နယ်သာလန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂန္တဝင် +ဂန္ထဝင်, -ဥ် +ဉ်, -စျ +ဈ, -ဓါတ် +ဓာတ်, -သဏ္ဍာန် +သဏ္ဌာန်)
အရေးမကြီး →‎လူမှုအခြေပြ
စာကြောင်း ၁၃၂ -
[[File:Grote drukte zomercarnaval Rotterdam.jpg|thumb|In Rotterdam almost half the population has an immigrant background.]]
 
Eurostat ၏ အဆိုအရ ၂၀၁၀ ခုနှစ်၌ နယ်သာလန်နိုင်ငံတွင် နိုင်ငံခြားဖွား နေထိုင်သူ(foreign-born residents)ဦးရေသည် ၁.၈ မီလီယံရှိပြီး စုစုပေါင်း လူဦးရေ၏ ၁၁.၁% ရှိရာ ထိုအထဲတွင် ၁.၄ မီလီယံ(၈.၅%) သည် ဥရောပသမဂ္ဂပြင်ပတွင် မွေးဖွားခဲ့သူများဖြစ်ပြီး ၀.၄၃ မီလီယံ(၂.၆%)မီလီယံသည် အခြားသော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွင် မွေးဖွားခဲ့သူများ ဖြစ်ကြသည်။<ref>Vasileva, Katya (2011) [http://epp.eurostat.ec.europa.eu/cache/ITY_OFFPUB/KS-SF-11-034/EN/KS-SF-11-034-EN.PDF 6.5% of the EU population are foreigners and 9.4% are born abroad] {{webarchive |url=https://web.archive.org/web/20120128101046/http://epp.eurostat.ec.europa.eu/cache/ITY_OFFPUB/KS-SF-11-034/EN/KS-SF-11-034-EN.PDF |date=28 January 2012 }}, Eurostat, Statistics in focus vol. 34.</ref> ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၁ တွင် နယ်သာလန်နိုင်ငံ၌ နေထိုင်သူ ၃.၈ မီလီယံတွင် နိုင်ငံခြားဖွား မိဘတစ်ဦး(ရွေ့ပြောင်းနေထိုင်မှု ရာဇဝင်ရှိသူ) ပါဝင်ပြီး<ref>"[https://www.cbs.nl/en-gb/news/2016/47/migration-background-still-plays-a-role Migration background still plays a role]". Centraal Bureau voor de Statistiek (CBS). 21 November 2016.</ref> အမ်စတာဒမ်နှင့် ရော်တာဒမ်တွင် လူငယ် ထက်ဝက်ကျော်သည်အနောက်တိုင်းနိုင်ငံ မဟုတ်သော နောက်ခံရှိကြသည်။ ဒတ်ချ်လူမျိုး သို့မဟုတ် ဒတ်ချ် အဆက်အနွယ်များမှ ဆင်းသက်လာသူများကို ကမ္ဘာအနှံတွင် ​ရွေ့​ပြောင်း​နေထိုင်သူ အသိုင်းအဝန်းတွင် ​တွေ့မြင်နိုင်ပြီး အထူးသဖြင့် က​နေဒါ၊ ဩစ​တေးလျ၊ ​တောင်အာဖရိကနှင့် အ​မေရိကန်ပြည်​ထောင်စု​တွင် ​တွေ့ရသည်။<ref>"[https://www.cbs.nl/en-gb/news/2006/31/half-of-young-big-city-dwellers-have-non-western-background Half of young big-city dwellers have non-western background]". Centraal Bureau voor de Statistiek (CBS). 1 August 2006.</ref> United States Census Bureau (၂၀၀၆ခုနှစ်)၏ အဆိုအရ အ​မေရိကန် ၅ မီလီယံ​ကျော်သည် ဒတ်ချ်လူမျိုးမှ တစ်စိတ်တစ်ပိုင်း သို့ အပြည့်အဝ ဆင်းသက်လာခဲ့သူများအဖြစ် အခိုင်အမာ ဆိုကြသည်။<ref>{{cite web |author=American FactFinder, United States Census Bureau |url=http://factfinder.census.gov/servlet/ADPTable?_bm=y&-geo_id=01000US&-ds_name=ACS_2006_EST_G00_%2526amp%253B-_lang%253Den%2526amp%253B-_caller%253Dgeoselect%2526amp%253B-format%253D |title=Census 2006 ACS Ancestry estimates |publisher=Factfinder.census.gov |accessdate= ၃၀ ​မေ ၂၀၂၀ |url-status=dead |archiveurl=https://web.archive.org/web/20110428095854/http://factfinder.census.gov/servlet/ADPTable?_bm=y&-geo_id=01000US&-ds_name=ACS_2006_EST_G00_&%3B-_lang=en&%3B-_caller=geoselect&%3B-format= |archivedate=28 April 2011 }}</ref> ဤအ​ရေအတွက်မှာ ​တောင်အာဖရိကမှ ဒတ်ချ်လူမျိုးမှ ဆင်းသက်လာသူ အာဖရိကလူမျိုးများအဖြစ် ဆိုကြသူ ၃ မီလီယံခန့်နှင့် အ​ရေအတွက် နီးစပ်တူညီကြသည်။<ref>[http://countrystudies.us/south-africa/49.htm South Africa – Afrikaans Speakers]. ''Library of Congress.''</ref> ၁၉၄၀ ခုနှစ်တွင် အင်ဒိုနီးရှား၌ ဥ​ရောပနှင့် ယူ​ရေးရှန်းနွယ် ၂၉၀,၀၀၀ ရှိပြီး<ref>[http://repositories.cdlib.org/cgi/viewcontent.cgi?article=1077&context=ies A Hidden Language – Dutch in Indonesia] (PDF). Institute of European Studies (University of California, Berkeley).</ref> အများစုမှာ ယခုအခါ နိုင်ငံမှ ထွက်ခွာသွားပြီဖြစ်သည်။ .<ref>[http://www.kitlv.nl/pdf_documents/asia-migrations.pdf Dutch colonialism, migration and cultural heritage] {{webarchive |url=https://web.archive.org/web/20110428094931/http://www.kitlv.nl/pdf_documents/asia-migrations.pdf |date=28 April 2011 }} (PDF). Royal Netherlands Institute of Southeast Asia and Caribbean Studies.</ref>
 
