မိန်းမလှကျွန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
→‎ပထဝီဆိုင်ရာ အခြေခံ အချက်အလက်များ: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၄ -
ဒီရေတောသစ်ပင် အမျိုးအစားပေါင်း ၂၉ မျိုးခန့်ပေါက်ရောက် လျက်ရှိပြီး၊ ရှိပြီးသား သစ်တောကို ထိန်းသိမ်းတာ အပြင် ဒီရေတော အပင်များကို စိုက်ပျိုးပြီး သစ်တောပြန်လည် ထူထောင်ခြင်း လည်း ဆောင်ရွက်လျက်ရှိသည်။ ဘေးမဲ့တောတွင် [[ဒရယ်]]၊ [[ဖျံ]]၊ [[လိပ်]]၊ [[တောဝက်]]၊ [[တောခွေး]]၊ [[မိကျောင်း]]များ အပါအဝင် တိရစ္ဆာန် အမျိုးပေါင်းများစွာ ဘေးမဲ့စောင့်ရှောက်ထားသည်။ ထူးခြားချက်မှာ ရှားပါးသည့် ငှက်မျိုးစိတ်များ အပါအဝင်၊ ငှက်မျိုးစိတ်ပေါင်း ၃၄ မျိုးခန့်ရှိသည့်အတွက် ငှက်ကြည့်ဝါသနာရှင်များ အလွန်ပင် စိတ်ဝင်စားသော နေရာတစ်ခုလည်း ဖြစ်ပေသည်။ [[ရေဝက်]]နှင့် [[ဧရာဝတီ လင်းပိုင်]]များလည်း တခါတရံမှာ လာရောက် ကျက်စားသည်ကို တွေ့ရှိရသည်။
 
မြန်မာ့ ပုလဲနှင့်ငါးလုပ်ငန်းနှင့် [[သစ်တောရေးရာ ဦးစီးဌာန]]တို့ ပူးပေါင်းပြီး သဘာဝ မိကျောင်း မွေးမြူထိန်းသိမ်းရေးကို ဆောင်ရွက်လျက်ရှိသည်။ သကေတသာကေတ မိကျောင်းမွေးမြူရေး စခန်းမှ မိကျောင်းသားပေါက်များကို မိန်းမလှကျွန်းမှာ သဘာဝအတိုင်း မွေးမြူပြီး ထိန်းသိမ်းစောင့်ရှောက်ထားသည်။ မိန်းမလှကျွန်းကို အခြေပြုပြီး မိကျောင်းကောင်ရေ ၂၆၀၀ ခန့် နေထိုင်မည်ဟု ခန့်မှန်းထားပြီး၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် နေထိုင်ကျက်စားသော မိကျောင်းအားလုံး၏ သုံးပုံ နှစ်ပုံ ဖြစ်ပါသည်။ မိကျောင်းများကို စောင့်ကြည့်ထိန်းသိမ်းဖို့ အခြေခံစခန်းကို ထော်ပိုင်ချောင်းမှာ ထားရှိပြီး၊ ကျွန်းပတ်လည်မှာ ကင်းစခန်း ၉ ခုနှင့် စောင့်ကြပ်လျက်ရှိပေသည်။ ကျွန်းပေါ်ရှိ တောရိုင်းတိရစ္ဆာန်နှင့် မိကျောင်းများသာမက ကျွန်းပေါ်နှင့် ကျွန်းအနီး သတ်မှတ် နေရာများတွင် ငါး၊ ပုဇွန် ဖမ်းဆီးခွင့်၊ မွေးမြူခွင့် အားလုံးကို ဥပဒေအရ တားမြစ်ထားသည်။
 
== ဒဏ္ဍာရီ ပုံပြင်များ ==