ကမ္ဘောဒီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၄၁ -
 
မြို့တော်ကို လောင်းဗက် သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုနေရာတွင် တိုင်းပြည်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးဖြင့် တဖန်ပြန်လည် ထွန်းကားအောင် ကြံဆောင်ခဲ့သည်။ ကမ္ဘောဒီးယားအား ဥရောပ မှတ်တမ်းများတွင် ပထမဆုံး ဖော်ပြခြင်းမှာ ၁၅၁၁ တွင် ပေါ်တူဂီတို့မှ ဖော်ပြခြင်း ဖြစ်သည်။ ပေါ်တူဂီ ခရီးသည်တို့မှ မြို့တော်အား စည်းစိမ်ဥစ္စာနှင့် နိုင်ငံခြား ကုန်သွယ်ရေး ထွန်းကားသော မြို့ အဖြစ် ဖော်ပြခဲ့သည်။ အယုဒ္ဓယ နှင့် ဗီယက်နမ်တို့နှင့် ဆက်လက် စစ်မက်ဖြစ်ပွားခြင်းကြောင့် နယ်မြေများ ထပ်မံဆုံးရှုံးခဲ့ရပြီး ၁၅၉၄ တွင် အယုဒ္ဓယ ၏ မဟာ နာရစွမ်ဘုရင်မှ လောင်းဗက်အား အောင်မြင်ပြီး ဖျက်ဆီးခဲ့သည်။ ခမာမြို့တော် အသစ်ဖြစ်သော အူဒေါင်းအား ၁၆၁၈ တွင် လောင်းဗက်၏ တောင်ဘက်တွင် တည်ထောင်ခဲ့သည်။ သို့သော်လည်း ဘုရင်များမှာ ထိုင်း နှင့် ဗီယက်နမ်တို့၏ ဩဇာခံ အဖြစ် တစ်လှည့်စီ ဝင်ရောက်ခြင်းဖြင့် နောက်ထပ် ၃ ရာစုအတွင်း အသက်ဆက်နိုင်ခဲ့ပြီး လွတ်လပ်သောကာလမှာ အနည်းငယ်သာ ရှိသည်။
 
ကမ္ဘောဒီးယားရှိ တောင်ကုန်းနေ လူမျိုးစုများမှာ ဆိုင်ယမ်(ထိုင်း)၊ အန်နာမိုက် (ဗီယက်နမ်) နှင့် ကမ္ဘောဒီးယားတို့မှ လိုက်လံဖမ်းဆီး ကျွန်ပြုခြင်းကို ဆက်တိုက်ခံခဲ့ရသည်။<ref>Colquhoun, Archibald Ross (1885). Amongst the Shans (p. 53). London: Field & Tuer; New York: Scribner & Welford. https://books.google.com/books?id=3wQPAAAAMAAJ&pg=PA53</ref><ref>"[https://web.archive.org/web/20101009132129/http://kyotoreviewsea.org/slavery4.htm Slavery in Nineteenth-Century Northern Thailand (Page 4 of 6)]". ''Kyoto Review of South East Asia''; (Colquhoun 1885:53).</ref>
 
၁၉ ရာစုအတွင်းတွင် ထိုင်းနှင့် ဗီယက်နမ်တို့မှ ကမ္ဘောဒီးယားအား ထိန်းချုပ်ရန် အပြိုင်အဆိုင်ကြိုးစားခြင်းကြောင့် ဗီယက်နမ် မင်းချင်းတို့က ခမာတို့အား ဗီယက်နမ်တို့၏ ထုံးတမ်းစဉ်လာများကို ကျင့်သုံးရန် ဖိအားပေးခြင်း ခံခဲ့ရသော အချိန်ကာလ ရှိခဲ့သည်။ ထို့အတွက်ကြောင့် ဗီယက်နမ်တို့အား ပုန်ကန်မှု အချို့ ရှိခဲ့ပြီး ထိုင်းတို့ထံမှ အကူအညီ တောင်းခံခဲ့သည်။ ၁၈၄၁-၁၈၄၅ ထိုင်း-ဗီယက်နမ် စစ်ပွဲ သည် ကမ္ဘောဒီးယားအား ပူးတွဲ ဆူဇာရိန်တီ (နိုင်ငံခြားရေးကို အုပ်စိုးသူပြည်ပနိုင်ငံမှ စီမံ၍ ပြည်တွင်းရေးကို မိမိဘာသာ စီမံသောနိုင်ငံ) နိုင်ငံ အဖြစ် ထားရှိရန် သဘောတူညီခဲ့သည်။ ထို့မှတဆင့် နိုရိုဒုန် ပရွန်ဘိုရီရက် ဘုရင်မှ ပြင်သစ်အစောင့်အရှောက်ခံနိုင်ငံအဖြစ် ထားရှိရန် စာချုပ်ချုပ်ဆိုခဲ့သော အနေအထားသို့ ရောက်ရှိသွားခဲ့သည်။
 
===ပြင်သစ်ကိုလိုနီခေတ်===