 
နယ်သာလန်နိုင်ငံသည် ကမ္ဘာ​ပေါ်တွင် ၁၂ နိုင်ငံ​​မြောက် လူဦး​ရေ အထူထပ်ဆုံး​သော နိုင်ငံဖြစ်ပြီး သိပ်သည်းမှု {{convert|521|/km2}} ရှိသည် <ref name="auto"/> နိုင်ငံ၏ အ​နောက်ပိုင်းရှိ အကြီးဆုံး​သော Randstad မြို့ပြဧရိယာတွင် အကြီးဆုံးမြို့ကြီးများဖြစ်သည့် ​မြောက်​ဟော်လန်ပြည်နယ်မှ [[အမ်စတာဒမ်မြို့]]၊ ​တောင်​ဟော်လန်ပြည်နယ်မှ [[ရော်တာဒမ်မြို့]]နှင့် [[ဟိတ်မြို့တော်]]၊ ယူးထရက်ပြည်နယ်မှ [[ယူးထရက်မြို့]]စ​သော မြို့ကြီး ​လေးမြို့ ပါဝင်သည်။ Randstad မြို့ပြဧရိယာတွင် ​နေထိုင်သူ ၈.၂ မီလီယံရှိပြီး<ref>{{Cite web|url=https://opendata.cbs.nl/statline/#/CBS/nl/dataset/03759ned/table?dl=DA8F|title=CBS Statline|website=opendata.cbs.nl}}</ref> ဥ​ရောပတွင် ပဉ္စမမြောက် အကြီးဆုံး မက်ထရိုပိုလစ်တန်ဧရိယာ ဖြစ်သည်။ Dutch Central Statistics Bureau အရ ၂၀၁၅ ခုနှစ်တွင် ဒတ်ချ်လူဦးရေ၏ ၂၈ ရာခိုင်နှုန်းတွင် သုံးစွဲနိုင်သော ဝင်ငွေ(spendable income) ၄၅,၀၀၀ ယူရို ရှိကြသည်။(ထြိအထဲတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးအတွက် မပါဝင်ပါ။)<ref>{{cite web|title = CBS – Income distribution – Extra|url = http://www.cbs.nl/en-GB/menu/themas/inkomen-bestedingen/cijfers/extra/inkomensverdeling.htm|website = www.cbs.nl|accessdate = ၂၉ မေ ၂၀၂၀|url-status=dead|archiveurl = https://web.archive.org/web/20150930184435/http://www.cbs.nl/en-GB/menu/themas/inkomen-bestedingen/cijfers/extra/inkomensverdeling.htm|archivedate = 30 September 2015|df = dmy-all}}</ref>
 
