ဆာမူရိုင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး robot Adding: yi:סאמוריי
No edit summary
စာကြောင်း ၁ -
[[File:Samurai.jpg|thumb|250px|၁၈၆၀ခုနှစ်များအတွင်း ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ဆာမူရိုင်း၊ ဖဲလိုက်စ်ဘီတိုရိုက်ကူးထားသော ဓာတ်ပုံ]]
ဆာမူရိုင်း (Japanese:侍 English: Samurai) ဆိုသည်မှာ ဂျပန်နိုင်ငံတွင်[[ဂျပန်နိုင်ငံ]] တွင် စက်မှုထွန်းကားသောခေတ်မတိုင်မီက စစ်တပ်အတွင်း မြင့်မားသောဂုဏ်ရည်ရှိသည့် ရာထူးအဆင့်အတန်းတစ်ခုဖြစ်သည်။ ဘာသာပြန်ဆရာ ဝီလီယမ် စကော့ ဝီလ်ဆင်၏ အဆိုအရ "တရုတ်ဘာသာတွင်[[တရုတ်ဘာသာ]]တွင် 侍 စာလုံးသည် မူလအဓိပ္ပာယ်အားဖြင့် လူ့အဖွဲ့အစည်းအတွင်း အထက်တန်းစားပုဂ္ဂိုလ်တစ်ယောက်ကို စောင့်ကြပ်ကြည့်ရှုသည် ဟူသည့် ကြိယာဖြစ်သည်။ ဂျပန်ဘာသာ၏ မူလစကားလုံး ဆာဘူရော(saburau) အတွက်လည်း ထိုအဓိပ္ပာယ်ပင်ဖြစ်သည်။ နိုင်ငံ ၂နိုင်ငံလုံးတွင် ထိုအသုံးအနှုန်းမှာ အထက်တန်းစား ပုဂ္ဂိုလ်တစ်ယောက်ကို အနီးကပ်စောင့်ကြပ် ကြည့်ရှုသူ"ဟူ၍ အဓိပ္ပာယ်ရပြီး ဂျပန်ဘာသာ အသံထွက်မှာ ဆာဘူရိုင်း ဟူ၍ ပြောင်းလဲလာသည် ဟူ၍ဖြစ်သည်။ ဝီလ်ဆင်က ဆာမူရိုင်းဟူသော အသုံးအနှုန်းကို ပထမဆုံးသုံးနှုန်းခြင်းကို ၁၀ ရာစု၏ ပထမပိုင်းတွင် ရေးသားပြီးစီးခဲ့သော ပထမဆုံး နန်းသုံးကဗျာစာတွဲ ကိုကင်ရှူး (Kokinshu) တွင် တွေ့ရသည် ဟုဆိုသည်။ ၁၂ရာစုအကုန်ပိုင်းတွင် ဆာဘူရိုင်းဟူသော အသုံးအနှုန်းသည် ဘူရှိ(Japanese:武士 English: bushi )ဆိုသော စကားလုံးနှင့် အဓိပ္ပာယ်တူသုံးစွဲကြပြီး ထိုစကားလုံးသည် အလယ်တန်းစားနှင့် အထက်တန်းစား စစ်သူရဲတို့၏ ရာထူးအဆင့်အတန်းများနှင့် ဆက်စပ်သုံးစွဲလေ့ရှိကြသည်။
 
== သမိုင်းကြောင်း ==
စာကြောင်း ၈ -
တိုင်းဟိုဥပဒေတွင် မင်းမှုထမ်းများကို အဆင့် ၁၂ ဆင့်ခွဲခြားသတ်မှတ်ထားပြီး အဆင့်တစ်ဆင့်စီတွင် နောက်ထပ် ၂ ဆင့် ထပ်မံခွဲခြားထားသည်။ ပထမဆုံးအဆင့်သည် ဘုရင်၏ အဆင့်အမြင့်ဆုံး အကြံပေးအရာရှိအဆင့်ဖြစ်သည်။ အဆင့် ၆ နှင့် အောက်ကို ဆာမူရိုင်း ဟုသတ်မှတ်ပြီး သူတို့သည် နိစ္စဓူဝ ကိစ္စများကို ထိတွေ့တာဝန်ယူရသည်။ ထို ဆာမူရိုင်းများမှာ အရပ်သား ဘုရင့်အမှုထမ်းများဖြစ်ကြသော်လည်း ထိုအမည်မှ ဆင်းသက်လာသည်ဟု ယုံကြည်ရသည်။ နောင်ရာစုနှစ်ပေါင်းများစွာအထိ စစ်သားများကို ဆာမူရိုင်းဟု ရည်ညွှန်းခေါ်ဆိုခြင်း မပြုခဲ့ပေ။
 
