ချာကိုယဉ်ကျေးမှု အမျိုးသား သမိုင်းဝင် ဥယျာဉ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၄ -
}}
'''ချာကိုယဉ်ကျေးမှု အမျိုးသား သမိုင်းဝင် ဥယျာဉ်''' သည် [[အမေရိကန်ပြည်ထောင်စု]]မှ အမျိုးသားသမိုင်းဆိုင်ရာ ဥယျာဉ်တစ်ခု ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အနောက်တောင်ပိုင်းတွင် တည်ရှိကာ စပိန်တို့တည်ထောင်ခဲ့သော ပျူဘလိုမြို့ရွာများ စုစည်းနေသော နေရာ ဖြစ်သည်။​ ထိုဥယျာဉ်သည် နယူးမက္ကဆီကိုပြည်နယ်၏ အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး အယ်လ်ဘူကွာကွေး နှင့် ဖာမင်တန်မြို့နှစ်မြို့ကြား ချာကိုလမ်းဖြတ်ဖြင့် ပိုင်းခြားထားသော ဝေးလံခေါင်းပါးသော ချောက်အတွင်းတွင် တည်ရှိသည်။ မက္ကဆီကိုနိုင်ငံမြောက်ဘက်တွင် ရှေးဟောင်းအပျက်အစီးအများဆုံး စုဝေးရာဒေသဖြစ်ပြီး ထိုဥယျာဉ်အတွင်းတွင် ကိုလံဘီယာခေတ်မတိုင်မီက အမေရိကန်ပြည်ထောင်စုအတွင်း ယဉ်ကျေးမှုနှင့် သမိုင်းအရ အရေးအပါဆုံးဖြစ်သော အပျက်အစီးများကို ထိန်းသိမ်း ထားသည်။{{Sfn|Strutin|1994|p=6}}
 
အေဒီ ၉၀၀ နှင့် ၁၁၅၀ ကြားတွင် ချာကိုချောက်ကမ်းပါးသည် ပျူဘလိုရန် ဘိုးစဉ်ဘောင်ဆက်များအတွက် အဓိက ယဉ်ကျေးမှု ဗဟိုဌာန ဖြစ်ခဲ့သည်။ချာကိုသား တို့သည် အလွန်ဝေးကွာသော နေရာမှ သဲကျောက်တုံးများကို ထုတ်ယူခဲ့ကြပြီး သစ်များကိုလည်း ဆွဲယူခဲ့ကြကာ မြောက်အမေရိကတွင် ၁၉ ရာစု အထိ အကြီးဆုံးဖြစ်သည့် အဓိက အဆောက်အဦး အစုအဝေး ၁၅ ခုကို တည်ဆောက်ခဲ့ကြသည်။{{Sfn|Strutin|1994|p=6}}{{Sfn|Fagan|2005|p=35}} ရှေးဟောင်းနက္ခတ္တဗေဒ လေ့လာမှုများ ပြုလုပ်ခဲ့ကြကြောင်း ဆွေးနွေးခဲ့သူများ ရှိကြပြီး ဖာဂျာဒါတောင်ကုန်းစောက်တွင် တည်ရှိသော နေဓါးရှည် ပုံ​ကျောက်ထွင်းလက်ရာမှာ လူသိများသော ဥပမာတစ်ခု ဖြစ်သည်။ ချာကိုတို့၏ အဆောက်အဦး အများအပြားမှာ နေသွားလမ်း နှင့် လသွားလမ်းတို့ကို ဖမ်းယူရန် တည့်မတ် တည်ဆောက်ထားခဲ့ကြပြီး {{Sfn|Fagan|1998|pp=177–182}} ထိုသို့ တည်ဆောက်ရန် မျိုးဆက်ပေါင်းများစွာသော နက္ခတ္တဗေဒဆိုင်ရာ လေ့လာမှုများ နှင့် ရာစုနှစ်ပေါင်းများစွာ တိုင်အောင် ပေါင်းစည်းညှိနှိုင်းသော တည်ဆောက်ရေး ရှိရန် လိုအပ်ပေသည်။.{{Sfn|Sofaer|1997}} ရာသီဥတုပြောင်းလဲမှုသည် ချာကိုတို့ ထိုနေရာမှ ရွှေ့ပြောင်းသွားရခြင်း ၏ အကြောင်းဖြစ်သည်ဟုနောက်ဆုံးတွင် ချောက်နေရာကို စွန့်ပစ်သွားခဲ့ကြသည်ဟု ယူဆကြသည်။​၁၁၃၀ တွင် စတင်သော နှစ် ၅၀ မျှသော မိုးခေါင်ရေရှားမှုကြောင့် ဖြစ်သည်။{{Sfn|Fagan|2005|p=198}}
 
