သိန်းစိန် (နိုင်ငံတော်သမ္မတ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့: အလွတ်ဖြစ်နေသော ကိုးကားချက်များကို မထပ်နေစေရန် ကိုးကားအမည်များ ထည့်ခြင်း။ FAQ ကိုကြည့်ပါ။
စာကြောင်း ၇၈ -
 
၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် တိုးမြှင့်ခန့်အပ်ခြင်းခံပြီး<ref name="mpo"/> နိုင်ငံတော်ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း ကျန်းမာရေး ချို့ယွင်းလာသည့်အတွက် ယင်းနှစ် ဧပြီလတွင် ယာယီဝန်ကြီးချုပ် ဖြစ်လာပြီး ထိုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် တရားဝင် နိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၂ဝဝ၈-ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ခံ ပြည်သူများထံ သွားရောက်ခဲ့သည့် အစိုးရအရာရှိများထဲတွင် ပထမဆုံးဖြစ်သည်။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသား သဘာဝဘေး ကာကွယ်တားဆီးရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌ တာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်အဆင့် အခြား လုပ်ငန်းကိစ္စအဝ၀တွင်လည်း အစိုးရအဖွဲ့ကို ဦးစီးကွပ်ကဲခဲ့ရှိသည်။။ ၂ဝ၁ဝ-ခုနှစ်၊ ဧပြီလ(၂၄) ရက်နေ့တွင် ရွေးကောက်ပွဲဝင်ရန်အတွက် စစ်ဖက်ရာထူး ဗိုလ်ချုပ်ကြီး အဖြစ်မှ နုတ်ထွက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့လေသည်။ ထို့နောက် ၂ဝ၁ဝ-ခုနှစ်၊ နိုဝင်ဘာလ၌ ကျင်းပသည့် ရွေးကောက်ပွဲတွင် ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲအများစုဖြင့် အနိုင်ရရှိပြီးနောက် သမ္မတဖြစ်လာ သည်။
 
ဦးသိန်းစိန်သည် စီးပွားရေး နာမည်ပျက်ကင်းပြီး နိုင်ငံတကာ အတွေ့အကြုံလည်းရှိသူဖြစ်သည်။ ဦးသိန်းစိန်သည် စာဖတ်အားကောင်းပြီး ဆုံးဖြတ်ချက်ချရာမှာ မှန်ကန်မှု၊ မြန်ဆန်မှု ရှိသည်။ သဘောထား ပျော့ပျောင်းပြီး အားလုံးကို ချစ်ခင် ကြင်နာမှုရှိသည့် ပုဂ္ဂိုလ်ဖြစ်သည်။ ဦးသိန်းစိန်သည် ဇဗ္ဗူသီရိမြို့နယ်မှနေ၍ ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။
ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်များနှင့် NCA အပစ်ရပ်စာချုပ်ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သော သမ္မတတစ်ဦးဖြစ်သည်။
 
== နိုင်ငံရေး ==