စပိန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
→‎သမိုင်းကြောင်း: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၃၀ -
စပိန် တော်လှန်ရေးအင်အားစုကြီးနှင့် မူးဝါး နယ်ချဲ့သမား တို့သည် ၁၂၀၂ ခုနှစ်တွင် ကက်စတီးနယ် တိုလိုဆာလွင်ပြင်၌ ရင်ဆိုင်မိကြ၍ ပြင်းထန်သော တိုက်ပွဲကြီးဖြစ်ပွားခဲ့လေသည်။ ထိုတိုက်ပွဲတွင် မူးဝါးတို့ အရှုံးကြီးရှုံးသဖြင့် သူတို့၏နောက်ဆုံး ခြေကုပ်တစ်ခုဖြစ်သော စပိန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဂရာ နားဒါးနယ်အတွင်းသို့ ဆုတ်ပြေးကြရလေသည်။
 
စပိန်လူမျိုးတို့ကား စပိန်၏ တစ်ဦးတည်းသော ရန်သူကို ဝိုင်း၍ တိုက်ခိုက်ကြရာ၌သာ စည်းလုံးမိကြ၍ ပြည်တွင်း အုပ်ချုပ်ရေး၌မူကား ညီညွတ်မှုမရရှိခဲ့ကြသေးပေ။ ထိုကြောင့် ကက်စတီးနိုင်ငံတွင် တတိယဖာဒီနန်ဘုရင်ဒုတိယမြောက်အစ္စဘယ်လာဘုရင်မ အုပ်စိုး၍ အာရဂွန် ဘုရင်ကလေး၏ဘထွေးတော် ဖာဒီနန်မင်းသားတို့ လက်ဆက် လိုက်ကြသဖြင့် ကက်စတီးနှင့် အာရဂွန် နှစ်ပြည်ထောင်မှာ ပူးပေါင်း စည်းလုံးမိခဲ့လေတော့သည်။ ထိုသို့ နှစ်ပြည်ထောင် ပူးပေါင်းမိသောအခါမှစ၍ စပိန်တစ်နိုင်ငံလုံးသည် ညီညွတ် စည်းလုံးလာလေသည်။
 
၁၄၉၂ ခုနှစ်ကား စပိန်နိုင်ငံသမိုင်းတွင် ထူးခြားမှတ်သား ထိုက်သောနှစ်ပင် ဖြစ်၏။ စပိန်နိုင်ငံသည် လွတ်လပ်၍ စည်းလုံးမိပြီး ဖြစ်သော်လည်း ဂရာနားဒါးနယ်ကလေးမှာ အစ္စလာမ်အယူဝါဒီ မူးဝါးလူမျိုးတို့၏လက်၌ပင် ရှိနေသေး၏။ ဖာဒီနန်နှင့်အဇ္ဇဗဲလားတို့သည် ကော်ဒိုးဗားအမည်ရှိ စပိန် စစ်ဗိုလ်ကြီးကို စေလွှတ်၍ မူးဝါးတို့အား နှင်ထုတ်စေရာ ၁၄၉၂ ခုနှစ်တွင် မူးဝါးတို့သည် ဂရားနားဒါးနယ်မှ လုံးဝ ထွက်ခွာပေး ရလေသည်။ ထိုနှစ်တွင်ပင် စပိန်နိုင်ငံမှ စေလွှတ်လိုက်သော ကိုလံဗပ်သည် ကမ္ဘာသစ်ကို ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြင့် စပိန်နိုင်ငံ၏ဘဏ္ဍာရေးအခြေအနေကို အကြီးအကျယ် တိုးတက်စေခဲ့ရာ နှစ်များစွာ မကြာမြင့်မီပင် ၏ဥရောပတိုက်တွင် စပိန်နိုင်ငံသည် အကြွယ်ဝဆုံးနိုင်ငံတစ်ခု ဖြစ်လာခဲ့လေသည်။ ယင်းသည့် စပိန်၏ရွှေခေတ်ငွေခေတ်ဟု ခေါ်ဆိုထိုက်သော ၁၅၀၉ ခုနှစ် တွင် ရောမသာသနာစောင့် ဧကရာဇ်အဖြစ်ဖြင့် တင်မြေ|ာက်ခြင်း ခံရသော ပဉ္စမချား လက်ထက်၌ စပိန်နိုင်ငံသည် ဥရောပတိုက် အလယ်ပိုင်းနိုင်င ံ၏ စစ်ဖက်ရေးနှင့် နိုင်ငံရေးရာများတွင် ရောထွေးယှက်တင် ပါဝင်လာရ လေတော့သည်။ ပဉ္စမချားဘုရင်သည် ၁၅၅၆ ခုနှစ်တွင် ထီးနန်းကို စွန့်သည်တွင် သားတော် ဒုတိယ ဖိလစ်က ဆက်ခံစိုးစံလေသည်။ ဖိလစ်ဘုရင်လက်ထက်တွင် ကား စပိန်နိုင်ငံတော် အတွင်း၌ သာသနာရေးဖိနှိပ်မှုမှာ အတော်ပင် ပြင်းထန်လာခဲ့လေသည်။ အကြွင်းအကျန်မျှသာ ဖြစ်သော မွတ်စလင်တို့အား ဖိနှိပ်ရာတွင် မွတ်စလင်တို့ တော်လှန် ပုန်ကန်ကြသော်လည်း အင်အားချင်းမမျှသဖြင့် မအောင်မြင်ခဲ့ကြပေ။ ယဟူဒီလူမျိုးနှင့် ပရိုတက်စတန့် ဂိုဏ်းဝင်များကိုလည်း အတိအလင်း နှိပ်ကွက်ခဲ့၏။