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ ပါဝင်သော ဒေသမှာ မိုးခေါင်ရေရှားပြီး လူဦးရေကျဲပါးသော ထောင့်စွန်းလေးခု ဒေသတွင် တည်ရှိသဖြင့် ချာကိုယဉ်ကျေးမှု ဒေသမှ ထိရှလွယ်သည်။ ခရီးသွားတို့ကြောင့် ဖြစ်ပေါ်သော မြေတိုက်စားမှုကို စိုးရိမ်သဖြင့် ဖာဂျာဒါတောင်ကုန်းစောက်ကို အများပြည်သူ လည်ပတ်ခွင့် မပြုပဲ​ ပိတ်ထားခဲ့သည်။ ထိုဒေသများသည် ဟိုပီ နှင့် ပျူဘလို လူမျိုးတို့၏ မြင့်မြင်သော ဘိုးစဉ်ဘောင်ဆက် ဇာတိမြေဟု ယူဆကြပြီး ချာကိုမှ သမိုင်းဝင် ပြောင်းရွှေ့ခဲ့မှု နှင့် ထိုမြေနှင့် စိတ်ဝိဉာဉ်ဆိုင်ရာ ဆက်နွယ်မှု ရှိကြောင်း သူတို့တွင် ပါးစပ်ပြော ရာဇဝင် ရှိသည်။​{{Sfn|National Park Service}}{{Sfn|Sofaer|Dibble|1999}} ထိုဥယျာဉ်အား ထိန်းသိမ်းရန် ကြိုးပမ်းခြင်းသည် ဒေသခံတို့၏ ဘာသာရေးဆိုင်ရာ ယုံကြည်မှုများ နှင့် ပဋိပက္ခဖြစ်နိုင်သော်လည်း လူမျိုးစု ကိုယ်စားလှယ်တို့သည် အမျိုးသားဥယျာဉ်ဝန်ဆောင်မှု ဌာနနှင့် နီးစပ်စွာ အလုပ်လုပ်ကြပြီး ချာကို ယဉ်ကျေးမှုနှင့် ပတ်သက်သော သူတို့၏ ဗဟုသုတနှင့် လေးစားမှုများကို ဝေမျှလေ့ ရှိကြသည်။{{Sfn|National Park Service}}
 
ထိုဒေသသည် နယူးမက္ကဆီကိုပြည်နယ်၏ ရှေးဟောင်းလမ်းကြောင်း သတ်မှတ်ထားသော ဒေသတွင် တည်ရှိပြီး နယူးမက္ကဆီကို၏ ရှုခင်းလှသော လမ်းကြောင်းတစ်ခု အဖြစ် သတ်မှတ်ထားသည်။<ref name="NM TOA">[http://www.newmexico.org/trail-of-the-ancients/ Trail of the Ancients.] {{webarchive |url=https://web.archive.org/web/20140821002106/http://www.newmexico.org/trail-of-the-ancients/ |date=August 21, 2014 }} New Mexico Tourism Department. Retrieved August 14, 2014.</ref>