တွင် ကုန်သွယ်ရေးဆိပ်ကမ်း ဖွင့်လှစ်ရန် စေလွှတ်ခဲ့သည်။ ပီကင်းစာချုပ်အရ ဟယ်ရီပါ့ခ်သည် ဟန်ကိုး အငှားစာချုပ်အား ဟူနန်နှင့် ဟူပေးပြည်နယ်တို့၏ ဘုရင်ခံချုပ် ဂွမ်ဝမ် နှင့် အပြီးသတ် လက်မှတ်ရေးထိုးခဲ့သည်။ ထို့အတွက်ကြောင့် ယန်ဇီမြစ်တစ်လျှောက် {{convert|30.53|km2|sp=us}} မျှ ကျယ်ဝန်းသော ဧရိယာ (နောက်ပိုင်းခေတ် ကျန်းဟန်လမ်း မှ ဟဲကျိုလမ်းအထိ) သည် ဗြိတိသျှတို့ စီမံခန့်ခွဲခွင့်ရသည့် နေရာဖြစ်ခဲ့ပြီး ဗြိတိသျှတို့မှ ထိုနေရာအတွင်း သံရုံး ဖွင့်ခဲ့သည်။ ထို့အတွက်ကြောင့် ဟန်ကိုးသည် လွတ်လပ်သော ကုန်သွယ်ရေး ဆိပ်ကမ်း ဖြစ်လာခဲ့သည်။
 
[[File:Hankow Bund c. 1900.jpg|thumb|ဟန်ကိုး ဘန်း မြစ်ကမ်းရှိ နိုင်ငံခြားသားတို့ စီမံခန့်ခွဲသော နေရာများ ၁၉၀၀ ခုနှစ်]]
၁၈၈၉ ခုနှစ်တွင် လျံဂွမ်းနယ်စား ကျန်းစီတုံး (ဂွမ်ဒုံး နှင့် ဂွမ်စီ ပြည်နယ်) မှ ဟူဂွမ်းနယ်စား (ဟူနန် နှင့် ဟူပေးပြည်နယ်) အဖြစ် ပြောင်းရွှေ့လာခဲ့သည်။ သူသည် ပြည်နယ်အား ၁၈ နှစ်ကြာမျှ ၁၉၀၇ ခုနှစ် အထိ အုပ်ချုပ်ခဲ့သည်။ ထိုအချိန်အတွင်း သူသည် "တရုတ်သင်ယူရေး အား အခြေခံထား၊ အနောက်တိုင်း သင်ယူရေး အားအသုံးချ" ဆိုသည့် တိ-ယောင် တွေးခေါ်မှုကို ဖော်ထုတ်ခဲ့သည်။ သူသည် အကြီးစားလုပ်ငန်း အများအပြားကို တည်ထောင်ခဲ့ပြီး ဟန်ယန်း စတီးလ်စက်ရုံ၊ ဒါရဲ သတ္တုတွင်း၊ ပင်ရှန်း ကျောက်မီးသွေးတွင်း၊ ဟူပေး လက်နက်စက်ရုံနှင့် ဒေသတွင်း အထည်ချုပ်လုပ်ငန်းများကို တည်ထောင်ခဲ့ကာ ဝူဟန်တွင် ခေတ်သစ်လုပ်ငန်းများကို တိုးမြှင့်စေခဲ့ပြီး ကြွယ်ဝချမ်းသာလာစေခဲ့သည်။ ထိုအချိန်အတွင်း သူသည် ပညာရေး ပြုပြင်ပြောင်းလဲမှုများကိုလည်း လုပ်ကိုင်ခဲ့ပြီး ဒါဇင်ပေါင်းများစွာသော ခေတ်သစ် ပညာရေး ကျောင်းများကို ဆက်တိုက်ဖွင့်လှစ်ခဲ့သည်။ ၎င်းတို့တွင် လျန်ဟူး (ဟူနန်နှင့် ဟူးပေ) ဂန္တဝင် သင်ကြားရေး အကယ်ဒမီ၊ အရပ်သား အထွေထွေ သိပ္ပံ၊ စစ်ဘက်ဆိုင်ရာ အထွေထွေ သိပ္ပံ၊ နိုင်ငံခြားဘာသာသင်သိပ္ပံ နှင့် လျန်ဟူး အထွေထွေ ပုံမှန် ကျောင်း တို့ပါဝင်ပြီး ကျောင်းသားအများအပြားကို ရွေးချယ်၍ နိုင်ငံရပ်ခြားသို့ ပညာတော်သင် စေလွှတ်ခဲ့သဖြင့် တရုတ်ပြည်၏ ခေတ်သစ်ပညာရေး ဖွံ့ဖြိုးမှုကို များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။ ထို့အပြင် သူသည် ခေတ်သစ် စစ်တပ်ကို လေ့ကျင့်ပေးခဲ့ပြီး "ကျန်း" တပ်ဖွဲ့ နှင့် "ရှဲ" တပ်ဖွဲ့ (ကျန်းနှင့် ရှဲတို့သည် ချင်မင်းဆက်အောက်ရှိ စစ်တပ်များ ဖြစ်သည်။)တို့ကို ဟူးပေတွင် ဖွဲ့စည်းခဲ့သည်။ ထိုအကြောင်းအချက်များသည် ဝူဟန်အား ခေတ်ပေါ် တိုးတက်စေရေးအတွက် ခိုင်မာသော အုတ်မြစ် ချပေးခဲ့သည်။
 
