အာရပ်-အစ္စရေး ပဋိပက္ခ: တည်းဖြတ်မှု မူကွဲများ

added more
အရေးမကြီးNo edit summary
စာကြောင်း ၅၉ -
အစ္စရေးနှင့် အီဂျစ်နိုင်ငံကြား ငြိမ်းချမ်ရေး သဘောတူညီမှုစာချုပ်ကို ၁၉၇၉ တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ယင်း၌ ဆိုင်းနိုင်းကျွန်းဆွယ်မှ အစ္စရေးတပ်များ ရုတ်သိမ်းခြင်း၊ အစ္စရေးမြို့ပြအုပ်ချုပ်ရေးစနစ်ကို အားပေးရန် အစ္စရေးသိမ်းပိုက်နယ်မြေဖြစ်သော 'အနောက်ဖက် ကမ်းပါး' နှင့် ဂါဇာကမ်းမြောင် နယ်မြေများတွင် အစ္စရေး စစ်အုပ်ချုပ်ရေးကို ဖျက်သိမ်းခြင်းများဖြစ်စေခဲ့ပြီး နောက်ဆက်တွဲ ဂိုလန်ကုန်းပြင်မြင့်နှင့် အရှေ့ဂျေရုစလင် တို့ကို တစ်ဖက်သတ်ကျူးကျော်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။
 
ဤပဋိပက္ခ၏ သဘောသဘာဝသည် နှစ်ကာလကြာလာသည်နှင့် အလွန်ကြီးမားသော ဒေသဆိုင်ရာ အာရပ်-အစ္စရေး ပဋိပက္ခမှသည် ပို၍ ကျဉ်းမြောင်းသော ဒေသဆိုင်ရာ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသို့ ရွေ့လျားသွားခဲ့ပြီး လက်ဘနွန်မှ ပါလက်စတိုင်း လွတ်မြောက်ရေးတပ်မတော် (PLO) ကို တိုက်ထုတ်ရန် လက်ဘနွန်ပြည်တွင်းစစ်ကို အစ္စရေးတို့ ဝင်ရောက်စွက်ဖက်သည့် '၁၉၈၂ လက်ဘနွန် စစ်ပွဲ' တွင် အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာခဲ့သည်။ ၁၉၈၃ တွင် အစ္စရေးက ခရစ်ယာန် လွှမ်းမိုးသော လက်ဘနွန်အစိုးရနှင့် (ယင်းဖက်ကို ထောက်ပံ့ရန်) သဘောတူညီမှု ရရှိခဲ့လေသည်။ သို့သော် မွတ်ဆလင်နှင့် ဒရူးဇ် အဖွဲ့တို့ [[ဘေရွတ်ဘေရွတ်မြို့]]မြို့ကိုကို သိမ်းယူလိုက်သောအခါ ယင်းသဘောတူညီချက်မှာ အရာမထင်ခဲ့ချေ။
 
ပထမ ပါလက်စတိုင်းတော်လှန်ရေး (Intifada) (၁၉၈၇-၁၉၉၃) အရှိန်ကျဆင်းလာမှုနှင့်အတူ ထိုကြားကာလ၌ အော့စလိုသဘောတူညီမှုများကြောင့် ၁၉၉၄တွင် 'အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်များအတွင်း' ပါလက်စတိုင်း အမျိုးသား အုပ်ချုပ်မှုကို ဖန်တီးတည်ထောင်နိုင်ခဲ့သည်။ ထိုနှစ်တွင်ပင် အစ္စရေးနှင့် ဂျော်ဒန်တို့ ငြိမ်းချမ်ရေး ရရှိခဲ့သည်။ ၂၀၀၂ တွင် အာရပ်အဖွဲ့ချုပ်က '၎င်းတို့၏ ငြိမ်းချမ်းရေး ပမဏခြေလှမ်း' တွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခပြေလည်စေခြင်း တစ်စိတ်တစ်ပိုင်းအဖြစ် အာရပ်နိုင်ငံများက အစ္စရေးကို အသိအမှတ်ပြုခဲ့သည်။<ref name=Time>[https://web.archive.org/web/20090117001303/http://mideast.blogs.time.com/2009/01/08/time-to-test-the-arab-peace-offer/ Time to Test the Arab Peace Offer]. By Scott MacLeod. ''[[Time (magazine)|Time]]''. January 8, 2009.</ref> ထိုငြိမ်းချမ်းရေးပမာဏခြေလှမ်း အစီအစဉ်များကို ယင်းစတင်ကာလမှ ယခုအထိ ထပ်မံအတည်ပြုခဲ့ကြပြီး အာရပ်အဖွဲ့ချုပ်နှင့် အစ္စရေးနိုင်ငံတို့ ပုံမှန် ဆက်ဆံရေးရရှိရန် တောင်းဆိုမှုများလည်း ပုံမှန်ဆိုသလို ရှိကြသည်။ အပြန်အလှန်အားဖြင့် အရှေ့ဂျေရုစလင်အပါအဝင် အစ္စရေးသိမ်းပိုက်နယ်မြေများမှ အစ္စရေးတို့၏ (တပ်များ) အပြည့်အဝ ရုတ်သိမ်းပေးရေး၊ ကုလဆုံးဖြတ်ချက် ၁၉၄ အရ ပါလက်စတိုင်း ဒုက္ခသည်များကို သင့်တင့်မျှတသော နေရာချထားပေးရေးများ စသည့် တောင်းဆိုမှုများ ပါဝင်သည်။ ၁၉၉၀ နှစ်များနှင့် သက္ကရာဇ် ၂၀၀၀ အစောပိုင်းကာလများတွင် လက်ဘနွန်၊ ဘားသ်ဝါဒီ ဆီးရီးယားနှင့် အစ္စရေးတို့ကြား အပစ်အခတ်ရပ်စဲရေးကို အကြီးအကျယ် သဘောတူထိန်းသိမ်းနိုင်ခဲ့ကြသည်။ အီဂျစ်၊ ဂျော်ဒန်တို့နှင့် ငြိမ်းချမ်းရေးသဘောတူညီမှုများ၊ ပါလက်စတိုင်း အစိုးရအဖွဲ့နှင့် ကြားကာလ ငြိမ်းချမ်းရေး၊ ယေဘုယျအားဖြင့် လက်ရှိ အပတ်အခတ် ရပ်စဲရေးများ ရှိသော်လည်းပဲ ၂၀၁၅ နှစ်ဝန်းကျင်ကာလများအထိ အာရပ်အဖွဲ့ချုပ်နှင့် အစ္စရေးနိုင်ငံတို့ကြား တစ်ဖက်နှင့် တစ်ဖက် ပြဿနာများစွာ အပေါ်၌ သဘောထားကွဲလွဲမှုများ ရှိခဲ့ကြသည်။ အာရပ်ဘက်က ဤပဋိပက္ခ၌ စစ်ဆင်နွှဲသော နိုင်ငံများမှ အီရတ် နှင့် ဆီးရီးယားတို့ နှစ်နိုင်ငံသာ အစ္စရေးနှင့် တရားဝင် ငြိမ်းချမ်းရေး သဘောတူညီမှု (သို့) စာချုပ်များ ပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ယင်းနှစ်နိုင်ငံက အီရန်ကို ထောက်ခံသည့် နိုင်ငံများ ဖြစ်သွားကြသည်။