ရောမဒဏ္ဍာရီ: တည်းဖြတ်မှု မူကွဲများ

"File:Altar Mars Venus Massimo.jpg|300px|..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၉ -
ရောမဒဏ္ဍာရီတွင် ဂရိစာပေများ၌ အကျယ်တပြန့်ပါရှိသော တန်ခိုးအစွမ်း အံ့မခန်း ဇာတ်လမ်းများရှိချင်မှ ရှိပေမည်။
<ref>North, ''Roman Religion'', p. 4.</ref> သို့သော် ဝံပုလွေမတစ်ကောင်၏ နို့ချိုသောက်သုံးသော''ရောမြွတ်လပ်စ် နှင့် ရီးမတ်စ်'' အကြောင်းသည် ''ထရိုးဂျန်မြင်း'' အဖြစ်အပျက်မှလွဲ၍ ဂရိဒဏ္ဍာရီမှ မည်သည့်အကြောင်းအရာပုံရိပ်များကဲ့သို့ ကျော်ကြားလှသည်။<ref>[[T. P. Wiseman]], ''Remus: A Roman Myth'' (Cambridge University Press, 1995), p. xiii.</ref> အလယ်ခေတ်နှင့် ခေတ်ဆန်းချိန်ကာလတစ်လျှောက်လုံးတွင် လက်တင်စာပေသည် ဥရောပ၌ ကျယ်ကျယ်ပြန့်ပြန့် လူသိများလာသောကြောင့် ရောမသားတို့၏ ဂရိဒဏ္ဍာရီများစွာကို ဖော်ထုတ်ပြန်ဆိုမှုများသည် ဂရိရင်းမြစ်များထက် ဂန္ထဝင်ဒဏ္ဍာရီ (classical mythology) နှင့်ပတ်သက်သော ဇာတ်လမ်းအသွားနှင့် ရုပ်ပုံဖော်တင်ဆက်မှုများအပေါ် ကြီးမားစွာ လွှမ်းမိုးခဲ့သည်။ အထူးသဖြင့် ရောမကဗျာဆရာ အောဗစ် (Ovid) ၏ "''အသွင်ပြောင်းခြင်းစာအုပ်''" ၌ပါရှိသော ဂရိဒဏ္ဍာရီမူများကို [[ဩဂတ်စတက်ဆီဇာ]] လက်ထက်၌ ရေးသားခဲ့၍ စစ်မှန်သော ကျမ်းစာအဖြစ်ယူဆလာခဲ့ကြသည်။
 
