ကမ္ဘောဒီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၅၅ -
 
ကမ္ဘောဒီးယားသည် ပြင်သစ်ထံမှ ၁၉၅၃ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့သည်။ ၁၉၆၅ တွင် ဗီယက်နမ် စစ်ပွဲသည် ဟိုချီမင်း၏ လမ်းကြောင်းဖြန့်ကျက်မှု နှင့် သီဟာနု၏ လမ်းကြောင်းတည်ဆောက်မှုတို့ကြောင့် ကမ္ဘောဒီးယား အထိ ရောက်ရှိလာခဲ့သည်။ ထို့အတွက်ကြောင့် အမေရိကန်တို့မှ ၁၉၆၉ မှ ၁၉၇၃ အတွင်း ဗုံးကြဲတိုက်ခိုက်ရာတွင် ကမ္ဘောဒီးယားလည်း ပါဝင်ခဲ့သည်။ ၁၉၇၀ ကမ္ဘောဒီးယား အာဏာသိမ်းမှု အပြီးတွင် အမေရိကန်ဘက်ယိမ်းသော လက်ယာဝါဒီ ခမာသမ္မတနိုင်ငံ အစိုးရ အာဏာရလာခဲ့ပြီး [[နိုရိုဒွန် သီဟာနု|သီဟာနု ဘုရင်]]မှ သူ၏ ယခင်ရန်သူဖြစ်သော ခမာနီတို့ကို ထောက်ခံခဲ့သည်။ ဘုရင်နှင့် မြောက်ဗီယမ်နက် တို့၏ ထောက်ခံမှုကြောင့် ခမာနီတို့သည် အင်အားကြီးမားလာခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် ဖနွမ်းပင်ကို သိမ်းပိုက်ခဲ့သည်။ ထို့နောက်တွင် ခမာနီတို့က ကမ္ဘောဒီးယား လူမျိုးတုန်း သတ်ဖြတ်မှုကို ၁၉၇၅ မှ ၁၉၇၉ အထိ ကျူးလွန်ခဲ့ကြပြီး ၁၉၇၉တွင် ဗီယက်နမ် နှင့် ဗီယက်နမ်မှ ကျောထောက်နောက်ခံပေးထားပြီး ကမ္ဘောဒီးယား-ဗီယက်နမ်စစ်ပွဲအတွင်း ဆိုဗီယက်ပြည်ထောင်စုမှ ထောက်ပံ့ပေးသော ကမ်ပူးချားပြည်သူ့သမ္မတနိုင်ငံ အစိုးရ မှ ၎င်းတို့ကို ဖြုတ်ချလိုက်သည် အထိ ဖြစ်သည်။
 
၁၉၉၁ ခုနှစ် ပဲရစ်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုအပြီးတွင် ကမ္ဘောဒီးယားအား ကုလသမဂ္ဂ မစ်ရှင်မှ ၁၉၉၂-၉၃ တွင် ခဏတာမျှ အုပ်ချုပ်ခဲ့သည်။ ကမ္ဘောဒီးယား ရွေးကောက်ပွဲ ကျင်းပပြီး ၉၀ ရာခိုင်နှုန်းမျှသော မဲပေးပိုင်ခွင့်ရှိသူတို့ မဲပေးပြီးသော အခါတွင် ကုလသမဂ္ဂတပ်များ ကမ္ဘောဒီးယားမှ ရုပ်သိမ်းခဲ့သည်။ ၁၉၉၇ ခုနှစ် အစိုးရအတွင်း အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ကမ္ဘောဒီးယား ပြည်သူ့ပါတီနှင့် ဝန်ကြီးချုပ်ဟွန်ဆန် တို့မှ အစိုးရကို ဖြုတ်ချခဲ့ပြီး ၂၀၂၀ ခုနှစ်တိုင်အောင် ဆက်လက် အုပ်ချုပ်နေဆဲ ဖြစ်သည်။
 
== အမည်ရင်းမြစ် ==