ဝူဟန်မြို့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၅၇၉ -
 
== စီးပွားရေး ==
[[File:Creativity City in Wuhan.jpg|left|thumb|ဟောင်ရှန်ခရိုင်ရှိ ခေတ်သစ် ဈေးဝယ်စင်တာတစ်ခုအား ညဘက် တွေ့မြင်ရပုံ]]
 
ဝူဟန်သည် နိုင်ငံပေါင်း ၈၀ ကျော်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခေါ်ယူနိုင်ခဲ့ပြီး နိုင်ငံခြားလုပ်ငန်းပေါင်း ၅,၉၇၃ ခုသည် ဝူဟန်တွင် တည်ထောင်ခဲ့ကာ စုစုပေါင်း ရင်းနှီးမြှုပ်နှံငွေ ပမာဏ အမေရိကန်ဒေါ်လာ ၂၂.၄၅ ဘီလီယံ အထိ ရှိခဲ့သည်။ <ref name="china-briefing.com">[http://www.china-briefing.com/news/2013/08/27/china-regional-spotlight-wuhan-hubei-province.html "China Regional Spotlight: Wuhan, Hubei Province"] {{Webarchive|url=https://web.archive.org/web/20140508182523/http://www.china-briefing.com/news/2013/08/27/china-regional-spotlight-wuhan-hubei-province.html |date=May 8, 2014 }}, ''China Briefing'', Shanghai, 27 August 2013.</ref> ထိုလုပ်ငန်းများတွင် ပြင်သစ်ကုမ္ပဏီများ ဖြစ်ကြသော ရေးနော့ နှင့် ပီအက်စ်အေ ဂရု တို့သည် မြို့တွင်း လည်ပတ်နေသော လုပ်ငန်းများ ရှိကာ တရုတ်တစ်နိုင်ငံလုံး ရင်းနှီးမြှုပ်နှံမှု၏ ၃ ပုံ ၁ပုံမျှ ရှိကာ တရုတ်နိုင်ငံရှိ မြို့အားလုံးတွင် ပြင်သစ်တို့၏ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်သည်။ <ref>{{cite web|author = People's Daily Online|title = Wuhan absorbs most French investment in China|work = People's Daily|date = October 25, 2005|url = http://english.people.com.cn/200510/25/eng20051025_216752.html|accessdate = October 23, 2006|archive-url = https://web.archive.org/web/20080417005134/http://english.people.com.cn/200510/25/eng20051025_216752.html|archive-date = April 17, 2008|url-status = live|df = mdy-all}}</ref> မြူနီစီပါယ်အစိုးရမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အမျိုးမျိုးသော ဆွဲဆောင်နိုင်သည့် ပေါ်လစီများကို ချမှတ်ပေးခဲ့ပြီး ၎င်းတို့တွင် အခွန်သက်သာခွင့်၊ အတိုးနှုန့် လျှော့ချပေးထားသော ချေးငွေနှင့် အစိုးရမှ ပံ့ပိုးပေးမှုများ ပါဝင်သည်။
 
ဝူဟန်သည် တရုတ်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ သယ်ယူပို့ဆောင်ရေး၊ သုတနည်းပညာနှင့် ပညာရေးတို့အတွက် အရေးပါသော ဗဟိုဌာန တစ်ခု ဖြစ်သည်။ ဝူဟန်ရှိ အဓိက လုပ်ငန်းများတွင်း အော့ပတစ်-အီလက်ထရွန်းနစ်၊ မော်တော်ကား ထုတ်လုပ်ရေး၊ သံ နှင့် စတီးလ် ထုတ်လုပ်ရေး၊ ဆေးဝါးဆိုင်ရာ ကဏ္ဍအသစ်၊ ဇီဝဗေဒ အင်ဂျင်နီယာရင်း၊ ကုန်ကြမ်းအမျိုးအစားသစ် လုပ်ငန်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ ပါဝင်သည်။ ဝူဟန် သံနှင့် စတီးလ် ကော်ပိုရေးရှင်းနှင့် ဒေါင်းဖန်-စိုင်ထရိုယန် မော်တော်ကား ကုမ္ပဏီ တို့သည် ဝူဟန်တွင် ရုံးချုပ် တည်ရှိသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အနာဂတ်မျှော် ထိန်းသိမ်းရေးလုပ်ငန်း ဝူဟန်၏ တိုးတက်လာသော လုပ်ငန်းတစ်ခု ဖြစ်ပြီး ၎င်းတို့တွင် စွမ်းအင်အပြည့်အဝ သုံးစွဲနိုင်ရေး နည်းပညာများနှင့် ပြည့်ဖြိုးမြဲစွမ်းအင်တို့ ပါဝင်သည်။ <ref name="china-briefing.com"/>
 
ဝူဟန်သည် တရုတ်ပြည်တွင်း ကုန်သွယ်ရေးအတွက် အဓိက အရေးပါသော အင်အားတစ်ခုဖြစ်ပြီး ပထမအဆင့် မြို့တော်များဖြစ်သော ရှန်ဟိုင်း၊ ဘေဂျင်း၊ ကွမ်ကျိုးတို့နှင့် အရောင်းအဝယ် ပမာဏတွင် ပြိုင်ဆိုင်လျှက် ရှိသည်။ ထို့ပြင် တရုတ်ပြည်၏ ထိပ်တန်း မက်ထရိုပိုလစ်မြို့တော်များတွင် ပါဝင်သည်။ ဝူဟန် ကုန်တိုက်၊ ကျောင်ရှန်း ကုမ္ပဏီ၊ ဟန်ယန်းကုန်တိုက် နှင့် ဗဟိုကုန်တိုက်တို့သည် အလွန်နာမည်ကြီးပြီး ဝူဟန်၏ အဓိက ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း ၄ ခု ဖြစ်ကာ စတော့အိတ်ချိန်းတွင် တင်ထားသော ကုမ္ပဏီများ ဖြစ်သည်။ ဟန်ကျန်ဂျဲ အသေးစားကုန်ရောင်းဝယ်ရေး ဈေးသည် နှစ်ပေါင်း ရာချီအောင် ဖွံ့ဖြိုးခဲ့ပြီး တကမ္ဘာလုံးတိုင် ကျော်ကြားသည်။
 
===စက်မှုဇုံများ===
 
== လူဦးရေ ပျံ့နှံ့နေထိုင်မှု==