==ဘာသာရေးနှင့် ဒဏ္ဍာရီ ==
 
အံ့ဖွယ်အစွမ်းများနှင့် လုပ်ဆောင်ချက်များအကြောင်း ဇာတ်လမ်းများသည် ရောမသားများထက် ဂရိတို့၏ ဘာသာရေးယုံကြည်မှုစနစ်တွင် ပို၍အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်သည်။ ရောမတို့အဖို့ ဓလေ့ထုံးတမ်းနှင့် ယုံကြည်ကိုးကွယ်မှုက အခြေခံပိုကျသည်။ ရောမဘာသာတရားတွင် ကျမ်းစာများ၊အဋ္ဌကထာ (သို့) ဋီကာကဲ့သို့သော ရှင်းလင်းချက်ကျမ်းများမရှိသော်လည်း ဘာသာရေးဆရာ(နတ်ဆရာ) စာပေများသည် လက်တင်စကားပြေ၏ အစောဆုံးရေးသားသောပုံစံများအနက်တစ်ခုဖြစ်သည်။<ref>{{cite book|author=Moses Hadas|authorlink=Moses Hadas|title=A History of Latin Literature|url=https://books.google.com/books?id=QnvOnY6ydngC&pg=PA15|year=1952|publisher=Columbia University Press|isbn=978-0-231-51487-3|page=15}}</ref> အမြင့်ဆုံးဘာသာရေးဂိုဏ်ဆရာများနှင့် အတိတ်နိမိတ်ကောက်ပေးသော ဘာသာရေးဆရာများ၏ စာအုပ်များနှင့် မှတ်ချက်များ၌ ဘာသာရေးလုပ်ဆောင်ပုံအဆင့်များ၊ ဘုရားစာများ၊ ဘာသာရေးဆိုင်ရာ ဥပဒေအချက်အလက်များအပေါ် ဥပဒကြေငြာချက်များနှင့် အမြင်များပါဝင်သည်။<ref>{{cite book|author=C. O. Brink|title=Horace on Poetry: Epistles Book II: The Letters to Augustus and Florus|url=https://books.google.com/books?id=loI8AAAAIAAJ&pg=PA64|year=1963|publisher=CUP Archive|isbn=978-0-521-20069-1|page=64}}</ref> ဤမော်ကွန်းဝင် ကြောင်းရာများအနက် အနည်းဆုံး အချို့သည် ရောမလွှတ်တော်၏ တိုင်ပင်ဆွေးနွေးမှုများအတွက်ရရှိနိုင်သော်လည်း ထိုစာအုပ်စာပေများသည် အလွန်လျှို့ဝှက်ဆန်းကျယ်သော စာပေပုံစံ (occultum genus litterarum),<ref>Cicero, ''De domo sua'' 138.</ref> ဖြစ်ကာ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဘာသာရေးဆရာများသာ သုံးစွဲရန်အခွင့်ရှိကြသည်။<ref>[[Jerzy Linderski]], "The ''libri reconditi''," ''Harvard Studies in Classical Philology'' 89 (1985) 207–234.</ref> ကမ္ဘာ့သမိုင်း၊ [[ရောမမြို့]]ကံကြမ္မာနှင့် သက်ဆိုင်သော ဟောကိန်းများသည် သမိုင်း၌ အရေးကြီးသောကာလတစ်များတွင် ကံအားလျော်စွာ ပေါ်ပေါက်သည်။ ထိုဟောကိန်းများကိုတွေ့ရှိခဲ့သည့်စာအုပ်မှာ ဝိုးတဝါးအနေထားဖြင့်ရှိသော တဘောင်နိမိတ်စကား စာအုပ်များ (Sibylline books) ဖြစ်၍ ထိုစာအုပ်များကို မာနထောင်လွှားသော ရောမဘုရင် တာကွင် (Tarquin the Proud) က ဘီစီခြောက်ရာစုနှောင်းတွင် Cumaean နတ်ဆရာမထံမှ (ပါးစပ်ရာဇဝင်များအရ) ဝယ်ယူခဲ့သည်။ ရှေးရောမဘာသာတရားနှင့်ပတ်သက်သော သွင်ပြင်အချို့သည် ဘီစီ (၁)ရာစုခန့်က ပညာရှင် ''မားကပ် ဗာရို''၏ ပျောက်ဆုံးခဲ့ပြီဖြစ်သော ယုံကြည်ကိုးကွယ်မှုဆိုင်ရာ (စာပေ)လက်ရာများ၌ ပါရှိခဲ့သည်။ ထိုအကြောင်းကို ဂန္ထဝင်နှင့် ခရစ်ယာန်ဘာသာရေး စာရေးဆရာများမှတစ်ဆင့် သိရှိခဲ့ရသည်။
 
[[File:Arte romana, triade capitolina, 160-180 dc (guidonia montecelio, museo civico archeologico) 01.jpg|thumb|left|[[Capitoline Triad]]]]
 
