ဆင်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၃၅ -
ဆင်သည် မြန်မာ့သမိုင်းတွင် အရေးပါသော သတ္တဝါ ဖြစ်သည်။ ရှေးခေတ်က မြန်မာဘုရင်များ စစ်မက်ဖက်ပြိုင်ရာတွင် ဆင်ကို စစ်အင်အားတစ်ခုအနေဖြင့် အသုံးပြုကြသည်။ ထိုမျှသာမက မြန်မာဘုရင်များသည် မိမိတို့ ပိုင်ဆိုင်သော ဆင်ဖြုအရေအတွက်ကို ဂုဏ်ယူဖွယ်တစ်ရပ်အနေဖြင့် ဘွဲ့အမည်တွင် ထည့်သွင်းမှည့်ခေါ်ကြသည်။ [[ဘုရင့်နောင်]]ကျော်ထင်နော်ရထာ၊ [[မြေဒူးမင်း]] စသူတို့သည် ဆင်ဖြူရှင် ဘွဲ့အမည်နှင့် ထင်ရှားကျော်ကြားသည်။
=== ဆင်နှင့်သစ်ထုတ်လုပ်ငန်း ===
[[File:Bodleian Ms. Burm. a. 5 fol 93.jpg|thumb| ဆင်ကို အသုံးချ၍ သစ်တုံးရွှေ့နေဟန် ရေဆေးပန်းချီ]]
ဆင်သည် မြန်မာ့သစ်ထုတ်လုပ်ရေးတွင် အရေးပါသော သတ္တဝါတစ်ကောင် ဖြစ်သည်။ စက်ယန္တရားများ မဝင်ရောက်နိုင်သော ဒေသများတွင် ဆင်ကို အသုံးပြု၍ သယ်ယူပို့ဆောင်မှု ပြုကြသည်။ ယနေ့ထက်တိုင် ဆင်များကို သစ်လုပ်ငန်းများတွင် အသုံးပြုဆဲ ဖြစ်သည်။
 
=== ဆင်အမျိုးအစားများ ===
အစွယ်အမျိုးအစားပေါ် မူတည်၍ ဆင်ထီးများကို လေးမျိုးလေးစားခွဲခြားနိုင်သည်။ အစွယ်နှစ်ဖက်ပါရှိသော ဆင်ကို စွယ်စုံဆင်ဟု ခေါ်သည်။ အစွယ်တစ်ဖက်သာပါရှိသောဆင်ကို တေဆင်(တယ်လူး)ဟုခေါ်ပြီး အစွယ်လုံးဝ မပါရှိသောဆင်ကို ဟိုင်းဆင်ဟု ခေါ်ဝေါ်ကြသည်။ အစွယ်အနည်းငယ်(တစ်မိုက်ခန့်)ရှိသော ဆင်ကို ဟန်ဆင်(ဟန်ကုပ်) ဟုခေါ်ပါသည်။
"https://my.wikipedia.org/wiki/ဆင်" မှ ရယူရန်