သုခ (ဒါရိုက်တာ): တည်းဖြတ်မှု မူကွဲများ

organizing & improving
ပြန့်ကျဲမှုများကို နိုင်သလောက် စုစည်းထားပါတယ်။ ကျွန်တော် အသစ်ထည့်တဲ့အကြောင်းတွေကိုတော့ ref ပေးပါတယ်။ အရင်ကဟာတွေကတော့ ဘယ်ကကိုးကားသလဲမသိတော့ ထည့်မပေးနိုင်။
စာကြောင်း ၂၅ -
==ဘဝအကျဉ်း==
=== ငယ်ဘဝ ===
၁၉၁ဝပြည့်နှစ်၊ ဇန်နဝါရီလ(၁၄)ရက်၊ (၁၂၇၁-ခု၊တပို့တွဲလဆန်း(၅)ရက်၊သောကြာနေ့)တွင် ကျိုက်လတ်အပိုင်၊ကျိုက်လတ်မြို့နယ်၊ စာဖြူစုကျေးရွာသူကြီး ဦးစံခိုင်၊ ဒေါ်မျှင်တို့မှ ဖွားမြင်သည်။ သာသမီး(၄)ယောက်အနက် အကြီးဆုံးဖြစ်သည်။ ငယ်မည်မှာ မောင်သိန်းမောင် ဖြစ်သည်။
 
=== ပညာရေး နှင့် လုပ်ငန်းအစ===
၁၉၂၆တွင် [[ကျိုက်လတ်မြို့]]၊ အမျိုးသားကျောင်းမှ အလယ်တန်း အောင်မြင်ခဲ့သည်။ နောင်တစ်နှစ်၌ ဖျာပုံအမျိုးသားကျောင်းသို့ ပြောင်းရွှေ့ကာ အထက်တန်းပညာသင်ယူသည်။ အလယ်တန်းမှစ၍ ကဗျာ၊ ရတုများရေးသားစပ်ဆိုလာခဲ့ရာ အထက်တန်းကျောင်းသားဖြစ်လာသောအခါ ဝတ္ထုရေးရန် စိတ်သန်လာသည်။ ၉-တန်းအရောက်တွင်နဝမတန်းအရောက်တွင် ကျောင်းမှထွက်ကာ ဖခင်ဦးစံခိုင် ရန်ကုန်တွင်တည်ထောင်သော အာဇာနည်ဂျာနယ်တိုက်တွင် လုပ်ရန် ရန်ကုန်သို့ထွက်ခွာခဲ့သည်။ ဂျာနယ်ပိတ်လိုက်ရသဖြင့် ကျိုက်လတ်သို့ ပြန်ခဲ့သည်။ ကျိုက်လတ်ပြန်ရောက်သောအခါ ကျိုက်လတ်ဆရာကြီးဦးဘမူ၏ အမျိုးသားကျောင်းတွင် မြန်မာစာပြဆရာအဖြစ်ဆောင်ရွက်ရင်း အမျိုးသားအောင်ပွဲနေ့များတွင် ကျင်းပသည့် ပဒေသာကပွဲများအတွက် ဇာတ်လမ်းရေးသားခြင်း၊ ကိုယ်တိုင်လည်းပါဝင်ကပြခြင်း၊ ဒါရိုက်တာလုပ်အဖြစ်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။
 
 
စာကြောင်း ၃၄ -
၁၉၃၈တွင် ''ချစ်အမျှ'' ရုပ်ရှင်ဇာတ်ညွှန်းကို ရေးသား၍ ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၄၂ ဂျပန်ခေတ်တွင် ပြဇာတ်များကို ရေးသားတင်ဆက်ခဲ့သည်။ ကန်တော်မိတ်ရုံတွင် ''ဂုဏ်''၊ ဂျိုတီရုံတွင် ''မေတ္တာနှင့်သစ္စာ''၊ မြိုင်ရုံတွင် ''ဩော်မိန်းမ - ဩော်ယောက်ျား''၊ ''မိန်းမနဲ့ယောက်ျား''၊ ''ဩော် --- လောက'' ပြဇာတ်များတင်ဆက်ခဲ့သည်။ စာရေးဆရာအသင်း ရန်ပုံငွေအတွက် ''ဝိဇယ'' 'ပေါ်ဦး' ပြဇာတ်များတွင် ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင်လည်းပါဝင်ကပြခဲ့သည်။ ''မောင်ဖေငယ်'' ပြဇာတ်အထူးလူကြိုက်များခဲ့သည်။ နောက်ပိုင်း ကာဌေးရုံတွင် ''ချစ်တော့ချစ်တယ်"၊ "ဝသုန်ဤမြေ''၊ ဝင်းဝင်းရုံတွင် ''ကိုယ်ကြိုက်တာကိုယ်လုပ်'' ဇော်ရုံတွင် ''သားတို့ရုပ်ရည်'' ပြဇာတ်များကို ကိုယ်တိုင်အဓိကဇာတ်ဆောင်နေရာမှ ပါဝင်ကပြခဲ့သည်။
 
