ကမ္ဘောဇသာဒီရွှေနန်းတော်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၀င် +ဝင်, -၀တ် +ဝတ်, -၀န် +ဝန်, -သြ +ဩ)
စာကြောင်း ၄ -
ခရစ်သက္ကရာဇ် ၁၅၅၀ ခုနှစ်တွင် တပင်ရွှေထီးမင်း လုပ်ကြံ့ခံရပြီး နတ်ရွာစံသည့် နောက်တစ်နှစ်အကြာ ၁၅၅၁ ခုနှစ်တွင် ယောက်ဖတော် ဘုရင့်နောင်က ဥဿာပဲခူးထီးနန်းကို ဆက်ခံနန်းစံပါသည်။ နန်းစံသည့် ဥဿာပဲခူးမြို့တော်၏ ကျုံးမြို့ရိုး အဆောက်အဦတို့မှာ အိုမင်းဟောင်းနွမ်းသည်ကတစ်ကြောင်း မြို့အနေအထားကျဉ်းမြောင်းသည်က တကြောင်းကြောင့် ဘုရင့်နောင်မင်းတရားကြီ:သည် ဥဿာမြို့၏ အနောက်ဘက်တွင် မြို့တော်သစ် တည်ထောင်ခဲ့ပါသည်။
 
ဥဿာမြို့ဟောင်း၏ မြို့ရိုး အရာများနှင့် နန်းဆောင်အဆောက်အဦ များတည်ရှိခဲ့ရာ မြေကုန်း(mount)များကို ပဲခူးမြို့အရှေ့ဘက် သနပ်ပင်လမ်းဘေး၀န်းကျင်တွင်သနပ်ပင်လမ်းဘေးဝန်းကျင်တွင် တည်ရှိ တွေ့မြင်နိုင် ဆဲဖြစ်ပါသည်။
 
ရွှေမော်ဓေါစေတီတော်သည် ဥဿာမြို့၏ အပြင် အနောက်ဘက်အရပ်တွင် တည်ရှိနေသည် ကို ဘုရင့်နောင်မင်းတရားကြီ:လက်ထက်တွင် စေတီတော်ကို မြို့တော်အတွင်း ကျရောက်အောင် တည်ဆောက်ခဲ့ပါသည်။
 
ခရစ်သက္ကရာဇ် (၁၅၅၃) ခုနှစ်တွင် မြေနန်းပြာသာဒ်တော်ကြီးအပါအ၀င်မြေနန်းပြာသာဒ်တော်ကြီးအပါအဝင် နန်းတော်ဆောင် များကို စတင်တည်ဆောက်ခဲ့ပါသည်။ အဆိုပါ နန်းတော်ဆောင်များကို အတွင်းသစ်တပ်ဖြင့် ကာရံစေခဲ့ပါသည်။
 
နန်းတော်တည်ဆောက်ရာ နေရာအချို့ကိုလည်း မြို့အရှေ့ဘက်အရပ်ရှိ တောင်ကုန်းများမှ မြေများကို သယ်ယူဖို့စေခဲ့ပါသည်။
စာကြောင်း ၁၄ -
အတွင်းသစ်တပ်အတွင်းရှိ နန်းတော်ဆောင်များနေရာကို ကမ္ဘောဇသာဒီဟု မှည့်ခေါ်ခဲ့ပါ သည်။
 
အပြင်အုတ်မြို့ရိုးနှင့် ကျုံးအပါအ၀င်ကျုံးအပါအဝင် မြို့တော်ကြီးတစ်ခုလုံးမှာ သက္ကရာဇ် (၁၅၆၆) ခုနှစ်တွင်ပြီးစီးခဲ့ပါသည်။ မြို့တော်ကြီးတစ်ခုလုံးအား ဟံသာ၀တီနေပြည်တော်ဟု သမုတ်ခေါ်ဝေါ် ခဲ့ပါသည်။
 
မြို့ရိုး၏ အသွင်သဏ္ဍန်မှာ စတုဂံပုံလေးထောင့်ဖြစ်ပါသည်။ အရှေ့မှ အနောက်မြို့ရိုးအလျား မှာ တစ်ဖက်စီတွင် ၁ မိုင် ၂ဖာလုံခန့်ဖြစ်ပါသည်။ တောင်မှမြောက်အလျားမှာ ၁မိုင် ၄ ဖာလုံခန့်ဖြစ်ပါ
စာကြောင်း ၂၀ -
သည်။ မြို့၏ အနောက်မြောက်ဖက်တွင် အနည်းငယ်စောင်း၍ ချွန်ထွက်နေသကဲ့သို့ အနေအထား ရှိပါသည်။ အရှေ့မြို့ရိုးသည် ရွှေအောင်ရွေးစေတီကို ဝိုင်းပတ်ငုံလျှက် တည်ဆောက်ထားပါသည်။
 
