ဂျူးလိယက်ဆီဇာ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သြ +ဩ)
စာကြောင်း ၁၄ -
| term_end = ဘီစီ ၄၄ မတ် ၁၅
| predecessor = ဆာလာ (ဘီစီ ၈၁/၈၂)ရောမသမ္မတနိုင်ငံ၏အာဏာရှင်အဖြစ်
| successor = သြဂတ်စတက်ဩဂတ်စတက် ဆီဇာ (ဘီစီ ၂၇- အေဒီ ၁၄) ရောမဧကရာဇ် အဖြစ်
| office2 = '''ရောမသမ္မတနိုင်ငံ၏ကောင်ဆယ်'''
| term_start2 = ဘီစီ ၄၄ ဇန်နဝါရီ ၁
စာကြောင်း ၄၇ -
* ဆီဆာရီရွန်
* မားကပ်စ် ဂျူးနီးယပ်စ် ဘရူးတပ်စ်(ကောလဟာလ)
* သြဂတ်စတက်ဩဂတ်စတက် (မွေးစား}}
| parents = ဂိုင်းယပ်စ် ဂျူးလိယက် ဆီဇာနှင့် အော်ရယ်လ်လီးယပ်စ် ကော်တာ
| footnotes =
စာကြောင်း ၆၀ -
 
 
ဂျူးလိယက် ဆီဇာသည်အထင်ကရရောမနိုင်ငံရေးသမားစစ်ဗိုလ်ချုပ်ကောင်ဆယ်အဖြစ်စံချိန်တင် ခုနှစ်ကြိမ်အထိ ရွေးကောက်တင်မြှောက်ခံရသူ ဂိုင်းယပ်စ်မရိုင်းယပ်စ်၏ တူတော်သူလည်းဖြစ်သည်။ <ref>Plutarch,Marius 6</ref>မရိုင်းယပ်စ်([[en|Gaius Marius]])နှင့် ဆာလာ([[en|Sulla]])တို့ပြည်တွင်းစစ်ဖြစ်၍ မရိုင်းယပ်စ်ကွယ်လွန်ကာ ဆာလာ အာဏာရလာချိန်တွင် ဆာလာက ဆီဇာကိုသာသနာ့ဘောင်မှထုတ်ကာ ဇနီးကော်နယ်လီယာနှင့် ကွာရှင်းစေသည်။ ဆီဇာက ကွာရှင်းရန်ငြင်းဆို၏။ ထို့အပြင် ဆာလာက ဆီဇာကို သတ်ရန်လည်းကြိုးစားပြန်သည်။ အကြောင်းပြချက်မှာ ဆီဇာ့ထံတွင် မရိုင်းယပ်စ်၏ စိတ်ဓာတ်များ အပြည့်ရှိနေသောကြောင့်ဟု ဆိုသည်။ ဆာလာ၏လူများက ဆီဇာကဲ့သို့ငယ်ရွယ်သူကို သတ်ရန်အကြောင်းမရှိဟု ပြောကြသောကြောင့် ချမ်းသာရာရခဲ့၏။ သို့သော် စိတ်မချရသောကြောင့် ရပ်ဝေးတွင်တိမ်းရှောင်ရသည်။<ref>Plutarch,Caesar</ref>ဆာလာအာဏာကျဆင်းလာချိန်တွင် ရောမသို့ပြန်လာကာ နိုင်ငံရေးလုပ်၏။ ဘီစီ ၅၉တွင် ပထမဆုံးအကြိမ် ကောင်ဆယ်အဖြစ် အရွေးခံရပြီး ဘီစီ ၆၀တွင် နံမည်ကျော် ရောမစစ်ဗိုလ်ချုပ် ပွန်ပီ([[en| Pompei]])၊ လူချမ်းသာ ကရက်ဆပ်စ်([[en| Crassus]])တို့နှင့်ပေါင်းကာ ပထမသုံးပွင့်ဆိုင်အဖွဲ့([[en| First Triumvirate]])ကိုဖွဲ့ကာ ရောမသမ္မတနိုင်ငံကို အုပ်ချုပ်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊အတွဲ(၄)</ref> ဂေါလ်စစ်ပွဲများ(ဘီစီ ၅၈မှ ၅၁)အပြီးတွင် ဂေါလ်နယ်ကို သိမ်းပိုက်သည်။ထိုအတောအတွင်း အရှေ့ဘက်စစ်ပွဲများတွင် ကရက်ဆပ်စ်ကွယ်လွန်ပြီး သုံးပွင့်ဆိုင်အဖွဲ့ပျက်ကာ ဘီစီ ၄၉တွင် ပွန်ပီနှင့်ဆီဇာ စစ်ဖြစ်ပြီး ပြည်တွင်းစစ်စ၏။ဘီစီ ၄၅တွင် ဆန့်ကျင်ဘက် အင်အားစုများကို အနိုင်ရကာ ပြည်တွင်းစစ်ပြီးဆုံး၍ ရောမတွင် ပြိုင်ဘက်မရှိသူဖြစ်လာသည်။ ဆီးနိတ်([[en| Roman Senate]])ကလည်း မတတ်သာသဖြင့် ဆီဇာအလိုကျ အာဏာရှင်အဖြစ်ခန့်အပ်သည်။ ပြက္ခဒိန်ကိုပြင်ဆင်ခြင်း၊ နယ်ဘက်အုပ်ချုပ်ရေးကို ပြင်ဆင်ခြင်းစသည်တို့ကို ဆောင်ရွက်ဆဲမှာပင် အာဏာကိုတဦးတည်းချုပ်ကိုင်ထားမှုကြောင့် ဆီးနိတ်အတွင်းမှ သက်ဦးဆံပိုင်အာဏာရှင်စံနစ် ဖြစ်သွားမည်ကို မလိုလားသူများက လုပ်ကြံသဖြင့် ဘီစီ ၄၄ မတ် ၁၅တွင် ကွယ်လွန်သည်။ ဆီဇာကွယ်လွန်သွားသောအခါ တူတော်သူ အော့တေးဗီးယန်းက ဆီဇာ၏အမွေခံယူပြီး ဆီဇာ၏ပြုပြင်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သည်။ နောက်ဆုံးတွင် သြဂတ်စတက်ဩဂတ်စတက် အမည်ဖြင့် ပထမဆုံး ရောမဧကရာဇ် ဖြစ်လာကာ ရောမသမ္မတနိုင်ငံမှ ရောမဧကရာဇ် နိုင်ငံတော် ဖြစ်လာသည်။ တနည်းအားဖြင့် ဆိုသော် ဆီဇာ၏လုပ်ရပ်များက ရောမသမ္မတနိုင်ငံ ကျဆုံးခြင်းအတွက် အဓိကနေရာမှပါဝင်ခဲ့သည် ဟုဆိုရပေမည်။ <ref>ခေါတ်ဟောင်းသမိုင်း- [[my|ဒေါက်တာ သန်းထွန်း]] </ref>
 
==ငယ်ဘဝနှင့်ရောမနိုင်ငံရေးအခြေအနေ==