၁၉၄၈တွင် ''ချစ်အနုမြူ'' ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူးခဲ့ရာ ထိုကားအတွက် စာရေးဆရာ အသင်းက ချီးမြင့်သော ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆုရရှိသည်။ ၁၉၅၄ -၁၉၅၄တွင် ''ဩော်မိန်းမ''ဇာတ်ကားဖြင့် ရုပ်ရှင်ထူးချွန်ဆုဖြစ်သော ဒါရိုက်တာဆုရရှိခဲ့သည်။ နှစ်နှစ်အကြာတွင် ''ဘဝသံသရာ''ဇာတ်ကားဖြင့် ဒုတိယအကြိမ် ဒါရိုက်တာဆုရရှိသည်။
 
၁၉၆၈၌ ''စကားပြောသောအသည်းနှလုံး'' ဇာတ်ကားရိုက်ကူး၍ ဒါရိုက်တာဆု ထပ်မံဆွတ်ခူးခဲ့သည်။ ၁၉၇၀ပြည့်တွင် ''ကျမမှာမိန်းမသား'' ဇာတ်ကားရိုက်ကူး၍ ဒါရိုက်တာဆု ချီးမြှင့်ခြင်း ခံရသည်။ ၁၉၇၃ တွင် ရိုက်ကူးသော ''ဘယ်သူပြိုင်လို့လှပါတော့နိုင်'' ဖြင့် အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့သည်။ ၁၉၇၅၏ ''ရွှေခြည်ငွေခြည်တန်းပါလို့'' ဇာတ်ကားသည် ၎င်းကို ဆဌမအကြိမ်မြောက် ရုပ်ရှင်ထူးချွန်ဆု၊ ဒါရိုက်တာဆုကို ရရှိစေခဲ့သည်။
စာကြောင်း ၅၁ -
==ဆောင်ရွက်ချက်များ==
{{Expand section}}
၁၉၈၃-၈၄နှစ်များ၌ ရန်ကုန်တိုင်း၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ တက္ကသိုလ်ဆရာလောင်း မွန်းမံသင် တန်းတို့တွင် ''စကားပြောဟောနည်းပညာ၊ တရားဟောနည်းပညာ'' ဘာသာရပ်ပို့ချခဲ့သည်။ ဆရာကြီးဦးသုခ၏ လုံ့လကြိုးပမ်းမှုဖြင့် ပြာသိုလပြည့်ကို မြန်မာနိုင်ငံ၏ အမေများနေ့အဖြစ် (၁၉၉၇)တွင် တရားဝင် သတ်မှတ်နိုင်ခဲ့သည်။ ၁၉၉၅ခုနှစ် မန္တလေးမြို့တွင် ဦးသုခ ဦးဆောင်၍ အမေများနေ့ အခမ်းအနားကို စတင်ကျင်းပနိုင်ခဲ့သည်။<ref>{{cite web |url= https://www.mdn.gov.mm/my/paasiulpnny-amemaane|title=ပြာသိုလပြည့် အမေများနေ့|last=မုဒိတာ (တောင်သာ) |first= |date=5 January 2019 |website= Myanmar Digital News|access-date=18 May 2020|trans-title=Mothers' day, the full moon of Pyatho.}}</ref>
 
ဆရာကြီးဦးသုခသည် လုံးချင်းဝတ္ထုပေါင်း (အစောပိုင်းကာလက) ၁ဝဝမျှရေးခဲ့၍ ဝတ္ထုတိုပေါင်း(၂၀၀)ခန့် ရေး သားခဲ့သော်လည်းရေးသားခဲ့သော်လည်း နောက်ပိုင်းတွင် ဘာသာရေးဆိုင်ရာများကိုသာ ဦးစားပေးခဲ့သည်။ ရုပ်ရှင်ကားပေါင်း (၃၃)ကားမျှ ဒါရိုက်တာလုပ်၍ ရိုက်ကူးခဲ့သည်။
 
== ပါဝင်ဆောင်ရွက်ခဲ့သော အဖွဲ့အစည်းများ ==
Line ၅၈ ⟶ ၆၀:
* တိပိဋက နိကာယသာသနာပြု ဥပဌာကအဖွဲ့ ဂုဏ်ထူးဆောင်နာယက။
* တိ-နိ စာအုပ်စာပေ အနုပညာနှင့် မော်ကွန်းအဖွဲ့ နာယက
* [[နာရေးကူညီမှုအသင်း]] (ရန်ကုန်) နာယက
 
ဆရာကြီးဦးသုခသည် လုံးချင်းဝတ္ထုပေါင်း (အစောပိုင်းကာလက) ၁ဝဝမျှရေးခဲ့၍ ဝတ္ထုတိုပေါင်း(၂၀၀)ခန့် ရေး သားခဲ့သော်လည်း နောက်ပိုင်းတွင် ဘာသာရေးဆိုင်ရာများကိုသာ ဦးစားပေးခဲ့သည်။ ရုပ်ရှင်ကားပေါင်း (၃၃)ကားမျှ ဒါရိုက်တာလုပ်၍ ရိုက်ကူးခဲ့သည်။
 
==ဂုဏ်ပြုမှုများ==