အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၅၉ -
အာနိုမြစ်ပေါ်တွင် ဖလော်ရင့်မြို့ကြီး တည်ရှိ၍ တိုင်ဗာမြစ်ပေါ်တွင် အီတလီနိုင်ငံ၏မြို့တော်ရောမမြို့တော်ကြီး တည်ရှိလေသည်။
 
တိုင်ဗာမြစ်နှင့် တပ်စကန်နီနယ်စပ်ကြားတွင် မီးမြုံတောင် များမီးမြုံတောင်များ ထူထပ်ပေါများ၏။ ရှေးအခါက ဤမီးတောင်တို့သည် ပြင်းထန်စွာ ပေါက်ကွဲခဲ့ဖူးသည်။ အီတလီနိုင်ငံ အလယ်ပိုင်းသို့ အက်ပင်းနိုင်း တောင်တန်းကြီးမှ ခွဲထွက်လာသော ကာရားရာတောင်မှ ကျောက်ရုပ်တုများ ထုလုပ်ရာတွင် အသုံးပြုသည့် စကျင်ကျောက်များကို တူးဖော်ရရှိသည်။ အီတလီနိုင်ငံ တောင်ဘက်ပိုင်းသို့ ရောက်သောအခါ အက်ပင်းနိုင်းတောင်တန်းသည် တဖြည်းဖြည်း နိမ့်ဆင်းသွားလေသည်။ အလယ်ပိုင်းကဲ့သို့ တောတောင်မထူထပ်သဖြင့် အက်ပင်းနိုင်းတောင်တန်း၏ အနောက်ဘက်တွင် ကမ်ပါနီယာလွင်ပြင်ကြီးနှင့် အရှေ့ဘက်တွင် ကျွဲနွား အကြီးအကျယ် မွေးမြူနိုင်သော အပျူလီယာမြက်ခင်းလွင်ပြင်ကြီး ရှိလေသည်။ နေပယ်ပင်လယ်ကွေ့ ကမ်းပေါ်တွင်ကား ကမ္ဘာပေါ်တွင် အထင်ရှားဆုံးဖြစ်သည့် ဗီဆူဗီးယတ် မီးတောင်ကြီး ရှိသည်။
 
အီတလီနိုင်ငံ တောင်ဘက်စွန်းရှိ စစ္စလီကျွန်းပေါ်တွက်မူ အက်တနမီးတောင်ကြီးရှိ၏။
စာကြောင်း ၆၇ -
ဣတာလျံ ကလေးသူငယ်များမှာ ခြောက်နှစ်အရွယ်မှ ၁၄ နှစ်အရွယ်တိုင်အောင် စာသင်ကျောင်းများတွင် မသင်မနေရ ဥပဒေများကို အတိအကျ လိုက်နာအောင် မဆောင်ရွက်နိုင်သည်က များသည်။ သို့ဖြစ်၍ ဣတာလျံလူမျိုး သုံးပုံနှစ်ပုံခန့်မှာ စာရေးစာဖတ် မတတ်သူများ ဖြစ်ကြ၏။ မြို့ကြီးများတွင် နေထိုင်သူအားလုံးလိုလိုတွင် ပညာအခြေခံ အတော်အတန်ရှိသော်လည်း ကျောင်းများ ခပ်ကျဲကျဲတည်ရှိရာ တောင်ပိုင်းတွင်မူ အရေးအဖတ် မတတ်သူ ရာခိုင်နှုန်းမှာ ၉ဝ နီးပါးမျှ ဖြစ်မည်ဟု ခန့်မှန်းကြလေသည်။ ခြောက်နှစ်မှ ကိုးနှစ်အရွယ်အတွင်း ကလေးသူငယ်များမှာ အက်ရှီလီခေါ် မူလတန်းကျောင်းများတွင် တက်ရောက်သင်ကြားရပြီးလျှင်၊ ကိုးနှစ်မှ ဆယ့်နှစ်နှစ်အရွယ်အတွင်း ကလေးသူငယ်များမှာ အောက်တန်း ကျောင်းများတွင် သင်ကြားရကာ၊ ၁၂ နှစ်မှ ၁၄ နှစ်အရွယ်အတွင်း ကလေးသူငယ်များမှာမူ အောက်တန်းလွန်တွင် ပညာသင်ကြားရလေသည်။ အလယ်တန်းကျောင်းများတွင် စာကြီးပေကြီး သက်သက်ကို ဖြစ်စေ သိပ္ပံပညာရပ်များသက်သက်ကိုဖြစ်စေ၊ ဆရာအတတ် သက်သက်ကိုဖြစ်စေ သင်ကြားပေးလေသည်။ ထိုပြင် စိုက်ပျိုးရေးအတတ်၊ ကုန်သွယ်ရေးအတတ်နှင့်စက်မှုလက်မှုအတတ်သင်အလယ်တန်းကျောင်း များလည်း ရှိသေး၏။ အီတလီနိုင်ငံတွင် အနုပညာနှင့် ဂီတပညာသင် ကျောင်းပေါင်း ၈ဝ ကျော်ခန့် ရှိသည်။ ကမ္ဘာကျော် တက္ကသိုလ်ကျောင်းများလည်း ရှိ၏။
 
