သိပ္ပံမောင်ဝ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၉ -
'''သိပ္ပံမောင်ဝ''' (၁၈၉၉- ၁၉၄၂) သည် မြန်မာလူမျိုး စာရေးဆရာတစ်ဦးဖြစ်ပြီး ''[[ခေတ်စမ်းစာပေ]]'' ကို ရှေ့တန်းမှ မား⁠မားမတ်မတ် ရပ်လျက် ပြုစု ပျိုးထောင်ခဲ့သူများတွင် တစ်ဦးဖြစ်သည်။ အမည်ရင်း ဦးစိန်တင်၊ ဘီအေ၊ အိုင်-စီ-အက်စ် ဖြစ်သည်။<ref>{{cite book|title=စာဆိုတော်များ အတ္ထုပ္ပတ္တိ|publisher=ပညာရွှေတောင် စာအုပ်တိုက်|date=ဧပြီ ၂ဝ⁠ဝ၃|edition=ပထမ အကြိမ်}}</ref><ref>{{cite book|title= နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း|author=ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့}}</ref><ref>{{cite book|author=မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ)|author2=ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ်|edition=ပဉ္စမအကြိမ်|date=၁၊ ဩဂုတ်၊ ၂ဝ⁠ဝ၂|publisher=ရာပြည့် စာအုပ်တိုက်}}</ref><ref>{{cite journal|journal=မြဝတီ မဂ္ဂဇင်း|volume=အတွဲ ၅၊ အမှတ် ၆|author=မင်းသုဝဏ်|title=သိပ္ပံမောင်ဝ ခေါ် ဦးစိန်တင် ဘီ-အေ၊ အိုင်-စီ-အက်စ်}}</ref><ref>{{cite book|title=ကဗျာဗန္ဓသာရကျမ်း|page=၅၇}}</ref>
 
== ငယ်ဘဝ =='''အကြောင်း'''
ဦးစိန်တင်သည် [[မော်လမြိုင်မြို့]] မုပွန် နတ်ကျွန်းရပ်တွင် အဖ ဦးအုန်းရွှေ၊ အမိ ဒေါ်သစ်တို့မှ ဖွားမြင်သူ ဖြစ်သည်။ ငယ်စဉ်ကပင် မိခင်ဆုံးသဖြင့် အဖွားနှင့် ကြီးဒေါ်တို့လက်တွင်ကြီးပြင်းခဲ့ရသည်။ ငယ်စဉ်ကပင် မြန်မာစာပေပိဋကတ် ကျမ်းဂန်တို့တွင် များစွာပင် ကျွမ်းကျင် လှပေသော အဘိုးဖြစ်သူ ဦးလူကလေး၏ ပြောကြား ဆုံးမရာ ဝတ္ထု၊ ပုံပြင်၊ ရာဇဝင် အစ ရှိသည်တို့ကို ကောင်းစွာနာယူ ကျက်မှတ်ခဲ့ရသဖြင့် မြန်မာဘက်ဆိုင်ရာ အဖြာဖြာသော ပညာရပ်တို့၌ အခြေအမြစ် ကောင်းစွာ ရရှိခဲ့သူ ဖြစ်လေသည်။ ကျောင်းသား အရွယ်သို့ ရောက်၍ အင်္ဂလိပ်ကျောင်းတွင် နေစဉ်အခါ ကာလ၌လည်း မိမိ၏ ဘကြီးဖြစ်သူ တောင်ဝိုင်းကြီး ရွှေကျင်တိုက်၌ သီတင်းသုံးလျက် ရှိသော ဘုန်းတော်ကြီး ဦးပညာဇောတထံသို့မကြာမကြာ သွားရောက်ကာ ပညာဆည်းပူးခြင်းအားဖြင့်လည်း ဦးစိန်တင်သည် အင်္ဂလိပ်မြန်မာ နှစ်ဘာသာဆိုင်ရာ ဗဟုသုတတို့ကို တိုးတက် မှတ်သား စုဆောင်းရမိသည်။