သောမတ် မိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂန္တဝင် +ဂန္ထဝင်)
စာကြောင်း ၃၇ -
}}
 
'''ဆာသောမတ်မိုး''' (ခရစ် ၁၄၇၈-၁၅၃၅)သည် လက်တင်ဘာသာဖြင့် ရေးထား၍ ကမ္ဘာ့စာပေဂန္တဝင်တွင်ကမ္ဘာ့စာပေဂန္ထဝင်တွင် ထင်ရှားသော ''ယူဘိုးပီးယား''ခေါ်သော စာအုပ်ကို ရေးသားပြုစုသူ အင်္ဂလိပ်လူမျိုးနိုင်ငံပြု သုခမိန် ဖြစ်၎င်း၊ ဘာသာအယူဝါဒ အာဇာနည်အဖြစ်၎င်း ထင်ရှားကျော်ကြား၏ အဌမ ဟင်နရီဘုရင်၏ လက်ထက်တွင်အရေးပါသော ပုဂ္ဂိုလ်တဦးဖြစ်သည်။
 
ဆာတောမတ်မိုးသည် လန်ဒန်မြို့၌ ၁၄၇၈ ခုနှစ် ဖေဖွာရီလ ၇ ရက်နေ့တွင် မွေးဖွား၍ ဖခင်မှာ ထင်ရှားသော ဝတ်လုံတော်ရတဦး ဖြစ်လေသည်။ ငယ်စဉ်က ကန်တာဗာရီ ဂိုဏ်းချုပ်ကြီး ကာဒင်နယ် မော်တန်ထံတွင် လက်ပါးစေအဖြစ် အမှုထမ်း ခဲ့လေသည်။ အောက်စဖို့တက္ကသိုလ်၌ ပညာဆည်းပူးခဲ့ပြီနောက် ဥပဒေပညာရပ်များကို ဆက်လက်သင်ယူခဲ့လေ၏။ ကျောင်းမှထွက်၍ ရှေ့နေအလုပ်ဖြင့် အသက်မွေးခဲ့ရာ များမကြာမီ ထင်ရှားကျော်ကြား လာခဲ့လေသည်။ သို့သော မိုမှာ ဘုရားတရား ကြည်ညိုသူဖြစ်ရကား ဘုရားဝတ်ပြုကာ ဥပုသ်သီတင်းစောင့်ကာ နေထိုင်ရင်းက သာသနာဘောင်အတွင်းသို့ ဝင်ရန်ပင် ကြံရွယ် ခဲ့၏ နောင်မှ ထိုအကြံကိုဖျက်လိုက်သော်လည်း သူပြုမူလုပ်ကိုင်သမျှတွင် ဘာသာအယူဝါဒ ရည်ရွယ်ချက်များသာ လွှမ်းမိုးခဲ့ပေသည် ၁၅ဝ၄ ခုနှစ်တွင် ပါလီမန်အမတ်တဦး ဖြစ်လာလေသည်။သို့သော်လည်း သတ္တမဟင်နရီက အခွန်တော်များ ကြီးလေးစွာ ကောက်ခံသည်ကို အတိုက်အခံလုပ်သဖြင့် ဘုရင်အမျက်ရှခြင်းကိုခံရလေသည်။