၁၉၄၆ ခုနှစ် ဇွန်လတိုင်အောင် အီတလီနိုင်ငံမှာ ဘုရင်အုပ်စိုးသော နိုင်ငံဖြစ်ခဲ့ပေသည်။ ထိုလတွင် သမ္မတနိုင်ငံအဖြစ် ကြေညာပြီးနောက် တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်တင်မြှောက်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့ရာ၊ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ယင်းကို နောက်ဆုံး အတည်ပြုခဲ့လေသည်။ ထိုဥပဒေအရ ပြည်သူ့လွှတ်တော်နှင့် ဆီးနိတ်လွှတ်တော်တည်းဟူသော ဥပဒေပြုလွှတ်တော်နှစ်ရပ်ကို လျာထား၍၊ ထိုလွှတ်တော်နှစ်ရပ် ပူးပေါင်းဆွေးနွေးလျှင် အမျိုးသားလွှတ်တော်ဟုခေါ်ရမည်ဟု ဆိုထားလေသည်။ ထိုအမျိုးသားလွှတ်တော်မှာ သမ္မတရွေးနိုင်ခွင့်၊ စစ်ကြေညာနိုင်ခွင့်နှင့် စာချုပ်များချုပ်ဆိုနိုင်ခွင့် ရှိ၏။ ဒေသဆိုင်ရာကိုယ်ပိုင် လွပ်လပ်မှုအခွင့်အရေးများကိုလည်း ပေးထားသည်။ ဗရင်ဂျီဂိုဏ်းသည် နိုင်ငံတော်၏အယူဝါဒဖြစ်၍၊ တစ်နိုင်ငံလုံးရှိ လူ ၉ဝ ရာခိုင်နှုန်းက သက်ဝင်ယုံကြည်သည်။ ရောမမြို့သည် တစ်ကမ္ဘာလုံးရှိ ဗရင်ဂျီဂိုဏ်းဝင်တို့၏ ဌာနချုပ် ဖြစ်ပေသည်။ အီတလီနိုင်ငံ၏အလယ်ပိုင်းတွင်ကား မြို့တော်ဖြစ်သော ရောမမြို့တည်ရှိ၏။ အလယ်ပိုင်းတွင် နေထိုင်သူများမှာ များသောအားဖြင့် လယ်ယာစိုက်ပျိုးခြင်းဖြင့် အသက်မွေးမြူကြသူများ ဖြစ်ကြ၏။ စက်မှုလက်မှုလုပ်ငန်းမှာ မရှိသလောက်ပင် နည်းပါးသည်။ အလယ်ပိုင်းမှာ ပန်းချီ၊ ပန်းပု၊ ဂီတမှအစ အနုပညာကျော်များ အများဆုံး ပေါ်ထွက်ရာအရပ်ဖြစ်သည်။ အီတလျံတို့သည် အလှအပနှင့် သာယာမှုကို ခုံမင်သူများဟု ထင်ရှား၏။ အားလပ်သောနေ့များတွင် စုတ်စုတ်နုတ်နုတ် ဝတ်ဆင်ထားသော ဣတလျံအလုပ်သမားများကို အနုပညာပြတိုက်များတွင်လည်းကောင်း၊ တီးမှုတ်နေသည့် နေရာများတွင် စိတ်ပါဝင်စားစွာ နားထောင်နေကြသည်ကို လည်းကောင်းနားထောင်နေကြသည်ကိုလည်းကောင်း တွေ့မြင်ရတတ်သည်။ တောင်ပိုင်းသားများမှလည်း အလယ်ပိုင်းသားများထက်ပင် ခေတ်နောက်ကျသူများ ဖြစ်ကြ၏ များသောအားဖြင့် လယ်သမားများ သိုးထိန်းများသာ ဖြစ်ကြသည်။ တစ်နိုင်ငံလုံးရှိ မြေသုံးပုံနှစ်ပုံကို စိုက်ပျိုးလုပ်ကိုင်ကြ၏။ များမကြာမီ နှစ်များအတွင်း လူဦးရေ တိုးတက်လာ၍၊ ပိုးမြစ်ဝှမ်းမှတစ်ပါး အခြားနေရာများတွင် နေထိုင်မှုအဆင့်အတန်းမှာ နိမ့်ကျလှသည်။ စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားရာ မြောက်ပိုင်းရှိ မြို့များတွင်ကား နေထိုင်မှုအဆင့်အတန်းသည် အတော်မြင့်တက်လာပြီ ဖြစ်သည်။
 