ဟဲအိအန်ခေတ် ဟုခေါ်သော ၈ရာစုနှောင်းပိုင်းနှင့် ၉ရာစုအစောပိုင်းတွင် [[ကမ်မူးဘုရင်]] (Emperor Kammu)သည် သူ၏အာဏာစက်ကို ဟွန်ရှူးမြောက်ပိုင်းသို့ ဖြန့်ကျက်စည်းရုံးရန်ကြိုးစားခဲ့သည်။ သို့သော် ပုန်ကန်သော အဲမိရှိပြည်သူတို့အား အနိုင်တိုက်ရန် သူစေလွှတ်ခဲ့သော စစ်တပ်မှာ စည်းကမ်း နှင့်စိတ်ဓာတ်ကင်းမဲ့သဖြင့် အောင်မြင်နိုင်ခြင်း မရှိခဲ့ပေ။ ကမ်မူးဘုရင် က ဆဲအိတိုင်းရှိုးဂန်း (Seiitaishogun) သို့မဟုတ် ရှိုးဂန်းဟူသော ဘွဲ့ကို စတင်ထုတ်ဖော်ခဲ့ပြီး အဲမိရှိတို့ကို အောင်နိုင်ရန်အတွက် အလွန်တိုက်ခိုက်အားကောင်းသော ဒေသခံဂိုဏ်းတို့အပေါ်တွင် စတင်မှီခိုအားထားလာခဲ့သည်။ မြင်းစီးတိုက်ခိုက်ခြင်းနှင့် လေးမြားအတတ်တွင် ကျွမ်းကျင်သော ဤလူမျိုးစုစစ်သည်တော်တို့သည် သူပုန်တို့ကို နှိမ်နှင်းရန်အတွက် ဘုရင်၏ စိတ်ကြိုက်လက်နက်ဖြစ်လာခဲ့သည်။ ဤစစ်သူရဲတို့သည် ထိုအချိန်က (၇ရာစုမှ ၉ရာစုအထိ) ပညာတတ်မြောက်ကောင်းတတ်မြောက်နိုင်သော်လည်း တော်ဝင်တရားရုံးအရာရှိတို့က သူတို့အား အရိုင်းအစိုင်းများထက် အနည်းငယ်သာသာသည် ဟု မှတ်ယူခဲ့ကြသည်။
 
နောက်ဆုံးတွင် ကမ်မူးဘုရင်သည် သူ၏စစ်တပ်ကို ဖျက်သိမ်းခဲ့ပြီး ထိုအချိန်မှစ၍ ဘုရင်၏အာဏာစက်သည် တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။ ဘုရင်သည် အုပ်ချုပ်သူဖြစ်နေသေးသော်လည်း ကျိုတိုပတ်ဝန်းကျင်ရှိ အာဏာပြင်းသောဂိုဏ်းတို့က ဝန်ကြီးအဆင့်ကို မိမိဘာသာရယူကြသည်။ သူတို့၏ဆွေမျိုးများကို နယ်ဝန်များအဖြစ်ခန့်အပ်ကြသည်။ သူတို့၏ ကြွယ်ဝချမ်းသာမှု တိုးပွားလာစေရန်နှင့် သူတို့၏အကြွေးများ ပြန်လည်ပေးဆပ်ရန်အတွက် နယ်ဝန်တို့သည် အခွန်အတုတ်တို့ကို မတန်တဆကောက်ခံကြပြီး ထို့အတွက် လယ်သမားအများစု လယ်ယာမဲ့ဖြစ်ခဲ့ရသည်။
စာကြောင်း ၃၃ -
 
ဟာဂါကူရဲကို ဘာသာပြန်သည့် ဝီလီယမ်စကော့ ဝီလ်ဆင်သည် ဂိုဏ်းများအတွင်းမှ စစ်သူရဲတို့၏ သေဆုံးခြင်းကို အလေးအနက်ထားပုံနှင့် ပတ်သက်၍ ယာမာမိုတို၏ ဥပမာအပြင် အခြားဥပမာများကို အောက်ပါအတိုင်း လေ့လာတွေ့ရှိခဲ့သည်။
"သူ (တာကဲဒ ရှင်းဂန်း) သည် စည်းကမ်းတင်းကျပ်သူတစ်ယောက်ဖြစ်ပြီး ဟာဂါကူရဲတွင် ရန်ဖြစ်သူ ၂ယောက် ကို ကွက်မျက်ခြင်းကွပ်မျက်ခြင်း နှင့် ပတ်သတ်၍ စံပြပုံပြင်တစ်ပုဒ်ရှိခဲ့သည်။ သူတို့နှစ်ယောက်ကို ရန်ြဖစ်သဖြင့် ကွက်မျက်ခြင်းမဟုတ်ပဲ သေသည်အထိ မတိုက်ခိုက်သောကြောင့် ကွက်မျက်ခဲ့ခြင်းဖြစ်သည်။ကွပ်မျက်ခဲ့ခြင်းဖြစ်သည်။"
 
== ကျမ်းကိုးစာရင်း ==
{{Reflist}}
 
[[Category:ဂျပန်]]
 
[[af:Samoerai]]