=== ပညာရေး ===
[[File:BSN Junior School Vlaskamp.jpg|thumb|left|A primary school in The Hague]]
[[File:ACTA - panoramio.jpg|thumb|left|A University of Amsterdam building]]
[[File:Utrecht-Uithof, from CambridgeLaan 01.jpg|thumb|left|View on the Utrecht Science Park of Utrecht University. The building in the centre is the library.]]
နယ်သာလန်နိုင်ငံ၏ ပညာရေးသည် အသက် ၅ နှစ်မှ ၁၆ နှစ်အကြား မသင်မနေရ ပညာရေးစနစ်ဖြစ်သည်။<ref>{{cite web|url=https://www.rijksoverheid.nl/onderwerpen/leerplicht|title=Leerplicht|website=Rijksoverheid.nl|accessdate=၆ ဇွန် ၂၀၂၀|date=11 December 2009}}</ref> အကယ်၍ ကလေးမှာ HAVO, VWO သို့မဟုတ် MBO 2+ ဒီဂရီကဲ့သို့‌သော အခြေခံအရည်အချင်း သတ်မှတ်ချက် မရှိပါက ထိုကလေးသည် မဖြစ်မနေ ထိုအရည်အချင်း သတ်မှတ်ချက်ရရှိအောင် သင်ကြားရမည် ဖြစ်သည်။<ref>{{cite web|url=https://www.rijksoverheid.nl/onderwerpen/leerplicht/leerplicht-en-kwalificatieplicht|title=Leerplicht en kwalificatieplicht|website=Rijksoverheid.nl|accessdate=၆ ဇွန် ၂၀၂၀|date=February 2017}}</ref>
 
 
နယ်သာလန်နိုင်ငံရှိ ‌ကလေးသူငယ်တိုင်းသည် အခြေခံပညာကျောင်းကို အသက် ၄ နှစ်မှ ၁၂ အတွင်း သင်ကြားကြရပြီး အတန်း ၈ ခု ပါဝင်သည်။ ပင်ကိုယ်ပါရမီ စပ်းသပ်မှုအပေါ် အခြေခံ၍ အဌမတန်းမှဆရာ၏ မှတ်ချက်နှင့် ကျောင်းသားမိဘ သို့မဟုတ် အုပ်ထိန်းသူ၏ အမြင်ဖြင့် အလယ်တန်းသင်ရိုး ၃ ခုမှ တစ်ခုကို ရွေးချယ်ရသည်။ သီးခြားသင်ရိုးဖြင့် သင်ကြားပြီးသည့်နောက် နောက်ဆုံးနှစ်မတိုင်မီ တစ်နှစ်အလိုတွင် ကျောင်းသားသည် နောက်ထပ်သင်ရိုးကို ဆက်လက်သင်ကြားနိုင်သည်။
 