အီတလီနိုင်ငံသည် ဥရောပတိုက်သမိုင်းတွင် ခေတ်တိုင်း၌ ထင်ရှားခဲ့သော နိုင်ငံဖြစ်သည်။ ရောမနိုင်ငံတော်ကြီး ထွန်းကားစဉ်အခါက အီတလီသည် ကမ္ဘာအနောက်ပိုင်း၏ ဗဟိုဌာနကြီးတစ်ခု ဖြစ်ခဲ့၏။ အီတလီယဉ်ကျေးမှုသည် ဥရောပတိုက် တစ်တိုက်လုံးကိုသာမက အာဖရိကတိုက်မြောက်ပိုင်းနှင့် အရှေ့ ပိုင်းဘက်သို့ပင် ပျံ့နှံ့ခဲ့လေသည်။ အီတလီသည် ဥရောပတိုက်၏ အမှောင်ခေတ်ကြီးကို ဖြိုခွင်းရာတွင် ခေါင်းဆောင် နိုင်ငံ ဖြစ်၍၊ ခေတ်ဆန်းချိန် စတင်ရာဒေသလည်း ဖြစ်ခဲ့၏။ သမိုင်းတင်စခေတ်တွင် အီတလီနိုင်ငံအလယ်ပိုင်း၌ အီထရပ်လစကန်လူမျိုးတို့ နေထိုင်ခဲ့ကြသည်။ ထိုနောက် ဂရိလူမျိုးတို့နှင့် နောင်အခါတွင် သွေးနှောကာ ဣတလျံလူမျိုးဟု ဖြစ်လာသောလူမျိုးစုတို့သည် အီတလီတောင်ဘက်ပိုင်းနှင့် စစ္စလီကျွန်းသို့ တက်ရောက်အခြေစိုက်ခဲ့ကြ၏။ ထိုနောက် တစ်ဖန် ဥရောပတိုက် အလယ်ပိုင်းမှ ဂေါ့လလူမျိုးတို့သည် အီတလီနိုင်ငံမြောက်ပိုင်းမှ တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်လာကြပြီးလျှင် ပိုးမြစ်ဝှမ်းတွင် အိုးအိမ်ထူထောင်နေထိုင်ကြလေသည်။ နောက်ဆုံး အီတလီနိုင်ငံလုံးကို ရောမဘုရင်များ ကြီးစိုးလွှမ်းမိုးသည့် အချိန်တွင်ကား ဂျာမန်သွေးပါသည့် ဂေါ့သလူမျိုးတို့သည် အင်အားကြီးမားသောလူစုလူဝေးဖြင့် အီတလီမြောက်ပိုင်းသို့ ဝင်ရောက်လာကြလေသည်။ ထိုနောက် နှစ်ပေါင်းလေးရာခန့် ကြာမြင့်သောအခါ အီတလီတောင်ဘက်ပိုင်းတွင် မွတ်စလင်များ ဖြစ်ကြသော အာရပ်လူမျိုး တို့ ဝင်ရောက်လာကြပြန်သည်။ ရောမနိုင်ငံတော်ကြီး ထူထောင်ခဲ့သည့်ခေတ်က အီတလျံလူမျိုးတို့သည် ထင်ရှားကျော်ကြားလာလေသည်။ သို့ရာတွင် အီတလီနိုင်ငံသမိုင်းဟူ၍ သီးခြားမရှိခဲ့ဘဲ၊ ရောမနိုင်ငံတော်သမိုင်း၏ တစ်စိတ်တစ်ဒေသမျှ ဖြစ်ခဲ့သည်။ ရောမနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးချိန် တိုင်မှသာလျှင် အီတလီနိုင်ငံသမိုင်းဟူ၍ မှတ်သားနိုင်ခဲ့ပေသည်။
 
