ချင်းခွေး (ခေါ်) မြန်မာမျိုးရင်းတောင်ပေါ်ခွေး

ပြင်ဆင်ရန်

မြန်မာနိုင်ငံပေါက် မျိုးရင်း ဟုယူဆရသော ခွေးမျိုးဖြစ်သည်။ချင်းခွေး နှင့် ပက်သက်သော သမိုင်းမှာ သုတေသန ပြုရန် လိုအပ်သေးသည်။  

ပေါက်ဖွားရာဒေသ

ပြင်ဆင်ရန်

များသောအားဖြင့် ချင်းလူမျိုးတို့ နေထိုင်ရာ တောင်ပေါ်ဒေသများတွင် အတွေ့များ သည်။ မျိုးရိုးထိမ်းသိမ်း သူ တို့ကြောင့် ယခု အခါ မြန်မာနိုင်ငံ အနှံ့အပြားတွင်တွေ့ရသည်။

အခြားအမည်များ

ပြင်ဆင်ရန်

ချင်းခွေး ဟု ခေါ်သည် ကို မနှစ်မြို့သူများရှိသဖြင့် ချင်းတောင်ပေါ်ခွေး၊ ချင်းပြည်နယ်အမွှေးပွခွေး၊ Burmese Spitz Dog စသဖြင့် ခေါ် ဝေါ် ကြသည်။

တရားသေ သတ်မှတ် ထားသော Breed Standard  မပေါ် ထွန်းသေးသော်လည်း စနစ်ကျသော breed standard တစ်ခုမှာ Burmese Spitz Dog Club မှ breed standard ဖြစ်သည်။

Burmese Spitz Dog Club မှ သတ်မှတ်ချက်များ

ပြင်ဆင်ရန်
  • နားရွက်              - တြိဂံ ပုံစံ ထောင်ရမည်
  • မျက်စိ                - အညိုရင့်ရောင်
  • နှုတ်ခမ်း            - အနက်ရောင်
  • သွားဖုံး               - အနက်ရောင် (ပိုကောင်း)
  • အရပ် (အထီး)   -50cm နှင့် 60 cm ကြာ
  • အရပ် (အမ)      -45cm နှင့်  55 cm ကြားပေါ
  • အလေးချိန် (အထီး)- 15 kg နှင့် 25 kg ကြား
  • အ​လေးချိန် (အမ)   - 13 kg နှင့် 23kg ကြား
  • သက်တမ်း              -၁၀ နှစ်မှ ၁၅နှစ်
  • သွား                       -၄၂ ချောင်း။ ၃ လကျော် မှ ငယ် သွားလဲမည်။
  • အမြှီး                     - ဘေးတင်ပါးပေါ် ခွေကျနေမည်။နောက်ပြန်မဝိုက်ရ။
  • လျှာ။                     - အနက်ရောင် အစက်အပြောက်များပါတတ်သည်။
  • အမွှေး။                  - ဂုတ်မွှေးပေါင်မွှေး အမြှိးမွေး များသည် ကျန်နေရာများထက် ပိုရှည်ရမည် ။အသက် ၄ လ မှ၁၂ လ အတွင်း အမွှေး ၂ ခါလဲသည်။
  • ခြေထောက်           - ခြေပွါးပါတတ်သည် ။ နောက်ခြေတွင် ၂ ချောင်း သို့ ၄ ချောင်းပါတတ်သည်။
  • အရောင်                - အဖြူ ၊အမဲ၊ ဖြူညို၊ဖြူဝါ၊ အညိုဖျော့ ၊အညိုရင့် ၊ ဆင်စွယ် ၊ချောကလပ်၊ သုံးရောင်ခြယ် ၊Tan၊ Brindle ၊ မျက်နှာမည်း နှင့် အရောင်အသွေး စုံလင်စွာရှိသည်။
သားပေါက်ခြင်း
ပြင်ဆင်ရန်

၆ လမှ ၁၂ လ အတွင်း သားတောင်း၍  ၁ နှစ်လျှင် (၂ )သား ပေါက် တတ်သည်။ သားပေါက်နှုန်း တစ်ကောင်မှ ဆယ်ကောင် အတွင်းရှိသည်။

အမူအကျင့်          
ပြင်ဆင်ရန်

အရာဝတ္တုများ အား ကိုက်ဆော့ကစားတတ်သည်။ ခြံဝင်းနှင့်မွေးရန် သင့်လျော်သည်။ သခင်အား အလွန် ချစ်မြတ်နိုး သည်။ ကလေးများနှင့် သင့်လျော်သည်။

ချင်းခွေးများသည် အေးသော တောင်ပေါ်ဒေသတွင် အဓိက ပေါက်ဖွားသော်လည်း မြန်မာနိုင်ငံ အရပ်ရပ် အပူပိုင်းဒေသများတွင် ပါ မွေးမြူ၍ ဖြစ်သည်ကို တွေ့ရသည်။ဉာဏ်ရည် မြင့်မား၍ လူဖြစ်စေ ခွေးချင်းဖြစ်စေအလွယ်တကူ မဟောင်မကိုက် သောခွေးမျိုးဖြစ်သည်။