အစောဆုံး ရောမနတ်ဘုရားများတွင် ဂျေးနပ်စ် (Janus)၊ ဗက်စ်တာ (Vesta)၊ နှင့် ''ရှေးဦးနတ်ဘုရားသုံးဆူ''ဖြစ်သည့် ဂျူပီတာ၊ မားစ်၊ ခွစ်ရိနပ်စ်တို့ပါဝင်ကာ ၎င်းတို့ကို ပသသော နတ်ဆရာများမှာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်လေသည်။ ရိုးရာအရ ဆဘိုင်းလူမျိုး ရောမ၏ဒုတိယမြောက်ဘုရင် ''နျူးမား ပေါန်ပစ်လိယပ်စ်''သည် ရောမဘာသာတရားကို တည်ထောင်ခဲ့သည်။ ထိုဘုရင်တွင် ကြင်ယာတော်နှင့် အကြံပေးအဖြစ် ရောမနတ်သမီးတစ်ဦး (သို့) ရှေ့ဖြစ်ဟောနိုင်သူ စမ်းချောင်း(မြစ်)စောင့် နတ်သမီး ''အက်ဂျက်ရီးယား'' (Egeria) ရှိသည်ဟု ယုံကြည်ယူဆကြသည်။ အစ်ထရာစကန်(လူမျိုး) လွှမ်းမိုးမှုရှိသော ကပ်ပီတိုလိုင်းတောင်ကုန်းမှ နတ်ဘုရားသုံးဆူဖြစ်သော ဂျူပီတာ၊ ဂျူနို၊ မင်နားဗာတို့သည် ''ရှေးဦးနတ်ဘုရားသုံးဆူ'' နေရာတွင်ယူ၍ တရားဝင် အဓိကနတ်ဘုရားများဖြစ်လာကြသည်။ နတ်ဘုရားမနှစ်ပါး၊ နတ်ဘုရားတစ်ပါးသာရှိသော အဓိကနတ်ဘုရားသုံးဆူထားသည့်စနစ် အင်ဒို-ဥရောပ ဘာသာရေးအတွင်း ထူးဆန်းသည့် ဥပမာတစ်ခုဖြစ်သည်။ အဗန်တိုင်းတောင်ကုန်းတွင် ''ဒိုင်ယာနာ'' နတ်ဘုရားမကိုးကွယ်ယုံကြည်မှုသည် အခြေခိုင်လာ၏ ။ သို့သော် ဤနတ်ဘုရားမနှင့်ပတ်သက်၍ ရောမတို့၏ အကျော်ကြားဆုံး သရုပ်သကန်ဖော်ကျူးမှုမှာ ဒိုင်ယာနာသည် ''ဒိုင်ယာနာ နက်မိုရန်းစစ်'' ဖြစ်နိုင်သည်ဟူ၍ဖြစ်သည်။ ဂျေ.ဂျီ ဖရေးဇာ၏ ဒဏ္ဍာရီဆိုင်ရာ ဂန္ထဝင်စာအုပ် ''ရွှေရောင်ကိုင်းကြီး'' (Golden Bough) ၌သူမအားကိုးကွယ်မှုနှင့်ပတ်သက်ပြီး အာရုံစိုက်ဖော်ပြထားသောကြောင့်ဖြစ်သည်။
 
[[File:Pompeii - Casa dei Vettii - Ixion.jpg|thumb|Punishment of [[Ixion]]: in the center stands [[Mercury (mythology)|Mercury]] holding the [[caduceus]], and on the right [[Juno (mythology)|Juno]] sits on her throne. Behind her [[Iris (mythology)|Iris]] stands and gestures. On the left [[Vulcan (mythology)|Vulcan]] (the [[blond]] figure) stands behind the wheel, manning it, with Ixion already tied to it. [[Nephele]] sits at Mercury's feet. – Roman fresco from the eastern wall of the [[triclinium]] in the [[House of the Vettii]], [[Pompeii]], [[Pompeian Styles|Fourth Style]] (60–79 AD).]]
 