အေဒီ ၄၇၆ ခုနှစ်တွင် ရောမနိုင်ငံတော်ကို တိုက်ခိုက်သိမ်း ယူခဲ့သော အိုဒိုးဇားဘုရင်သည် မိမိကိုယ်မိမိ အီတလီဘုရင်ဟူသော အမည်ကို ခံယူသည်မှအစ အီတလီနိုင်ငံသမိုင်းမှာ တစ်ဦးတခြား ဖြစ်လာခဲ့လေသည်။ အိုဒိုးဇားဘုရင်ကို သီအိုဒိုရစ်က လာရောက်တိုက်ခိုက်ပြီးနောက် အီတလီနိုင်ငံကို အော့စတြိုဂေါ့သဘုရင် စိုးမိုးအုပ်ချုပ်ခဲ့၏။ သီအိုဒိုရစ်သည် နိုင်ငံတော်ကို လိမ်မာရေးခြားစွာ အုပ်ချုပ်ခဲ့ရာ၊ နိုင်ငံမှာ အေးချမ်းသာယာ၍ စည်ပင်ဝပြောခဲ့ပေသည်။ ၅၅၂ ခုနှစ်တွင် ဂေါ့သမင်းဆက်ပြတ်သွားပြီးနောက် အီတလီနိုင်ငံသည် ဗိုင်ဇင်းတိုင်နိုင်ငံတော်ကို မှီခိုအားထားခဲ့ရလေသည်။ ထိုအချိန်တွင် ဂျာမန်အနွယ်ဖြစ်သော လောင်းဗတ်လူမျိုးတို့သည် အီတလီနိုင်ငံတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်လာခဲ့ရာ ရောမမြို့ အနီးအနားသို့ပင် ရောက်ခဲ့လေသည်။ ထိုအခါ ရောမရဟန်းမင်းသည် ပြင်သစ်ဘုရင် ပက်ပင်၏ အကူအညီကို တောင်းယူကာ လောင်းဗတ်တို့အား တားဆီးရလေသည်။ လောင်းဗတ်တို့ကို ပက်ပင်၏သားတော် ရှားလမိန်းဘုရင်လက်ထက်သို့ ရောက်မှ အပြီးသတ်နှိမ်နင်းအောင်မြင်၍ ရှားလမိန်းသည် ဧကရာဇ်ဘုရင် အဖြစ်ကို ခံယူပြီးလျှင် ခမည်းတော်ပက်ပင်လက်ထက်က ရဟန်းမင်းသို့ ပေးအပ်ခဲ့သော လက်ဆောင်တော်မြေများကို ထပ်မံအတည်ပြု ပေးအပ်ခဲ့ပြန်၏။
အေဒီ ၄၇၆ ခုနှစ်တွင် ရောမနိုင်ငံတော်ကို တိုက်ခိုက်သိမ်း ယူခဲ့သော အိုဒိုးဇားဘုရင်သည် မိမိကိုယ်မိမိ အီတလီဘုရင်
ဟူသော အမည်ကို ခံယူသည်မှအစ အီတလီနိုင်ငံသမိုင်းမှာ
တစ်ဦးတခြား ဖြစ်လာခဲ့လေသည်။ အိုဒိုးဇားဘုရင်ကို သီအိုဒိုရစ်က
လာရောက်တိုက်ခိုက်ပြီးနောက် အီတလီနိုင်ငံကို အော့စတြိုဂေါ့သဘုရင်
စိုးမိုးအုပ်ချုပ်ခဲ့၏။ သီအိုဒိုရစ်သည် နိုင်ငံတော်ကို လိမ်မာရေးခြားစွာ
အုပ်ချုပ်ခဲ့ရာ၊ နိုင်ငံမှာ အေးချမ်း သာယာ၍ စည်ပင်ဝပြောခဲ့ပေ
သည်။ ၅၅၂ ခုနှစ်တွင် ဂေါ့သမင်းဆက်ပြတ်သွားပြီးနောက်
အီတလီနိုင်ငံသည် ဗိုင်ဇင်းတိုင်နိုင်ငံတော်ကို မှီခိုအားထားခဲ့ရ
လေသည်။ ထိုအချိန်တွင် ဂျာမန်အနွယ်ဖြစ်သော လောင်းဗတ်
လူမျိုးတို့သည် အီတလီနိုင်ငံတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်
လာခဲ့ရာ ရောမမြို့ အနီးအနားသို့ပင် ရောက်ခဲ့လေသည်။
ထိုအခါ ရောမရဟန်းမင်းသည် ပြင်သစ်ဘုရင် ပက်ပင်၏
အကူအညီကို တောင်းယူကာ လောင်းဗတ်တို့အား တားဆီးရ
လေသည်။ လောင်းဗတ်တို့ကို ပက်ပင်၏သားတော် ရှားလမိန်း
ဘုရင်လက်ထက်သို့ ရောက်မှ အပြီးသတ်နှိမ်နင်းအောင်မြင်၍
ရှားလမိန်းသည် ဧကရာဇ်ဘုရင် အဖြစ်ကို ခံယူပြီးလျှင်
ခမည်းတော် ပက်ပင်လက်ထက်က ရဟန်းမင်းသို့ ပေးအပ်
ခဲ့သော လက်ဆောင်တော်မြေများကို ထပ်မံအတည်ပြု ပေးအပ်
ခဲ့ပြန်၏။
[[ ရှားလမိန်းဘုရင်။]]