 
VMBO တွင် အတန်း ၄ ခု ပါဝင်ပြီး အခြားသော အဆင့်ခွဲများစွာရှိသည်။ VMBO အတန်းများအား အောင်မြင်ပြီးသည်နှင့် MBO အတန်းများအား ဆက်လက် တက်ရောက်နိုင်သည်။ MBO (middle-level applied education) သည် လက်တွေ့အသုံးချ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို အဓိကထား သင်ကြားသော ပုံစံဖြစ်သည်။ MBO အောင်မြင်သည့် လတ်မှတ်ရှိသော ကျောင်းသားသည်သာ HBO ကို ‌‌တက်ရောက်ခွင့်ရှိမည် ဖြစ်သည်။ HAVO သည် အတန်း ၅ ခုရှိပြီး အောင်မြင်ပါက HBO ကို တက်ရောက်ခွင့် ရရှိမည် ဖြစ်ပါသည်။ HBO(higher professional education) သည် တက္ကသိုလ် ပညာရေး(အသုံးချ သိပ္ပံ)ဖြစ်ပြီး အောင်မြင်ပါက သက်ဆိုင်ရာနယ်ပယ်အဘိုက် ဘွဲ့ဒီဂရီကို ရရှိမည်ဖြစ်ပြီး ၎င်းသည် တက္ကသိုလ်အဆင့်ဘွဲ့နှင့် တူညီသည်။ VWO (comprising athenaeum and gymnasium) တွင် အတန်း ၆ ခုပါဝင်ပြီး သုတေသနတက္ကသိုလ်များတွင် သင်ကြားနိုင်ရေးအတွက် အကြိုပြင်ဆင်ခြင်း ဖြစ်သည်။ တက္ကသိုလ်တွင် သုံးနှစ်ကြာမြင့်သော ဘွဲ့ဒီဂရီကို သင်ကြားနိုင်ပြီး ၎င်းနောက် တစ်နှစ် သို့မဟုတ် နှစ်နှစ် ကြာသော ဘွဲ့လွန်ကို ဆက်လက်သင်ကြားနိုင်သည်။ ထိုသို့သင်ကြားပြီးပါက လေးနှစ် သို့မဟုတ် ငါးနှစ်ကြာမြင့်သော ပါရဂူဘွဲ့သင်တန်းကို ဆက်လက်သင်ကြားနိုင်မည်ဖြစ်သည်။
 
 
နယ်သာလန်နိုင်ငံတွင် ပါရဂူဘွဲ့ သင်တန်းသားများသည် ယေဘုယျအားဖြင့် တက္ကသိုလ်၏ အမြဲတမ်းခန့် ဝန်ထမ်းများတော့ မဟုတ်ချေ။ အများပြည်သူရံပုံ​ငွေဖြင့် အသုံးပြု​သော ဘာသာ​ရေး​ကျောင်းများမှလွဲ၍ ဒတ်ချ် ​ကျောင်းနှင့် တက္ကသိုလ်များသည် အများပြည်သူတက္ကသိုလ်များဖြစ်ပြီး ဘုရား​ကျောင်းများကိုလည်း နိုင်ငံ​တော်မှ စီမံခန့်ခွဲခြင်း မဟုတ်ပဲ လိုအပ်သည်များဖြည့်ဆည်းခြင်းဖြစ်သည်။ ဒတ်ချ်တက္ကသိုလ်များတွင် ကျူရှင်ခသည် နယ်သာလန်​နှင့် ယူရိုအဖွဲ့ဝင်ကျောင်းသားများအတွက် တနှစ်တာကုန်ကျ​ငွေ ယူရို ၂၀၀၀ ခန့် ရှိပြီး ယူရိုအဖွဲ့ဝင် မဟုတ်​သော နိုင်ငံများအတွက်မူ ယူရို ၁၀,၀၀၀ ခန့် ကုန်ကျသည်။
 
== ယဉ်ကျေးမှု ==