မြို့ရိုး၏ မျက်နှာတစ်ဖက်တစ်ချက်စီတွင် မြို့တံခါး(၅) ပေါက်စီတည်ရှိပါသည်။ အဆိုပါ မြို့တံခါးပေါက်များကို ကြီးကြပ်ဆောင်ရွက်သည့် လက်အောက်ခံ၊ ဘုရင်ခံ၊ စော်ဘွားမြို့စားများ၏ မြို့အမည်များဖြင့် အဆိုပါ တံခါးပေါက်အမည်များကို ပေးထားပါသည်။ မြို့ရိုး၀င်းရံသည့်မြို့ရိုးဝင်းရံသည့် မြို့တော်၏အလယ်တွင် နန်းဆောင်များတည်ရှိပါသည်။ ပင်မနန်းဆောင်များသည် အကြမ်းအားဖြင့် အင်္ဂလိပ်အက္ခရာ “တီ” ပုံသဏ္ဍန်တည်ရှိပါသည်။
 
ပင်မနန်းဆောင်များမှာ –
စာကြောင်း ၃၀ -
(၃) ဗောင်းတော်ဆောင်(သင်္ခါသနပလ္လင်ဆောင်)– ရဟန်းသံဃာတော်များကို ပင့်ဖိတ်၍ ပဌာန်းတရားတော်များ၊ ပရိတ်တရားတော်များ နာကြားခြင်း ဘုရားဒေသနာတော်ဝိနည်း တော်များ မှ မရှင်းလင်းသည့် အချက်များကို ဘုရင်မင်းမြတ်က ဆရာတော်များကို မေးမြန်းလျှောက်ထားခြင်း၊ ဆရာတော်များမှ ပြန်လည်ဖြေကြားခြင်း အခမ်းအနား ကျင်းပသည့်နေရာဖြစ်ပါသည်။ ကျေးတော်မျိုး၊ ကျွန်တော်များများအား ဘွဲ့တံဆိပ်ကို ရွှေပြားတွင်ခပ်နှိပ်လျက် ဘွဲ့ထူးခံအမှုထမ်း၏ နဖူးတွင် ရှင်ဘုရင်ကိုယ်တိုင် အဆိုပါ ဘွဲ့တံဆိပ်ရွှေပြားကို စည်းနှောင်ပေး၍ ချီးမြှင့်သည့် အခမ်း အနား ကျင်းပပြုလုပ်သည့် နေရာဖြစ်သည်။
 
(၄) ဂဇာသနပလ္လင်ဆောင်-(ဗြဲတိုက်ဆောင်) အတွင်း၀န်လေးပါးအတွင်းဝန်လေးပါး စုရုံးအစည်းအဝေးကျင်း ပရာအဆောင်ဖြစ်ပါသည်။ ရှင်ဘုရင်မိန့်ကြားသောအမိန့်တော်များကို အတည်ပြုထုတ်ပြန်ရာ၊ ရာထူးချီးမြှင့် ရှုတ်ချအမိန့်တော်များ ထုတ်ပြန်ရာနေရာဖြစ်ပါသည်။
 
(၅) မိဂါသနပလ္လင်ဆောင်-(တောင်စမုတ်ဆောင်) ရဟန်းသံဃာတော်များအား ဆွမ်း လောင်းခြင်း၊ ဆင်းရဲသားကျေးတော်ကျွန်တော်များအား အ၀တ်ပုဆိုး၊အဝတ်ပုဆိုး၊ အစားအသောက်နှင့် ဆုလာဘ်တော်များ စွန့်ကျဲပေးကမ်းသည့် အခမ်းအနားကျင်းပပါသည်။
 
(၆) ပဒုမသနလ္လင်ဆောင်– လက်အောက်ခံဘုရင်ခံစော်ဘွား မြို့စားများ၏ ကတော် မယားများအားလုံးသည် ဤအဆောင်တွင် စုရုံးလျှက် ရှင်ဘုရင်နှင့် မိဖုရားခေါင်ကြီးအား ရှိခိုး ကန်တော့သည့် အခမ်းအနားကျင်းပသည်။
စာကြောင်း ၄၂ -
အီတလီနိုင်ငံသား (Casesar Fredericke) နှင့် အင်္ဂလန်နိုင်ငံသား (Ralph Fitch) တို့၏ ခရီးသွားမှတ်တမ်းများအရ ဟံသာ၀တီမင်းနေပြည်တော်ကြီးသည် ခမ်းနားကြီ:ကျယ်သော မြို့ပြကြီ:တစ်ခုဖြစ်ပြီး နန်းတော်ကြီးသည် မြို့သစ်ကြီ:၏ အလယ်တွင် ၀င့်ထည်စွာတည်ရှိနေသည်။ မြေနန်းပြာသာဒ်ဆောင်၏အဆောင်များကို ရွှေပိန်းချထားသည်။ အချို့အဆောင်များ၏ ခေါင်မိုးများတွင် ရွှေသားအစစ်ဖြင့် မိုးထားသည်ကို မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ရွှေနန်းတော်ကြီးသည် ရွှေရောင်အလှများဖြင့် ကြီးကျယ်ခမ်းနားလှကြောင်း နှင့် (အေဒီ-၁၆) ရာစုနှစ်တွင် စီးပွားရေး အချက်အခြာကျသော ဒေသတစ်ခုဖြစ်ခဲ့သည် ဟုသိရှိရပါသည်။
 