မူလက ဟူးပေလက်နက်စက်ရုံဟု သိကြသော ဟန်းယန်လက်နက်စက်ရုံအား ကျန်းစီတုံးမှ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ဂွမ်ဒေါင်းရှိ နန်ယန်းရေတပ်ဖွဲ့မှ ရန်ပုံငွေများကို ယူငင်သုံးစွဲ၍ လက်နက်တိုက်ကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် စတာလင်ပေါင် ၂၅၀,၀၀၀ မျှ ကျသင့်ခဲပြီး ၄ နှစ်အတွင်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။<ref>{{cite book|url=https://books.google.com/?id=V682XHpDLXoC&pg=PA414&dq=new+chinese+rifle+factory+han+yang#v=onepage&q&f=false|title=The Chinese Recorder|author=Kathleen L Lodwick|year=2009|publisher=BiblioBazaar, LLC|location=|page=414|isbn=978-1-115-48856-3|accessdate=2010-06-28}}</ref> ၁၈၉၄ ခုနှစ် ဧပြီလ ၂၃ ရက်တွင် တည်ဆောက်ရေး ပြီးစီးခဲ့ပြီး {{Convert|40|acre|m2}} မျှ ကျယ်ဝန်းသော လက်နက်စက်ရုံသည် အမြောက်အသေးစားများကို စတင် ထုတ်လုပ်နိုင်ခဲ့သည်။ ၎င်းသည် ကျည်ကတ်ဒ်ထည့်ပစ်ရသော ရိုင်ဖယ် သေနတ်များ၊ ဂရူးဆန် အမြန်ပစ် သေနတ်များ နှင့် ကျည်ဆံများကို ထုတ်လုပ်ခဲ့သည်။<ref>{{cite book|url=https://books.google.com/?id=-dlcXDzGf4EC&pg=PA386&dq=new+chinese+rifle+factory+han+yang#v=onepage&q=new%20chinese%20rifle%20factory%20han%20yang&f=false|title=Northern China, the Valley of the Blue River, Korea. 43 Maps and Plans|author=Anon|year=2009|publisher=READ BOOKS|location=|page=386|isbn=978-1-4446-7840-6|accessdate=2010-06-28}}</ref>
 
====ဝူချန် ပုန်ကန်မှူ====