နတ်ဘုရားများသည် နေ့စဉ်ဘဝ၏ လက်တွေ့ကျသောလိုအပ်ချက်များကို ထင်ထင်ရှားရှား ဖော်ပြထား၏ ။ ရှေးခေတ်ရောမတို့သည် နတ်ဘုရားများကို ရိုးရာထုံးဓလေ့များ၊ ပူဇော်ပသတင်လှူခြင်းကို ဂရုတစိုက် ပြုလုပ်ဆောင်ရွက်ကြသည်။ အဦးပိုင်းရောမနတ်ဘုရား/မများတွင် အထူးသီးသန့်နတ်ဘုရားများပါဝင်ပြီး ထိုသီးသန့်လုပ်ငန်းလုပ်ဆောင်ချက်များအပေါ် ၎င်းတို့၏အမည်များကိုတိုင်တည်ကြသည်။ လယ်ထွန်၊ စိုက်ပျိုးစသဖြင့် လုပ်ဆောင်မှုများနှင့်အတူ ရှေးရိုးရာဓလေ့များသည် လုပ်ဆောင်မှုအဆင့်တစ်ခုစီတိုင်း၌ သီးသန့်နတ်ဘုရားတစ်ပါးပါးကို တိုင်တည်၍ လုပ်ဆောင်ကြသည်ဟု ဖော်ပြကာ ထိုနတ်ဘုရားတစ်ပါးစီ၏ အမည်သည် ပုံမှန်အားဖြင့် ထိုလုပ်ငန်းအတွက် ရှိသော ကြိယာ (verb) မှဆင်းသက်လာသည်။ (အဓိက)ဘုရားသုံးပါးသည် ရှေးရောမတွင် အထူးတလည်အရေးပါ၏ ။
 
ထို့ကြောင့် ဂျေးနပ်စ်နှင့် ဗက်စ်တာတို့သည် တံခါးဝနှင့် မီးလင်းဖိုကိုစောင့်ရှောက်၍ လားရီးဇ်သည် လယ်ကွင်းနှင့် အိမ်ကို ကာကွယ်သည်။ ပေးလ်စ်သည် စားကျက်မြေ၊ စေတန်သည် မျိုးကျဲခြင်း၊ စီယာရီးဇ်သည် မျိုးစေ့တို့၏ ကြီးထွားခြင်း၊ ပါမောနာသည် သစ်သီး၊ ကောန်ဆပ်နှင့် အော့ပ်စ် သည် ရိတ်သိမ်းခြင်း စသည်တို့ကို ထိန်းသိမ်းစောင့်ရှောက်သော နတ်ဘုရား/မ များဖြစ်ကြသည်။ နတ်တို့သနင်း ဂျူပီတာနတ်ဘုရားကိုသော်တောင်မှ ယာခင်း၊ စပျစ်ခင်းများအတွက် မိုးရေရရှိစေရန် ဂုဏ်တော်ရွတ်ဆို တောင်းဆုပြုကြသည်။ ပို၍ခြုံငုံလွှမ်းခြုံနိုင်သော ပုံစံဖြင့် ဂျူပီတာကို ၎င်း၏မိုးကြိုးလက်နက်မှတစ်ဆင့် ၎င်းသည် လူ့အရေးလူ့ကိစ္စကို စိုးမိုးသူအဖြစ်ယူဆကြ၏ ။ ၎င်း၏ကျယ်ပြန့်လှသောနယ်ပယ်များကြောင့် ရောမသားတို့သည် ၎င်းတို့၏တိုင်းပြည်၊ လူမှုအဖွဲ့အစည်းနယ်ပယ်အလွန်က စစ်ရေးဆိုင်ရာလုပ်ဆောင်မှုများ၌ ၎င်းတို့ကို ကာကွယ်သူအဖြစ်လည်း သတ်မှတ်ယူဆကြသည်။ အစောပိုင်းထင်ရှားသောနတ်ဘုရားများမှာ မားစ်၊ ခွစ်ရစ်နပ်စ် တို့ဖြစ်ကာ တစ်ပါးနှင့်တစ်ပ့း ဆက်စပ်ဖော်ပြကြသည်။ မားစ်သည် စစ်ရေးစစ်ရာနတ်ဘုရားဖြစ်၍ မတ်လနှင့် အောက်တိုဘာလများတွင် ပူဇော်ကြသည်။ ခေတ်သစ်ပညာရှင်များက ခွစ်ရစ်နပ်စ်ကို ငြိမ်းချမ်းသောကာလများ၌ စစ်တပ်၏ ကာကွယ်ထောက်ပံ့သူအဖြစ် ရှုမြင်ကြသည်။
 
 
==ကိုးကား==