ဘုရင့်နောင်မင်းတရားကြီးသည် ဟံသာ၀တီမင်းဆက်များတွင် ထင်ရှားကျော်ကြားခဲ့သော မင်းတစ်ပါးဖြစ်ပြီး မြန်မာနိုင်ငံနှင့်အခြားသော နယ်နိမိတ်ခြင်းထိစပ်နေသော နယ်ပယ်များတွင် လည်း သြဇာအာဏာကြီးမားခဲ့သည်။ဩဇာအာဏာကြီးမားခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီးလက်ထက်တွင် နိုင်ငံသားအားလုံး ကိုလည်း စည်းလုံးညီညွတ်မှုရှိအောင် အုပ်ချုပ်နိုင်ခဲ့သည်။ ဘုရင့်နောင်မင်းတရားကြီ:သည် ဟံသာ၀တီနေပြည်တော်ကြီးအား နှစ်ပေါင်း(၃၀) ကြာမြင့်အောင် အုပ်ချုပ်ခဲ့ပြီးနောက် အေဒီ-၁၅၈၁ ခုနှစ်တွင် နတ်ရွာစံကံတော်ကုန်ခဲ့သည်။
 
ထို့နောက် သားတော်နန္ဒဘုရင်သည် ၎င်း၏ထီးနန်းကို ဆက်လက်စိုးစံခဲ့ပါသည်။ သားတော်နန္ဒဘုရင်လက်ထက်တွင် စည်းရုံးရေးနှင့် အုပ်ချုပ်ရေး ညံ့ဖြင်းမှုကြောင့် ဘုရင့်နောင် မင်းတရားကြီး စုစည်းတည်ထောင်ထားခဲ့သော ဟံသာ၀တီမြို့တော်ကြီးသည် အေဒီ-၁၅၉၉ ခုနှစ်တွင် ကမ္ဘောဇသာဒီနန်းတော်နှင့် ဟံသာ၀တီ နေပြည်တော်ကြီ:သည် ပျက်စီးပျောက်ကွယ်ခဲ့ ရသည်။
စာကြောင်း ၄၈ -
နှစ်ပေါင်း(၄၀၀)ကျော် မြေအောက်တွင်နှစ်မြုပ်နေသော ကမ္ဘောဇသာဒီနန်း တော်ကြီးပြန်လည်တူးဖော်မှုကို ၁၉၉၀ ခုနှစ်တွင်စတင်ဆောင်ရွက်ခဲ့ပါသည်။ တူးဖော်မှု ကုန်းအမှတ်-၁ တွင် ထုံးကျောက်ဘုရားဆင်းတုတော်များ (၁၈၀၀) ကျော် တူးဖော်တွေ့ရှိခဲ့ပြီး
 
ရုပ်တုဆင်းတုလေ့လာမှု ပညာအရ အဆိုပါ ဆင်းတုတော်များမှာ အေဒီ-၁၆ ရာစုလက်ရာ များဖြစ်ကြောင်း သိရှိရပါသည်။ ဘမရာသနဆောင်၊ မြေနန်းပြာသာဒ်ဆောင်၊ လက်ဝဲ၀င်းဆောင်နှင့်လက်ဝဲဝင်းဆောင်နှင့် လက်ယာ၀င်းဆောင်တို့၏အဆောက်အဦအကြွင်းအကျန်များကိုလက်ယာဝင်းဆောင်တို့၏အဆောက်အဦအကြွင်းအကျန်များကို ၁၉၉၁ ခုနှစ်တွင်တူးဖော်ခဲ့ပြီး တူးဖော်တွေ့ရှိမှုအရ မြေနန်းပြာသာဒ်ဆောင်ကြီးတွင် ကျွန်းလုံးတိုင် ပေါင်း(၂၀၀) ကိုထူးခြားစွာ တွေ့ရှိရပါသည်။ ထိုကျွန်းတိုင်များ၏အောက်ခြေများတွင် ပေးပို့ဆက်သသော လက်အောက်ခံ မြို့စား၊ နယ်စားများ၏ အမည်များနှင့်မြို့အမည်များကို မြန်မာဘာသာ၊ မွန်ဘာသာများဖြင့် ရေးထိုး ထားကြောင်း လေ့လာတွေ့ရှိရပါသည်။ ဟံသာ၀တီရှေးဟောင်းသုတေသနပြတိုက်တွင် တူးဖော်မှုမှ ထွက်ပေါ်လာသော ရှေးဟောင်းပစ္စည်းများသာမက ဟံသာ၀တီပတ်၀န်းကျင်အနီးမှဟံသာ၀တီပတ်ဝန်းကျင်အနီးမှ ရရှိသော ရှေးဟောင်းပစ္စည်းများကို ပြခန်းများဖြင့် ခင်းကျင်းပြသထားပါသည်။ ယခုအခါ ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီနန်းတော်ရာကြီးကို မူလပုံစံတူ ပြန်လည်တည်ဆောက် ပြသထားပါသည်။<ref>https://bagoregion.gov.mm/ကမ္ဘောဇသာဒီနန်းတော်သမိ/</ref>